ကျုံပျော်မြို့
Would you like to react to this message? Create an account in a few clicks or log in to continue.
ကျုံပျော်မြို့
ကျုံပျော်သူ / ကျုံပျော်သားတို့ဆုံဆည်းရာ
စာပေမြတ်နိုးသည့် ရွက်နုသစ်တို့အတွက် ကျုံပျော်မြို့နယ် စာရေးဆရာအသင်းမှ စာပေ၀ါသနာရှင် "ရွက်နုသစ်"တို့အတွက် မဂ္ဂဇင်း ထုတ်ဝေပါမည်
2 posters
    ပြည်တွင်း အမှုအခင်း သတင်းများ
    avatar
    Kir@
    Admin
    Admin
    Posts : 14
    Join date : 2012-08-16
    ပြည်တွင်း အမှုအခင်း သတင်းများ Empty ပြည်တွင်း အမှုအခင်း သတင်းများ
    Post  Kir@ Sat Aug 18, 2012 8:41 am
    မှုခင်းသတင်းတွေ တင်ပေးရန်အတွက်ပါ
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:21 am
    ဟဂ်ျ ဘုရားဖူး ခွဲတမ်းကိစ္စမကျေနပ်၍ သာသနာရေး ဦးစီးဋ္ဌာနရှေ့ဆန္ဒပြ
    [You must be registered and logged in to see this image.]
    သာသနာရေး ဦးစီးဋ္ဌာနက ဟဂ်ျလုပ်ငန်း ၁၀ ဦးကော်မတီဟု ခေါ်ဝေါ်သည့် ကုမ္ပဏီ ၁၀ ခုကိုသာ နှစ်စဉ် လုပ်ပိုင်ခွင့် ပေးသည့်အပေါ် မကျေနပ်သဖြင့် သာသနာရေး ပြည်ထောင်စု ၀န်ကြီးအား အစ္စလာမ်ဘာသာဝင်အချို့ က ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။ ဟဂ်ျ ဘုရားဖူး ခရီးစဉ်အတွက် ဆော်ဒီ ဗီဇာရယူခွင့်ကို မြန်မာနိုင်ငံ သာသနာရေး ဦးစီးဋ္ဌာနက အသိအမှတ်ပြုထားသည့် ၁၀ ဦးကော်မတီကသာ ရယူပေးခွင့်ရှိပြီး ယင်းသို့ဗီဇာ ရယူပေးခြင်း အတွက် ငွေကြေးပေးနေရခြင်းနှင့် ဘုရားဖူးများ ဗီဇာမရသည့် အခက်အခဲ ကြုံတွေ့နေရသည်ဟု ဆန္ဒထုတ်ဖေါ်သူများ ပြောသည်။ ထို့ကြောင့် ယင်းဗီဇာရယူခွင့်ကို ၁၀ ဦးကော်မတီ လက်ထဲမှ အစ္စလာမ်သာသနာရေး ခေါင်းဆောင်များ လက်သို့ လွှဲပြောင်းပေးရန် ယနေ့ နေ့လည်ပိုင်းက ကမ္ဘာအေး သာသနာရေး ဦးစီးဋ္ဌာနတွင် သွားရောက်ညှိနှိုင်းသော်လည်း အဆင်မပြေဖြစ်ရာမှ ယခုကဲ့သို့ ဆန္ဒထုတ်ဖေါ်ကြခြင်း ဖြစ်သည်။
    "အလကားရတဲ့ ဗီဇာကို ဒေါ်လာ ၆၀၀ ကနေ ၁၀၀၀ ထိ ဈေးပေါက်နေတာကြောင့် ဆန္ဒပြတာ သမ္မတဆီလည်း စာတင်မယ်၊ ဘာသာရေးကိစ္စကို စီးပွားရေး မစွက်ဖက်စေချင်ဘူး "ဟု ဆန္ဒထုတ်ဖေါ်သူထဲမှ တဦးဖြစ်သူ ကိုဇော်မင်းက ပြောသည်။ ဆန္ဒထုတ်ဖေါ်သူ ၅ဦး ၆ ဦးခန့်သာရှိကာ ဆန္ဒထုတ်ဖေါ်မှု ဖြစ်ပွားသည့်နှင့် သာသနာရေး ဦးစီးဋ္ဌာန ရုံးဝင်း တံခါးကို ပိတ်လိုက်သည်ကို တွေ့ရသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များ မတွေ့ရပဲ နောက်ပိုင်းမှ သာရောက်ရှိလာခဲ့သည်။ နှစ်စဉ် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့သို့ ဟဂ်ျဘုရားဖူး သွားရောက်ချိန်တွင် ဗီဇာရယူခွင့်ကို ကုမ္ပဏီ ၁၀ ခုကသာ လုပ်ပိုင်ခွင့်ရနေသဖြင့် ဗီဇာတစောင်အတွက် ဒေါ်လာ ၆၀၀ မှ ၁၀၀၀ ထိ ငွေပေးကြရသည်ဟု ကိုဇော်မင်းက ပြောသည်။ Neutral Neutral
    YPI
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:22 am
    UNHCR ရုံးရှေ့  သမ္မတထောက်ခံဆန္ဒထုတ်ဖော်သူ လေးဦးတရားစွဲခံရ
    သြဂုတ်လ ၃ ရက်နေ့က UNHCR ရုံးရှေ့  ရခိုင်အရေး သမ္မတဦးသိန်းစိန် မိန့်ခွန်းအား ထောက်ခံဆန္ဒပြပွဲပြုလုပ်ခဲ့သည့် လူငယ် လေးဦးအား ယနေ့စမ်းချောင်းရဲစခန်းမှ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ကြောင်းသိရသည်။
    အဆိုပါလူငယ်လေးဦးသည် ဆန္ဒထုတ်ဖ်ာပြသရန် မြို့နယ်ရဲစခန်းနှင့်တိုင်းရုံးသို့ ခွင့်ပြုမိန့်လျောက်ထားခဲ့ရာတွင် ပဲချခံခဲ့ရသည်။ သို့သော် ကင်တားနားရောက်ရှိချိန်အတွင်း ဆန္ဒဖော်ထုတ်လိုသည့်အတွက် ဆန္ဒပြသခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
    Popular Myanmar News
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:24 am
    မန္တလေး၊ အောင်မြေသာဇံ မြို့နယ်တွင် ဗုံးပေါက်
    [You must be registered and logged in to see this image.]
    ယနေ့နံနက် ရှစ်နာရီခွဲ အချိန်က မန္တလေးမြို့ အောင်မြေသာဇံ ရပ်ကွက် တွင် အမှိုက်များကို ကောက်ယူ၍ ရွေးချယ်နေသည့် ဦးသောင်းစိန်၊ ဒေါ်စန်းမြင့် နေအိမ်အနီး တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မန္တလေး ဒေသ အာဏာပိုင်များထံမှ သိရှိရသည်။
    လွန်ခဲ့သော လအနည်းငယ်က စွန့်ပစ်ထားသည့် လက်လုပ်ဗုံးဟု ယူဆရသည့် အရာဝတ္ထု တစ်ခုကို ဒေါ်စန်းမြင့်မှ ဒါးဖြင့် ရိုက်ခွာစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ မှတ်တမ်းများတွင် ဖော်ပြထားသည်။
    ယင်းပေါက်ကွဲမှုကြောင့် အနီးရှိ ခိုင်မင်းထက် (ခ) ကုလား(၂၈ နှစ်) သံချည်သံကွေး လုပ်ကိုင်သူနှင့် တစ်ပေခန့် အကွာတွင် တီဗွီကြည့်သူ မိုးအောင်သူ (ခ) ဘောကြီး (၃ နှစ်အရွယ် ကလေးငယ်)တို့ ပေါက်ပြဲ ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာ ရရှိသူများမှာ စိုးရိမ်ဖွယ်ရာ မရှိကြောင်း The Voice Weekly သတင်းထောက်မှ သတင်းပေးပို့သည်။
    The Voice Weekly
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:24 am
    အင်းသူကြီး၏ မတရားအနိုင်ကျင့်မှုကြောင့် အင်းတံငါများ စားဝတ်နေရေး ဒုက္ခတွေ့
    By Hot News Weekly Journal 13 August, 2012 - 14:08
    ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူနယ်အတွင်း အင်းသူကြီးတစ်ဦး၏ မတရားအနိုင်ကျင့်နေမှုကြောင့် ဆင်းရဲနွမ်းပါးသော အင်းတံငါများ အနေဖြင့် မိသားစုစားဝတ်နေရေး အခက်တွေ့လျက်ရှိသည့်အပြင် ယင်းသို့ မတရား အနိုင်ကျင့်ခံရခြင်းနှင့် ပတ်သက်၍ အင်းသူကြီး ဖြစ်သူက အကုန်လုံးကို ပိုင်တယ်။ ကြိုက်တဲ့နေရာသွားတိုင် ဟူသော ဥပဒေမဲ့စကားကြောင့် မည်သည့်အာဏာပိုင် အဖွဲ့အစည်းကိုမှ တင်ပြတိုင်ကြားနိုင်ခြင်း မရှိကြောင်း ရွာသူ/သား များ၏ ပြောကြားချက်အရ စုံစမ်းသိရှိရသည်။
    "ကျွန်တော်တို့အနေနဲ့ လက်ဆွဲချောင်းကျေးရွာနားက အင်းတွေကို အမှီပြုပြီး စီးပွားရှာရပ်တည်နေရတာပါ။ ဒါပေမယ့် အင်းသူကြီးနဲ့ သူ့ရဲ့တပည့်တွေက ကျွန်တော်တို့လို နွမ်းပါးတဲ့ တံငါတွေကို အရမ်းအနိုင်ကျင့်တယ်။ အင်းထဲမှာ ကျွန်တော်တို့ထောင်ထားတဲ့ ပိုက်တွေဆိုလည်း သူတို့က မတရား သိမ်းသိမ်းသွားတယ်။ ပြီးတော့ ချက်ပြုတ်ဖို့ရယ်၊ ရေချိုးဖို့နဲ့ အင်းထဲဆင်းပြီးရေခပ်တဲ့ ကလေးတွေကိုလည်း အဲဒီအင်းတံငါတွေက လေးခွတွေနဲ့ ပစ်တာ။ အမှန်တော့ ကျွန်တော်တို့လို နွမ်းပါးတဲ့ ရွာသူရွာသားတွေအနေနဲ့ စားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင်ပဲ အင်းထဲမှာ ငါးဖမ်းကြတာပါ။ ပြီးတော့ လုပ်ပိုင်ခွင့်ရထားတဲ့ အင်းသူကြီးတွေဆို တာဝန်ရှိသူတွေက တားမြစ်ထားတဲ့ ငါးသန်တွေကအစ ဖမ်းဆီးပြီး ကိုယ်ကျိုးအတွက် ရောင်းချနေပါတယ်" ဟု လက်ဆွဲချောင်းကျေးရွာအုပ်စု ရွာရပ်မိရပ်ဖ ဦးသူဌေးက ပြောကြားသွားခဲ့သည်။
    @ Hot News Weekly Journa
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:26 am
    [You must be registered and logged in to see this image.]
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:27 am
    အဓမ္မရွှေ့ပြောင်းခံရသည့် ရွှေပြည်သာစက်မှုဇုန် လုပ်သားများ ဆန္ဒပြ
    ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန်ထဲမှာ နေထိုင်တဲ့ အလုပ်သမားတွေကို နေရာကနေ ရွှေ့ပြောင်းပေးဖို့ အိုးအိမ်စီမံခန့်ခွဲရေးဌာနက အတင်းအကျပ်ဖိအားပေးနေတဲ့အတွက် ဒီနေ့မနက်မှာ အလုပ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။
    လစာဝင်ငွေနည်းပါးတဲ့ နေ့စားအလုပ်သမား မိသားစုတွေဟာ ရွှေပြည်သာမြို့နယ် အိုကေကြာဆံ စက်ရုံရှေ့မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က တဲထိုးနေထိုင်လာတာပါ။
    အခုအခါ အဲဒီမြေပေါ်မှာ စက်ရုံတည်ဆောက်ဖို့အတွက် အလုပ်သမားအိမ်ခြေ ၁၀၀ ခန့်ကို ဖယ်ပေးဖို့ အိုးအိမ်စီမံခန့်ခွဲရေးရုံးနဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့တွေက ဒီနှစ် ဖေဖော်ဝါရီမှာ အကြောင်းကြားခဲ့တာဖြစ်ပါ တယ်။
    သူတို့က တကယ့်မြေပိုင်ရှင်နဲ့တွေ့ခွင့်ရဖို့ တောင်းဆိုပြီး အခက်အခဲတွေကို ကိုယ်တိုင်တင်ပြ ညှိနှိုင်းလိုတဲ့အတွက် ဆန္ဒထုတ်ဖော်ကြတာလို့ ဆိုပါတယ်။
    နေ့စားအလုပ်သမား အများစုပါဝင်တဲ့ ပြည်သူ ၁၀၀ ကျော်ဟာ ဆုံရပ်ကနေ ရွှေပြည်သာစက်မှုဇုန် စီမံခန့်ခွဲရေးရုံးရှေ့ထိ ၃ ယောက်တတန်း စီတန်းလှည့်လှည်လာပြီး ဒီနေ့မနက် ၁၀ နာရီကျော်ကနေ ၁၁ နာရီကျော်ထိ ဆန္ဒပြခဲ့တယ်လို့ ပါဝင်သူတဦးက ပြောပါတယ်။
    “စက်ရုံဆောက်တဲ့ စက်မှုဇုန်နေရာတွေကို သိမ်းတယ်ဆိုပြီး၊ သူတို့ကချက်ချင်း အားချင်းဖယ်ခိုင်းတာ။ မဖယ်ရင် ဒီနေ့ အဲ့နေရာကို သဲတွေသွင်းမယ်ဆိုပြီး ခြိမ်းခြောက်တာ။ ရဲခေါ်ပြီး ကျန်ခဲ့တဲ့သူတွေကို ဖမ်းမယ်ဆိုပြီးလုပ်တာ။ ဒီလူတွေက နေစရာမရှိဘူး။ ဒီနေရာမှာ ကျောင်းတွေတက်နေတဲ့ ကလေးတွေနဲ့ ထွက်သွားဖို့ကျတော့ အဆင်မပြေဘူးလေ။ ပြီးတော့ ငွေ ၁ သိန်းနဲ့ ဘယ်နေရာမှာ သွားရှာမလဲ။”
    သူတို့ဟာ အဲဒီမြေပေါ်မှာ နေထိုင်ဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့တွေထံ ကျပ်ငွေ ၂ သောင်းခွဲပေးနေတာဖြစ်ပြီး ချက်ချင်းလက်ငင်းကြီး ဒီနေရာကနေ ထွက်ခွာဖို့ဆိုတာဟာ မိုးတွင်းကာလကြီးမှာ အလွယ်တကူ မဖြစ်နိုင်တဲ့အတွက် မြေပိုင်ရှင်နဲ့ တွေ့ဆုံ မေတ္တာရပ်ခံချင်ကြတာဖြစ်ပါတယ်။
    အိုးအိမ်က သူတို့တွေကို ပြောင်းရွှေ့စရိတ် တအိမ်ကို ကျပ်ငွေ ၁ သိန်းပေး ပြောင်းရွှေ့ခိုင်းရာမှာ တချို့ တကိုယ်ရေတကာယသမားတွေ ပြောင်းသွားကြပေမယ့် မိသားစုနဲ့ နေထိုင်သူတွေအတွက် အဆင်မပြေတာကြောင့် သူတို့ကို နေရာတခု ချထားပေးစေချင်တယ်လို့ အလုပ်သမား ခေါင်းဆောင်တဦးက ပြောပါတယ်။ ဒီကိစ္စကို ကူညီဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံတင်ပြပေမယ့် အကူအညီ မရသေးဘူးလို့ ဆိုပါတယ်။ tongue tongue
    @DVB
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:28 am
    ဆန္ဒပြ လမ်းဘေးဈေးသည် ၁၁ ဦး စတင်စစ်ဆေး
    ရန်ကုန်မြို့ အင်းစိန်ပန်းခြံအနီးမှာ ဆက်လက် ဈေးရောင်းချခွင့်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ လမ်းဘေး ဈေးသည် (၁၁) ဦးကို တရားမ၀င် စုရုံးမှု ပုဒ်မ ၁၈ (က) နဲ့ တရားစွဲဆိုပြီး အင်းစိန်မြို့နယ် တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးတယ်လို့ သိရပါတယ်။
    အဲဒီ ဈေးသည် ၁၁ ဦးကို စစ်ဆေးပြီးတဲ့နောက် ကိုယ်ပိုင် ခံဝန်ချက်ပေးပြီး နောက်တစ်ပတ် အင်္ဂါနေ့ကို ရုံးချိန်းထပ်မံ သတ်မှတ်လိုက်တယ်လို့ ဈေးသည်တွေရဲ့ ရှေ့နေ ဦးအောင်သူရိန်ထွန်းက RFA ကို ပြောပါတယ်။
    ဈေးရောင်းချခွင့် ပြန်လည်ရရှိဖို့ သြဂုတ်လ ၆ ရက်နေ့က တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ လမ်းဘေးဈေးသည်တွေကို ရဲဘက်က အဲဒီနေ့ ညနေ ၃ နာရီမှာ ဖမ်းဆီး ခေါ်ဆောင်သွားပေမယ့် အဲဒီနေ့ ညပိုင်းမှာပဲ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
    အင်းစိန်ပန်းခြံအနီး ဒက္ခိဏလမ်းမှာ လွန်ခဲ့တဲ့နှစ် (၂၀) လောက်ကတည်းက ဈေးရောင်းချလာခဲ့တဲ့ ဈေးသည် တစ်ရာကျော်ကို အဲဒီနေရာမှာ လုံးဝ ဈေးမရောင်းတော့ဖို့ သြဂုတ်လ ၃ ရက်နေ့စလို့ အာဏာပိုင်တွေက ပိတ်ပင်လိုက်တဲ့ အတွက်ကြောင့် ဈေးသည်တွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ alien alien
    @RFA
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:29 am
    ပုံစံတူ လူသတ်မှုကြောင့် ကျောက်ပန်းတောင်း ဒေသခံများ ထိတ်လန့်
    မန္တလေးတိုင်း မြင်းခြံ ခရိုင် ကျောက်ပန်းတောင်း မြို့နယ် ထဲမှ ကျေးရွာ ၂ ရွာတွင် အမျိုးသမီး ၂ ဦး ပုံစံတူ သတ်ဖြတ် ခံခဲ့ရပြီးနောက် ကျောက်ပန်းတောင်း မြို့ပေါ်နှင့် ဒေသတွင်း ကျေးရွာနြေ ပည်သူများ စိုးရိမ်ထိတ်လန့် နေကြကြောင်း သတင်းရရှိသည်။
    ကျောက်ပန်းတောင်မြို့၏ တောင်ဘက် ၆ မိုင်ခန့်အကွာ၌ ရှိသော ကြောင်ဒူး ကျေးရွာသူ အသက် ၆၉ နှစ်အရွယ် ဒေါ်သောင်း ဆိုသူနှင့် ယင်းကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ရေထွက် ကျေးရွာတွင် အသက် ၅၆ နှစ်အရွယ် အမျိုးသမီး တဦးတို့သည် စိတ်မူမမှန်သူ တဦး၏ သတ်ဖြတ်ခံမှုမျိုးဖြင့် ပုံစံတူ သတ်ဖြတ် ခံခဲ့ရကြောင်း ယင်းအမှုများကို ကိုင်တွယ် ဆောင်ရွက်နေသော ရဲအရာရှိ များက ပြောသည်။
    ယင်းသတင်းများ ဒေသတွင်း ကျေးရွာများနှင့် ကျောက်ပန်းတောင်းမြို့ပေါ်သို့ ပျံ့နှံ့ခဲ့ပြီးနောက် ဒေသခံများက လုံခြုံရေးအရ စိုးရိမ်နေကြကြောင်း သိရသည်။
    “နှစ်ယောက်စလုံး အသတ်ခံရတာကတော့ ပုံစံတူတာပေါ့၊ အသက်ကြီး အမျိုးသမီးတွေ ချည်းပဲ။ အဓမ္မ ပြုကျင့်တာမျိုးလည်း မရှိဘူး၊ ရွှေငွေ လုတာမျိုးလည်း မဟုတ်ဘူး။ ပါးစပ်ထဲကို သစ်ရွက်တွေ ထိုးထည့်၊ မျက်နှာကို အဝတ်နဲ့ စည်းပြီးတော့ လည်မျိုကိုညှစ်ထားတာ” ဟု ကြောင်ဒူး ကျေးရွာအမှုကို အဓိက ကိုင်တွယ် ဆောင်ရွက်နေသော ဒေသဆိုင်ရာ ပွေးကျစ်
    ရဲစခန်းမှ ရဲအရာရှိတဦးက ပြောသည်။
    သေဆုံးသူ နှစ်ဦးအနက် ကြောင်ဒူး ရွာသူ ဒေါ်သောင်း၏ ရုပ်အလောင်းအား ဆေးစစ်ပြီး ဆေးစာပြန်ကြားချက်အရ ဓမ္မတာ အတိုင်း မဟုတ်သဖြင့် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ထားကြောင်း၊ တရားခံအား စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ ထိုလူသတ်မှု ၂ ခု တွင် တရားခံ တဦးတည်း ဖြစ်နိုင်ကြောင်း၊ သတ်ဖြတ်ထားမှု များသည် စိတ်မူမမှန်သူဟု ယူဆရကြောင်း သူက ဆက် ပြောသည်။
    ဒေါ်သောင်းမှာ ဇူလိုင် လလယ်ပိုင်းက အသတ်ခံခဲ့ရခြင်း ဖြစ်ပြီး ရေထွက်ရွာသူ အသတ်ခံရမှုမှာ ဇွန်လ တကည်းက ဖြစ်ကြောင်း၊ ယင်းအမှု ဖြစ်စဉ်များမှ လူသတ်တရားခံအား ဖမ်းဆီးရမိရေးအတွက် ကျောက်ပန်းတောင်း မြို့နယ် ရဲစခန်းမှ အဓိက ညွှန်ကြားထားကြောင်း ယင်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိ တဦးက ရှင်းပြသည်။
    “အမှုနှစ်ခုစလုံးက ဆင်တူနေတယ်။ တရားခံကတော့ ကျနော်တို့ စုံစမ်းနေဆဲပါပဲ၊ အမှုဖြစ်စဉ် အသေးစိပ်ကိုတော့ ဒီအမှုတွေကို ကိုင်တွယ်တဲ့ စုံစမ်း ဖော်ထုတ်ရေး အရာရှိတွေပဲ သေချာသိပါလိမ့်မယ်” ဟု ကျောက်ပန်းတောင်း မြို့နယ် ရဲအရာရှိက ဧရာဝတီသို့ ပြောသည်။
    ကြောင်ဒူးကျေးရွာသူ ဒေါ်သောင်းသည် ဇူလိုင်လ ၁၅ ရက်နေ့က တောထဲတွင် မန်ကျည်းသီးစိမ်း သွားခူးရာမှ ပျောက်ဆုံး နေခဲ့ပြီး ၅ ရက်အကြာတွင် ရွာသို့ အပြန်လမ်းအနီး နဘူးခြုံထဲ၌ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ကြောင်ဒူး ကျေးရွာ ဥက္ကဋ္ဌ ဦးမြင့်ကိုက ပြောသည်။
    “မနက်ပိုင်း မန်ကျည်းသီးခူး ထွက်သွားတယ်၊ ပြန်မလာဘူး။ မိုးချုပ်တော့ ရွာသူရွာသားတွေ လိုက်ရှာတာ မတွေ့ဘူး။ အလောင်းက အပုပ်နံ့ထွက်မှ ခြုံထဲမှာ သွားတွေ့တာ၊ ပုဆိုးနဲ့ မျက်နှာ စည်းထားတယ်။ ပါးစပ်ထဲကို သစ်ရွက်တွေ ထည့်ထားတယ်၊ လက်ပြန် ကြိုးတုပ်ထားတယ်” ဟု ဦးမြင့်ကိုက ဧရာဝတီသို့ ပြောသည်။
    ဒေါ်သောင်းသည် ကျေးရွာတွင်း ရန်ငြိုးရန်စများ မရှိကြောင်း၊ ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ပွေးကျစ် ရဲစခန်း၏ ညွှန်ကြား ချက်ဖြင့် ကြောင်ဒူး ကျေးရွာအပါအဝင် ဒေသတွင်း ကျေးရွာများကို မသင်္ကာဖွယ်ရာ လူစိမ်းတွေ့ပါက သက်ဆိုင်ရာသို့
    အကြောင်းကြားရန်နှင့် ရွာသူ၊ ရွာသားများအနေဖြင့် တောင်ယာ သွားခြင်း၊ ခရီးထွက်ခြင်းများကို အဖော်ဖြင့် သွားရန် လှုံ့ဆော်ထားကြောင်း ရဲနှင့် ကျေးရွာ ဥက္ကဋ္ဌတို့က ဆိုသည်။
    “ဖြစ်သွားတဲ့ ဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ဖြစ်တာများတာကိုး။ အမျိုးသမီးတွေဆိုရင် တယောက်တည်း အပြင်မသွားဖို့၊ အဖော် ခေါ်သွားဖို့၊ သတိဆိုတာ ပိုတယ်လို့မရှိဘူး၊ လုံခြုံရေးအတွက်တော့ ကျနော်တို့က ကျေးရွာတွေကို အမြဲတန်းတော့ ချမထား ပေးနိုင်ဘူးပေါ့၊ လှည့်ကင်းသဘောမျိုးနဲ့ တရွာမှာ တညအိပ်ပုံစံမျိုးနဲ့ပဲ ထားပေးတယ်” ဟု ပွေးကျစ် ရဲအရာရှိက ပြောသည်။
    ထိုဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် ကြောင်ဒူးကျေးရွာနှင့် ရေထွက်ကျေးရွာ အပါအဝင် ဒေသတွင်းရှိ ကျေးရွာများတွင် ယာထဲဆင်း အလုပ်လုပ်ကိုင်ခြင်းနှင့် အကြောင်း အမျိုးမျိုးကြောင့် ရွာအပြင်ထွက်ခြင်း စသည်တို့ကို တဦးတည်း သွားလာခြင်း မရှိကြောင်း ကြောင်ဒူး ကျေးရွာ ဥက္ကဋ္ဌ ဦးမြင့်ကိုက ဆိုသည်။
    “သွားရေးလာရေးတော့ စိုးရိမ်နေကြတာပေါ့။ ခါတိုင်းလို တယောက်တည်း သွားလို့တော့ မရဘူးပေါ့။ တယောက်တည်း သွားရမယ့် အလုပ်ကို နှစ်ယောက်လောက် သွားနေရတာမျိုးတော့ ရှိတာပေါ့။ မြန်မြန်မိရင်တော့ ကျနော်တို့လည်း ဝမ်းသာတယ်” ဟု သူက ပြောသည်။
    ကြောင်ဒူးကျေးရွာခံများ အနေဖြင့် ကြောက်စိတ် လွှမ်းမိုးနေကြောင်း၊ ရွာပြင်တွင် လူစိမ်းတွေ့သည် ဆိုသည့် ကောလာဟလ သတင်းများကြောင့် မကြာခဏ ရွာသားများ စုဖွဲ့၍ တောနင်း ရှာဖွေခြင်းများ ပြုလုပ်နေကြကြောင်း ၎င်းက ဆိုသည်။
    ကြောင်ဒူးရွာသူ တဦးကလည်း “ဒီရွာက တောင်ရိုး လုပ်ကိုင်စားကြတာ။ ခုတောင်ရိုးလည်း မျှစ်ချိုး မသွားရဲဘူး၊ ဆူးပုပ်ရွက်ခူး၊
    ထင်းခွေလည်း မသွားရဲ၊ ယာထွန်သွားတာတောင် ရွာနဲ့ဝေးရင် အဖော်တွေနဲ့ သွားကြတာ။ အခုနှမ်းပေါ်ချိန် နှမ်းထောင် စောင့်တောင် ဘယ်သူမှလည်း မသွားဘူး၊ ဘယ်သူမှလည်း လာမခိုးရဲဘူး အဲဒီလိုဖြစ်နေတာ” ဟု ပြောသည်။
    ယင်းဖြစ်ရပ် သတင်းသည် ထိုကျေးရွာများမှ တဆင့် ကျောက်ပန်းတောင်း မြို့ပေါ်တွင်လည်း ပျံ့နှံ့လျက်ရှိပြီး မြို့စွန်ရပ်ကွက် များတွင် နေထိုင်သူများက စိုးရိမ်နေကြကြောင်း မြို့ပေါ်ရဲစခန်းနှင့် မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
    ဧရာဝတီ
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:30 am
    ရသေ့တောင်မှာ ကင်းစခန်းကို ဝင်ရောက်ပစ်ခတ်
    ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာနဲ့ တစ်မိုင်လောက် အကွာမှာရှိတဲ့ ပြင်ချောင်း ချောင်းထဲကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံ လွှင့်ထူကာ စက်လှေနှစ်စီး ဝင်ရောက်လာပြီး ကုလားချောင်းကျေးရွာ ကင်းအဖွဲ့ကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကုလားချောင်း ရွာခံတစ်ဦးက RFA ကိုပြောပါတယ်။
    ပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။ အဲဒီစက်လှေနှစ်စီးထဲက တစ်စီးဟာ မနက် ၂ နာရီမှာ ခုတ်မောင်း ထွက်ပြေးသွားခဲ့ပြီး ကျန်စက်လှေတစ်စီးပေါ်က လူတွေကတော့ ကုန်းပေါ် ထွက်ပြေးတိမ်းရှောင် သွားကြတဲ့အတွက် အဲဒီစက်လှေကို ကုလားချောင်း ကျေးရွာသားတွေက ဒီကနေ့ မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးထံ သွားရောက် အပ်နှံခဲ့ကြတယ်လို့ သိရပါတယ်။
    ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်နယ်လောင်းချောင်း ရဲစခန်းမှူး ဦးဝင်းသန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့ပါတယ်။
    ဖမ်းဆီးရမိတဲ့ စက်လှေတစ်စီးပေါ်မှာ မော်လဝီ ဦးထုတ်တစ်လုံးနဲ့ ဘင်္ဂလားဒေ့ရှ် ဘာသာနဲ့ ရေးသားထားတဲ့ ဒိုင်ယာရီစာအုပ် ၁ အုပ်၊ စက်လှေလိုင်စင်လို့ ယူဆရတဲ့ စာအိတ် ၁ အိတ်တို့ကို အာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။
    @RFA
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:30 am
    မူးယစ်ဆေးဝါး သယ်ဆောင်လာသူ အရေးယူ
    ရှမ်းပြည်နယ် မူဆယ်ရဲစခန်းမှ ဒုတိယရဲအုပ် ဆန်းဝင်းနိုင် ဦးစီးတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ သြဂုတ် ၁၂ ရက် ညနေ ၄ နာရီခွဲက မူဆယ်မြို့ စွမ်စော်ရပ်ကွက် လယ်ကွင်းအတွင်း မသင်္ကာဖွယ်တွေ့ရှိသူ ကျော်သန်း(ခ) အိုက်ရီလမ်း ၃၃ နှစ် (ဘ) ဦးအိုက်လုံ မူဆယ်မြို့နေသူအား ခေါ်ယူစစ်ဆေးရာ ၎င်းလွယ်ထားသော ဂျင်းလွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၄၂ ပြား၊ ဘိန်းဖြူ သုည ဒသမ ဝ၆ ဂရမ်နှင့် မူးယစ်ဆေးဝါးရောင်းရငွေကျပ် ၉ဝဝဝ တို့ကို ရှာဖွေတွေ့ရှိသဖြင့် ကျော်သန်း (ခ) အိုက်ရီလမ်းအား မူဆယ်ရဲစခန်းမှ မယ (ပ)၇၆/၂ဝ၁၂၊ မူး/စိတ် ၁၅/၁၉ (က)/၂ဝ(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ Sleep Sleep
    မြ၀တီ
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:31 am
    စစ်တွေမြို့ပေါ်တွင် ဆေးခြောက်များဖမ်းဆီးရမိ
    စစ်တွေ မူးယစ်(အထူး)အဖွဲ့မှ ရဲအုပ်မြင့်သွင် ဦးစီးအဖွဲ့သည် သြဂုတ် ၁၂ ရက် နံနက် ၅ နာရီခွဲက သက်သေများနှင့်အတူ မူးယစ်သတင်းအရ စစ်တွေမြို့ ဆင်ကူးလမ်း အကွက်(၄)နေ ဦးကျော်ခိုင်ဦး ၄၆ နှစ်၏ နေအိမ်အား ခွင့်အမိန့်အမှတ် (၄/ ၂ဝ၁၂)ဖြင့် ဝင်ရောက်ရှာဖွေရာ ၎င်း၏နေအိမ်မှ ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက်စုစုပေါင်း အလေးချိန် ၂ဝ၉ ဂရမ် ကာလတန်ဖိုးငွေကျပ် ၆၂၇ဝဝ ခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တွေမြို့ အမှတ်(၂)ရဲစခန်းမှ မယ(ပ)၂/၂ဝ၁၂ မူးယစ်/စိတ်ပြောင်းပုဒ်မ ၁၅/၁၉ (က) အရ အရေးယူလျက်ရှိကြောင်း သတင်းရရှိသည်။ jocolor jocolor
    မြ၀တီ
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:32 am
    မူးယစ်ဆေးဝါး သိန်း ၁၂၈၀ ကျော်ဖိုး ပဒါန်းလမ်းဆုံတွင် ဖမ်းဆီးမိ
    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ပဒါန်းကျေးရွာတွင် ၁၂-၈-၁၂ နေ့ ညနေ ၇ နာရီ ၄၅ မိနစ် အချိန်ခန့်က မူးယစ်ဆေးဝါး သိန်း ၁၂၈၀ ကျော်ဖိုးခန့် ဖမ်းဆီးမိ ကြောင်း သိရသည်။
    မကွေးမူးယစ်(အထူး)အဖွဲ့မှ ရဲအုပ်ညွန့်ဝင်း၊ ဒုရဲအုပ် ကျော်မင်းထွန်း၊ ပဒါန်းရဲစခန်းမှ ဒုရဲအုပ် သက်နိုင်ဦး၊ ငဖဲရဲစခန်းမှ ဒုရဲအုပ် ၀င်းစိုးတို့သည် သတင်းအရ ပုသိမ် -မုံရွာလမ်းမပေါ်ရှိ ယင်းရှည်မောင်းတံအနီးတွင် ရန်ကုန်မြို့မှ စစ်တွေ မြို့သို့ မောင်းနှင်လာသော ယာဉ်အမှတ် ၁က-၈၁၆၁ ကြံတိုင်းအောင် ခရီးသည်တင် မော်တော်ယာဉ်အား သက်သေများနှင့်အတူ စစ်ဆေးရှာဖွေရာ ရန်ကုန်မြို့မှ စစ်တွေသို့ လိုက်ပါလာသော အလယ်ခုံ၌ ထိုင်နေသူ စောအောင်ကျော်(ဘ) ဦးခင်မောင်၊ စစ်တွေမြို့ ရွာကြီးမြောက်ရပ်နေသူ၏ ခရီး ဆောင်အိတ်အနက်အတွင်း၌ တဘက်ဖြင့် ပတ်ထားသော အိတ်အား စစ်ဆေးရာ ပလပ်စတစ် အိတ်ပတ်ထားသည့် အိတ်အား တွေ့ရှိ၍ သက်သေများဖြင့် ရှာဖွေရာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ရူးသွပ်ဆေးပြားဟု ယူဆရသော ဆေးပြား ၂၅၆၀ ပြား (၂ .၅၆ ကီလိုဂရမ်)ကာလတန်ဖိုး ၁၂၈၀ သိန်းကျော်အား သိမ်းဆည်းမိ၍ ရဲအုပ်ညွန့်ဝင်း မကွေးမူးယစ်(အထူး)အဖွဲ့မှ တရားလို ပြုလုပ်တိုင်၍ ငဖဲရဲစခန်းမှ မူးယစ်(ပ) ၃/၂၀၁၂ မူးယစ်ပုဒ်မ (၁၅/၁၉(က) /၂၁) ဖြင့် အမှုဖွင့်၍ ငဖဲရဲစခန်းမှူး ရဲအုပ် ခင်မောင်ခိုက အမှုအား အမြန်တရားစွဲဆိုတင်ပို့ နိုင်ရန်အတွက် အမှုစစ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
    အဆိုပါ ပဒါန်းလမ်းဆုံတွင် မူးယစ်ဆေးဝါး ဖမ်းဆီးမိခြင်းမှာ ယခု ၂၀၁၂ ခုနှစ်ထဲတွင် ၃ ကြိမ် ရှိသွားပြီဖြစ်ကြောင်း သိရသည်။
    သံတော်ဆင့်
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:33 am
    မကွေးမြို့တွင် အမျိုးသမီးများ ဦးဆောင်သော ဖဲဝိုင်း ဖမ်းမိ
    By 7Day News
    မကွေးမြို့တွင် အမျိုးသမီးများ ဦးဆောင်သော ဖဲဝိုင်း ဖမ်းမိမကွေးမြို့နယ် အတွင်း ဖဲရိုက် လောင်းကစား နေသည့် အမျိုး သမီးအဖွဲ့နှင့် အမျိုးသား တစ်ဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ သက်သေခံဖဲချပ် များနှင့်အတူ လောင်းကြေးငွေများပါ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ သည်ဆိုမှု ဩဂုတ်လ ၄ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
    အဆိုပါနေ့ ညနေ ၅နာရီ မိနစ် ၃၀အချိန်က မကွေး ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်မြင့်စိုးနှင့်အဖွဲ့သည် နယ်မြေခံ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်အောင် စိုး၏ အဖွဲ့တို့ဖြင့် ပူးပေါင်းပြီး သက်သေများနှင့်အတူ မကွေး မြို့ ဦးကောမင်းရပ်၊ လမ်း(၅)သွယ်ထောင့်ရှိ၊ ရွှေလရောင် စားသောက်ဆိုင် နောက်ဖေးခန်း၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်းသတင်းရရှိပြီးခရိုင်ရဲတပ်ဖွဲ့မှူး၏လောင်း ကစားဝရမ်းအမှတ်၁၈/၁၂ဖြင့်ဝင်ရောက်ရှာဖွေခဲ့ရာအမျိုး သမီးရှစ်ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်းကိုးဦးအား အ ဆိုပါအခန်း၌ ဖဲရိုက်လောင်းကစားပြုလုပ်နေစဉ် ဖဲချပ် (၁၀၈)ချပ်၊ ဖဲလောင်းကစား ဆက်စပ်ပစ္စည်းများနှင့် လောင်း ကြေးငွေ စုစုပေါင်း ၁၂၃,၇၅၀ကျပ်တို့အား သိမ်းဆည်းရမိခဲ့ ပြီး မဝင်းပပပါကိုးဦးအား အရေးယူပေးပါရန် တိုင်တန်းခဲ့ရာ မကွေးမြို့နယ် မြို့မရဲ စခန်းက (ပ)၁၉၅/၁၂လောင်းကစား ပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့်ထားကြောင်း သက်ဆိုင် ရာ ရဲစခန်းမှ စုံစမ်းသိရသည်။
    စောရန်နိုင်
    @7Day News
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Sun Aug 19, 2012 8:44 am
    ဗိုလ်ချုပ်သား အယောင်ဆောင်သူအား ယာဉ်တိုက်မှုဖြင့် ဖမ်းဆီး
    နေပြည်တော် မြို့မဈေး ရဲကင်းအနီးတွင် သြဂုတ် ၂ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်က လူသုံးဦးစီးနင်းလာသော ဆိုင်ကယ်အား ကားတစ်စီးက ၀င်တိုက်ရာ ဆိုင်ကယ်စီးနင်းသူသုံးဦးအနက် အမျိုးသမီးတစ်ဦးမှာခြေကျင်းဝတ်တွင် ဒဏ်ရာရရှိသွားခဲ့သည်။
    ထိုအခါ ကားပေါ်မှ ယာဉ်မောင်းဖြစ်သူတစ်ဦး ဆင်းလာပြီး မေးမြန်းရာ အမျိုးသမီးက ခြေကျင်းဝတ်ဘာဖြစ်မှန်းမသိကြောင်း ပြန်လည်ဖြေစဉ် ယာဉ်မောင်းက ၎င်းသည် ကက(၀ယ်)မှ ဗိုလ်ချုပ်၏သားဖြစ်ကြောင်း ခြေထောက်နာလျှင်ခြေထောက်ကိုပါ ဖြတ်ပစ်ရန် ကုန်ကျငွေအား ကျသင့် သလောက် လျော်မည်ဖြစ်ကြောင်း မိုက်ရိုင်းစွာပြောသည်။ ထို့အပြင် အနီးရှိရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာနယ်မြေ မှတာဝန်ရှိတပ်ဖွဲ့ ၀င်များ(သတင်းတပ်ဖွဲ့၊ စ.ရ.ဖ များအားလုံး) လာရောက်ကြည့်ရှုစဉ် ၎င်းသည် ဗိုလ်ချုပ်သားဖြစ်၍ ၀င်မရှုပ်ရန် ငေါက်ငန်းလွှတ်ခဲ့သည်ဟု ရဲမှတ်တမ်းများတွင်ဖော်ပြထားသည်။
    ထိုစဉ်အနီးရှိ နယ်မြေခံသ တင်းထောက်ဖြစ်သော ကိုတင်မောင်လွင်က အဆိုပါဖြစ်ရပ်ကို ဓာတ်ပုံရိုက်စဉ် “မင်းဘာကောင်လဲ အလုပ်ပြုတ် သွားမယ်။ ငါက ဗိုလ်ချုပ် xxx ရဲ့သား။ မဆိုင်ရင်ဝင် မရှုပ်နဲ့ အကုန်နာကုန်မယ်” ဟု ပြောဆိုကာ ပတ်ဝန်းကျင်ရှိတာဝန်ရှိသူများအားလုံးကို ကြိမ်းမောင်း၍ အခင်းဖြစ်နေရာမှ ဆိုင်ကယ်အား အတင်းရွှေ့ခိုင်းသည်ဟုဆို၏။ တာဝန်ရှိသူများကလည်း လူကြီးတစ်ယောက်၏ သားသမီးဟု ဆိုလာသဖြင့် ဇဝေဇ၀ါဖြစ်နေသော်လည်း အမှန်တကယ်စစ်ဆေးဆောင်ရွက်မှုပြုသောအခါ ယင်းဗိုလ်ချုပ် xxx ၏သားဟုဆိုသော လူငယ်မှာ အမှန်တကယ် မဟုတ်ဘဲ သာမန်ကုမ္ပဏီတစ်ခုမှ ၀န်ထမ်းတစ်ဦးသာဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။ ဗိုလ်ချုပ် xxx ၏ သားဟုဆိုခဲ့သော အထက်ပါ ယာဉ်မောင်းက ယင်း၏ ဗိုလ်ချုပ် xxx ၏သားဟု ကြိမ်းဝါးမှုအပေါ် အခင်းဖြစ်စဉ်ကရှိခဲ့သော တာဝန်ရှိသူများ အားလုံးကို နောက်ပိုင်းတွင် လိုက်လံ တောင်းပန်ခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုကို နေပြည်တော်ယာဉ်မှုစစ်က (ပ)၃၉/၂၀၁၂ ဥပဒေပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်ထားသည်။
    7Day News Journal
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Wed Aug 22, 2012 8:50 am
    ငွေတိုးမပေးနိုင်သူများ၏ သမီးတွေကို မယားအဖြစ် သိမ်းဆည်း
    ချင်းပြည်နယ်တောင်ပိုင်း
    ကန်ပက်လက်မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် ငွေတိုးချေးစား သူများက
    ငွေတိုး မပေးနိုင်သူ များ၏ သမီးတွေကို မယားအဖြစ် ယခုလအတွင်း သိမ်းဆည်းနေ
    သည်ဟု သိရသည်။
    ဒေသထုတ် ဟားခါးလူငယ် အော်သံ သတင်းတွင်
    ကန်ပက်လက်မြို့နယ် ပန်ကွင်းရွာမှ ငွေတိုးချေးစား သူ ဦးလိန်းထန်း၊
    မူလတန်းကျောင်း အုပ် ဆရာကြီး ထာဟုန်းတို့က ငွေတိုးမပေးနိုင်သူများ၏
    သမီးတွေကို မယားအဖြစ် သိမ်းပိုက် လိုက် ကြောင်း ဒေသခံဆလိုင်းပိုင်စိုးက
    ပြောသည်ဟု ပါရှိသည်။
    လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်း ပန်ကွား ရွာသား
    ဦးလောကွီးသည် ငွေရှင်တွေရဲ့ သေနတ်ပြ ခြိမ်းခြောက်ဒါဏ်ကြောင့်
    အကြောက်လွန်ပြီး ရူးသွားပြီး သူ့မိ သားစု လည်း ပြိုကွဲသွားကြောင်း သိရသည်။
    ထို့အပြင်
    အိမ်ထောင်မိသားစု ၈ ခုသည် ငွေတိုးမပေးနိုင်ကြသောကြောင့် အိမ်ယာ
    သိမ်းဆည်းခြင်း ခံရပြီး နေစရာ အိမ်မဲ့အိမ်မဲ့ဖြစ် သွားကြကာ တခြားဒေသ
    များသို့ ပြောင်းရွေ့ကြသည်။
    အလားတူ အကြွေးမပေးနိုင်သည့်
    ကန်ပက်လက်မြို့နယ်အတွင်း အမှတ် ၆ နှင့် အမှတ် ၈ နယ်မြေရှိ အိမ်ထောင်မိသားစု
    ၂၀ သည် ရဲသို့ တိုင်ကြားခြင်း ခံရပြီး ငွေတိုး အနည်းအများအလိုက် ထောင်ဒါဏ်
    ကျခံခြင်းများလည်းရှိသည်ဟု ထပ်မံ သိသည်။
    လေ့လာချက်များအရ
    ကန်ပက်လက်မြို့နယ်အတွင်း ငွေရှင်သူဌေးတွေက ဆင်းရဲသားမိသားစုတွေရဲ့
    သားသမီးတွေ သိမ်း ဆည်း သည့် အိမ်ထောင်စု ၂၅ ခန့်ရှိပြီဖြစ်ပြီး
    ခြိမ်းခြောက်မှုဒါဏ်ကြောင့် အကြောက်လွန်ပြီး ရူးသွပ်သူ များလည်း ရှိသည် ဟု
    သိရ သည်။
    လွန်ခဲ့သည့် နှစ် ၂၀ ကာလတွင်
    ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်အတွင်း ငွေတိုးချေးစားသူ ငွေရှင် သူဌေး
    အနည်းငယ် ခန့်သာ ရှိသော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ယနေ့တွင် ဦးရေ
    (၁၀)ဆခန့်  တိုးပွားလာခဲ့ကြောင်း ငွေရှင် တို့သည် ကျပ် ငွေ ၁၀၀လျှင် အတိုး
    ၂၅ ရာခိုင်နှုန်းဖြင့် ချေးငှားကြကြောင်း သိရသည်။
    “အဓိက တော့
    ဆင်းရဲနွမ်းပါးမှုကြောင့်ပါ၊ ပြီးတော့ ကန်ပက်လက်နယ်ဟာ ချင်းပြည်နယ်မှာ
    လမ်းပန်း ဆက်သွယ်ရေး၊ နေထိုင်စားသောက်ရေးက အစ အနိမ့်ကျဆုံးဒေသဖြစ်နေတော့
    မဖြစ်သင့်တာတွေ ဖြစ်နေတာ” ဟု ဒေသခံ တဦးက ဆက်လက်ပြောပြသည်။
    @kn
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Wed Aug 22, 2012 8:51 am
    သာသနိက အဆောက်အဦးတွေ အဓမ္မ ဖယ်ရှား၊ ဖမ်းဆီး
    ပဲခူးတိုင်း
    ဥဿာမြို့သစ်အတွင်း အစိုးရပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့
    ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင် ကျောင်း (၂၀၀) ကျော်ကို ဖယ်ရှားမယ့်
    အစီအစဉ်အရ ဒီကနေ့ မနက်ပိုင်းမှာ ကျောင်းတွေကို အဓမ္မ အင်အား သုံးပြီး
    ဆက်လက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
    ကျောင်းတွေအားလုံးကို
    သီတင်းတစ်ပတ် အတွင်း ဖျက်သိမ်းပေးဖို့ မြို့နယ်အာဏာပိုင်တွေက အခုလ (၅)
    ရက်နေ့က ညွှန်ကြားခဲ့ပြီးနောက် ၁၆ ရက်နေ့ကစလို့ ဥဿာမြို့သစ် (၈) ရပ်ကွက်က
    ကျောင်းတွေကို စတင်ဖျက်ဆီးခဲ့တာ ဒီကနေ့အထိ ကျောင်းပေါင်း (၂၀) လောက်
    ဖျက်ဆီးခံထားရပြီးဖြစ်တယ်လို့ ဆွမ်းဆန်စိမ်းအလှူခံထွက်နေချိန်
    ကျောင်းဖျက်ဆီးခံလိုက်ရတဲ့ သီလရှင်တစ်ပါးက RFA ကို မိန့်ကြားပါတယ်။
    ဒီနေ့မနက်
    ၉ နာရီ အကုန်ဖျက်ပေးရမယ်ဆိုပြီးတော့ ပြောသွားတယ်။ လာဖျက်တာက ရပ်ကွက်
    အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ဦးမြတ်ကျော်။ သူတို့ အဖွဲ့တွေ လာဖျက်သွားတာ။
    အခုသူတို့ ဖျက်နေပြီပေါ့။ ကျောင်းတွေ အများကြီးပဲ သူတို့ ဖျက်တာ။
    အဲဒီလို
    အာဏာပိုင်တွေဘက်က အင်အားသုံးပြီး အဓမ္မလာရောက် ဖြိုဖျက်တဲ့အခါမှာ
    ရဲအချုပ်ကားတွေပါ ခေါ်ဆောင်လာပြီး၊ ဖယ်မပေးလိုသူတွေကို
    ဖမ်းဆီးထောင်ချတာတွေလည်း မျက်မြင်ကြုံရတယ်လို့ စောစောက မယ်သီလရှင်က
    ဆက်ပြောပါတယ်။
    ရဲအချုပ်ကားတွေတောင် ပါတယ်။ သူတို့ရဲ့ သြဇာကို
    ဖီဆန်မယ်ဆိုရင် ဖမ်းမယ်ဆီးမယ် ဆိုတဲ့ အနေအထားတွေပေါ့နော်။ ဖမ်းထားတာတွေလည်း
    အများကြီးပဲ။ လောလောဆယ်ဆိုရင် ဆရာလေးတို့နားက ဒကာကြီးတွေ ဖမ်းထားတယ်။
    ထောင်တလစီ ချလိုက်တယ်ဆိုတဲ့ အသံတွေလည်း ကြားလိုက်တယ်ပေါ့နော်။
    တော်တော်ဒုက္ခရောက်နေကြတယ်။ တချို့ ဒကာတွေ သံဃာတွေဆိုလည်း ထွက်ပြေးနေရတယ်။
    အခုလို
    ပဲခူးတိုင်း ဥဿာမြို့သစ်က သာသနိက အဆောက်အဦးတွေ အဓမ္မဖယ်ရှား
    ဖျက်ဆီးနေမှုတွေနဲ့ ပတ်သက်လို့ ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးကို RFA က
    ဆက်သွယ်မေးမြန်းရာမှာ ကျူးကျော် နေထိုင်မှုတွေကို ဖယ်ရှားတာဖြစ်ပြီး၊
    သာသနာရေး ၀န်ကြီးဌာနကို တင်ပြပြီး ဆောင်ရွက်တာဖြစ်ကြောင်း
    တာဝန်ရှိသူတစ်ဦးက ဖြေကြားပါတယ်။
    ဥဿာမြို့သစ်အတွင်း အခုလို
    အဓမ္မဖယ်ရှားခံရတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင် ကျောင်းတွေဟာ
    အဲဒီနေရာမှာ ဆောက်လုပ်နေထိုင်လာခဲ့တာ (၅) နှစ်ကနေ အနှစ် (၂၀) အကြား
    သက်တမ်းရှိတယ်လို့ သိရပါတယ်။
    အဲဒီနေရာတွေမှာ အစိုးရက
    နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းနဲ့ စက်မှုဇုံ စီမံကိန်း အပါအ၀င်
    မြို့ပြစီမံကိန်းတွေ တည်ဆောက် အကောင်အထည်ဖော်ဖို့ စီစဉ်ထားတယ်လို့လည်း
    သိရပါတယ်။
    @rfa
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Wed Aug 22, 2012 8:55 am
    မွတ်ဆလင် ဆန့်ကျင်ရေး စာများ ဖြန့်ဝေ၍ ဖမ်းဆီးခံ သံတွဲမှ ကျောင်းသားသုံးဦးကို ရုံးထုတ်
    by မောင်ရမ္မာ
    ရခိုင်ပြည်နယ်
    သံတွဲမြို့တွင် မွတ်ဆလင် ဆန့်ကျင်ရေး စာရွက်စာတမ်း ဖြန့်ဝေမှုဖြင့် စွပ်စွဲ
    ဖမ်းဆီး ခံထား ရသော ကျောင်းသား (၃) ဦးကို သြဂတ်စ်လ ၁၄ ရက်နေ့က
    သံတွဲမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။
    “ သူတို့က
    ဘယ်လို ပြောမလဲ။ သူတို့ဖြန့်တာက မွတ်ဆလင် ဆန့်ကျင်တဲ့ စာတော့ မဟုတ်ပါဘူး။
    မွတ်ဆလင် တစ်ဦးက ဗုဒ္ဓဘာဝင် အမျိုးသမီး တစ်ဦးကို လက်ထပ်နိုင်ရင် ပိုက်ဆံ
    ဘယ်လောက် ပေးမယ်။ ဘွဲ့ရ ပညာတတ် ဆိုရင် ဘယ်လောက်ပေးမယ် စသဖြင့် အဲသလို
    ရေးထားတဲ့ စာတွေကို သံတွဲမှာ ဖြန့်တဲ့ အတွက် ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။
    သူတို့သုံးဦးကို သြဂတ်စ်လ ၁၄ ရက်နေ့ကတော့ ပထမဆုံး အကြိမ်
    ရုံးထုတ်ခဲ့ပါတယ်” ဟု ဖမ်းဆီးခံထားရသူ ညီမင်းခန့်၏ ယောက်ဖ တော်စပ်သူ
    ကိုထွန်းဖေက နိရဉ္စရာသို့ ပြောသည်။
    ဖမ်းဆီးခံထားရသူ ကျောင်းသား
    သုံးဦးမှာ သံတွဲမြို့ ဗောဓိကုန်းရပ်ကွက်မှ ဦးဘသိန်း၏ သားဖြစ်သူ
    ညီမင်းခန့် (အသက် ၂၀)- ( စစ်တွေအဝေးသင် မြန်မာစာ ပထမနှစ်)၊ သံတွဲ မြို့
    သရက်ပင်ကွင်း ရွာမှ အဘ ဦးအောင်ထွန်းကြည်၏သား နိုင်ရဲဦး (စစ်တွေ အဝေးသင်
    သမိုင်း ပထမနှစ်) နှင့် သံတွဲမြို့ ကြေးနန်းရုံးမှ ဦးမင်းဇော်၏သား ၁၀
    တန်းကျောင်းသား ခိုင်ဇော်ဆန်း (အသက် ၁၇ နှစ်)တို့ ဖြစ်ကြသည်။
    သူတို့
    (၃) ဦးနှင့် တခြား GTC နည်းပညာ ကောလိပ် ကျောင်းသား တစ်ဦးဖြစ်သူ
    ကိုသန့်စင်ဖြိုး တို့အား မွတ်ဆလင်များမှ ထုတ်သည်ဟု အများက ယုံကြည်နေသော
    မွတ်ဆလင်များ အနေဖြင့် မြန်မာ အမျိုးသမီးများကို နှလုံးသားရေး အရ သော်၎င်း၊
    စီးပွားရေး အရသော်၎င်း၊ မြန်မာ အမျိုးသမီးတွေကို ထိမ်းမြှား ယူရမယ်ဆိုသော
    လက်ကမ်း စာရွက်များကို ဖြန့်ဝေမူ၊ လက်ဝယ် သိမ်းဆည်းထားမူဖြင့် ဇူလိုင်လ ၁၆
    ရက်နေ့က ဖမ်းဆီးခဲ့သည်။
    ဖမ်းဆီးပြီးနောက် ပြန်လည် လွှတ်ပေးခဲ့သော်လည်း နောက်ထပ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ထပ်မံပြီး ဖမ်းဆီးခဲ့သည်။
    ဇူလိုင်လ
    ၂၆ ရက်နေ့တွင် GTC ကျောင်းသား ကိုသန့်စင်ဖြိုးအား အာမခံနဲ့ ပြန် လွှတ်လိုက်
    ပြီး ကျန် ကျောင်းသား သုံးဦးကို ပုဒ်မ ၅၀၅ (ခ)ဖြင့် ရဲက အမှုဖွင့်
    တရားစွဲဆိုခဲ့သည်။
    “ ၁၄ ရက်နေ့က ရုံးထုတ်တဲ့ အခါ တရားလိုဘက်က
    ထည့်ထားတဲ့ သက်သေတွေကို စစ်ပါတယ်။ သက်သေ တွေရဲ့ ထွက်ဆိုချက်ကတော့
    မဆိုးပါဘူး။ တယောက်နှစ်ယောက်စ စစ်ဖို့ ကျန်ပါ သေးတယ်။ သင်းသင်းမြတ် ဆိုတဲ့
    အမျိုးသမီးတစ်ဦးနှင့် ရဲတပ်ကြပ် သုံးဦးကျန်ပါသေးတယ်။ သူတို့ကို
    စစ်ဆေးဖို့ သြဂတ်စ်လ၂၄ ရက်နေ့ ရုံး ပြန်ချိန်း ထားပါတယ်” ဟု ကိုထွန်းဖေက
    ဆက်ပြောသည်။
    အမှုကို တရားလိုအဖြစ် သံတွဲမြို့နယ်
    မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသောင်းလေးက တရားမ၀င် စာရွက် စာတမ်း ဖြန့်ဝေမူ
    ပုဒ်မ ၅၀၅(ခ)တပ်ပြီး တရားလို လုပ်ကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။
    ပထမပိုင်းတွင်
    ကျောင်းသား သုံးဦး အမှုကို ရှေ့နေတဦး တစ်ယောက်မှ လိုက်ပါ ဆောင်ရွက်ရန်
    မရှိခဲ့သော်လည်း ယခုအခါ ရှေ့နေ ဒေါ်ခင်စန်းမြင့်မှ လိုက်ပါဆောင်ရွက်ပေးမည်ဟု
    သိရသည်။
    ကျောင်းသားသုံးဦး၏အမှုနှင့် ပတ်သက်၍ သံတွဲ ရဲစခန်းသို့
    ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းကိုင်သူ ရဲဝန်ထမ်းတစ်ဦးက “ အပြစ်ရှိလို့
    ဖမ်းထားတာ ဖြစ်တယ်” ဟု ပြောဆိုကာ ဖုန်းချသွားခဲ့သည်။
    ပထမအကြိမ်
    ဖမ်းဆီး ပြန်လွတ်ပေးပြီး ဒုတိယတကြိမ် ဒုရဲလုပ်စိုးလွင်က စစ်ဆေးစရာရှိသည်ဟု
    ခေါ်ဆောင်သွားပြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုသည့်အပေါ် မြို့ခံများက အထူး
    မကျေ နပ်မှုများ တိုးပွားနေသည်ဟု စုံစမ်းသိရှိရသည်။
    @nrj
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Wed Aug 22, 2012 8:56 am
    မီးရှို့တရားခံအား ဖမ်းဆီးစဉ် တရားခံမှ ဖမ်းဆီးသူ ရဲတပ်ဖွဲ့ဝင် များအား ဓါးဖြင့်ခုတ်သည့် ဖြစ်စဉ် နှင့် ဇော်မတက်အုပ်စု၊ ဟင်္သာရပ်ကွက်မှ သေဆုံးမှု သတင်းဖော်ထုတ်ချက် (ရခိုင်ပြည်နယ် သတင်းများ)
    နစက၊ နယ်မြေ(၈) စခန်း(၁၇) ဥဒေါင်း ကင်းစခန်းမှူး ဒုရဲအုပ် ဖြိုးဝေအောင် ဦးစီး တပ်စိတ် တစ်စိတ်သည် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ရက်နေ့ ၀၀၃၅ ချိန်တွင် ဥဒေါင်း ကျေးရွာ အုပ်စု ကုန်းတန်း ကျေးရွာတွင် လှည့်ကင်း ဆောင်ရွက်နေစဉ် နā@���Xကျးရွာအား မီးရှို့ ဖျက်ဆီး ရန်ကြီုးစားမှု တွင် ပါဝင်ခဲ့ပြီး ထွက်ပြေး တိမ်းရှောင်
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Wed Aug 22, 2012 8:57 am
    မုဒိမ်းကျင့်ခံရသော ချင်းအမျိုးသမီး ကျပ် ၅ သိန်းနှင့် ကျေအေးလိုက်ရ
    ဇူလိုင်လ ၂၈ ရက်နေ့က ကျောက်တော် အခြေစိုက် စစ်တပ် တပ်ရင်း တစ်ခုမှ စစ်သား တစ်ဦး၏ မုဒိမ်း ပြုကျင့်မူကို ခံလိုက်ရသော အသက် ၂၃ နှစ် အရွယ် ချင်းအမျိုးသမီး တစ်ဦး၏ အမူကို ကျပ်ငွေ ၅ သိန်းဖြင့် ကျေအေးလိုက်ရသည်ဟု Chinland Guardian သတင်းတွင် ဖေါ်ပြသည်။
    ၎င်းအမျိုးသမီးငယ်မှာ ချင်းပြည်နယ် မင်းတပ်မြို့မှ ဖြစ်သည်။
    သူမသည် သူမ၏ ယောင်္ကျား ဖြစ်သူအား စစ်တပ်က တပ်သားသစ်အဖြစ် စုဆောင်းသွားသည်ဟု ထင်မြင် ယူဆ၍ ရှာဖွေရန်လိုက်လာစဉ် ကျောက်တော်တွင် စစ်သား တစ်ဦး၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။
    သူမ၏ ပြောစကားကို ကိုးကားပြီး သတင်းက ရေး သား ဖေါ်ပြရာတွင် စစ်သားသုံးဦးမှ သူမအား အတင်း ဆွဲ ခေါ်ယူသွားပြီး ထိုအထဲမှ စစ်သား တစ်ဦးက မုဒိမ်း ကျင်ခဲ့သည်ဟု ဆိုသည်။
    ရခိုင်ပြည်နယ်မှ ချင်းလူမျိုး ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးမှ အဆိုပါ အမျိုးသမီးငယ်အား ကယ်တင် ခဲ့ပြီး နောက်ပိုင်းတွင် မြောက်ဦးမြို့နယ်မှတဆင့် မင်းတပ်မြို့သို့ ပြန်ပို့ခဲ့သည်ဟု ဆိုသည်။
    အမူကို ကျပ် (၅) သိန်းဖြင့် ကျေအေးခဲ့ပြီးနောက် ပြစ်မူကျူးလွန်သူ စစ်သားကို မည်သို့ အရေး ယူ ဆောင်ရွက်သည်ကို မသိရှိရကြောင်း သတင်းက ရေးသားသည်။
    ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် စကခ (၉) အခြေစိုက်ပြီး စစ်တပ် တပ်ရင်း (၁၀)ခု အခြေစိုက်ထားသည်။ သို့သော်လည်း ချင်းအမျိုးသမီးအား မုဒိမ်းပြုကျင့်သူ စစ်သားနှင့် တပ်ရင်း အမည်များကို သတင်းတွင် တစ်စုံတစ်ရာ ရေးသား ဖေါ်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။
    အဆိုပါ သတင်းကို သြဂတ်စ်လ ၁၁ ရက်နေ့က Chinland Guardian က သတင်းတွင် ဖေါ်ပြထား သည်။
    narinjara
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Wed Aug 22, 2012 8:58 am
    နောက်ယာဉ်မရှင်းဘဲ 'ဂ' ကွေ့ ချိုးကွေ့သည့်ကား နောက်မှ ဆိုင်ကယ်ဝင်တိုက် ကလေးငယ်သေဆုံးခဲ့
    နေပြည်တော်
    ဥတ္တရသီရိမြို့နယ် ရွှေနံ့သာ မောင်းတံဂိတ်အနီးတွင် သြဂုတ် ၁၃ ရက်က
    ယာဉ်တိုက်မှုဖြစ် ပွားခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
    ဖြစ်ပွားပုံမှာ
    သြဂုတ် ၁၃ ရက် ညနေ ၄ နာရီခွဲက နေပြည်တော် ဥတ္တရ သီရိမြို့နယ် ရွှေနံ့သာ
    မောင်းတံဂိတ် အနီး ပျဉ်းမနား-တောင်ညို လမ်းမကြီးပေါ် မိုင်တိုင် (၁၂/ဝ) တွင်
    မြို့မဈေးဘက်မှ ရွှေနံ့သာရပ်ကွက် ဘက်သို့ ကျော်စိုး ၃၆ နှစ် (ဘ)
    ဦးကျော်ဝင်း ယာဉ်မောင်း ''သိဏ်း'' ကုမ္ပဏီ ရွှေပြည်ဟိုတယ်ဝင်း
    နေပြည်တော်နေသူ မောင်းနှင်သည့် ဆ/... တီအီး (အစိမ်းရောင်)ယာဉ်သည် ''ဂ''
    ကွေ့ချိုးကွေ့ မောင်းနှင်လိုက်စဉ် လားရာ တူအတိုင်း ၎င်းယာဉ်၏နောက်မှ
    ဦးကျော်အောင် ၄၆ နှစ် (ဘ) ဦးပေါက်စ (တောင်သူ) ငန်းစပ်ကျေးရွာ
    ဥတ္တရသီရိမြို့နယ် နေပြည်တော်နေသူ မောင်းနှင်ပြီး ရှေ့တွင် သမီးဖြစ်သူ
    မနေခြည်လင်း (၃)နှစ် လိုက်ပါ လာသည့် ၁၂ယ/... Kenbo 110 အနက်ရောင်ဆိုင်ကယ်မှ
    ရှေ့တွင်ရှိသော ဆ/... တီအီး ယာဉ်၏ ဝဲဘက်ခြမ်း ခါးလယ်အား
    ဝင်ရောက်တိုက်မိခဲ့သဖြင့် မနေခြည်လင်းမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး
    ဆိုင်ကယ် မောင်းနှင်သူ ဦးကျော်အောင်တွင် ဒဏ်ရာများရရှိကာ နေပြည်တော်ခုတင်
    (၁ဝဝဝ) ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
    ဖြစ်စဉ်နှင့်ပတ်သက်၍
    တီအီးယာဉ်မောင်း ကျော်စိုးအား တောင်ညို ရဲစခန်းမှ (ပ) ၅ဝ/၂ဝ၁၂ ပြစ်မှု
    ပုဒ်မ ၃၃၈/၃ဝ၄ (က)ဖြင့် အမှုဖွင့်ဆောင် ရွက်စစ်ဆေး လျက်ရှိကြောင်း သိရသည်။
    မြ၀တီ
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Wed Aug 22, 2012 9:11 am
    (၄)နှစ်သမီးမေသူခိုင် ခိုးယူခံရမှုပေါ်ပေါက်ခြင်း မရှိသဖြင့်မိဘများစိုးရိမ်
    [You must be registered and logged in to see this image.]
    ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက် ဥက္ကလာ ပမြို့နယ်၊
    ဝေဘာဂီလမ်း အမှတ် (၃၇၃)နေ ““ဆည်းဆာချိန်”” စားသောက်ဆိုင် ပိုင်ရှင်ဦးသန်း
    ဆွေနှင့် မိခင်ဒေါ်ကေခိုင်တို့၏ (၄)နှစ်အရွယ် သမီးဖြစ်သူ မမေ
    သူခိုင်ကိုမသမာသူများက လွန် ခဲ့သော ဇူလိုင်(၃၁)ရက်နေ့ည(၉) နာရီခွဲ၌်
    နေအိမ်ရှေ့ဝေဘာဂီ လမ်းပေါ်မှ သွေးဆောင်ဖြား ယောင်းခေါ်ဆောင်သွားသဖြင့်
    ဖခင်ဖြစ်သူက ဝေဘာဂီရဲစခန်းသို့ တိုင်ကြားခဲ့ရာ ယနေ့တိုင်သတင်း
    အစအနတစ်စုံတစ်ရာမရရှိသဖြင့် မိခင် ဖခင်များမှာ စိုးရိမ်သောက ရောက်
    ပူဆွေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
    ပျောက်ဆုံးသူ၏ ဖခင်ဦးသိန်း
    ဆွေ၏ပြောပြချက်အရ မေသူခိုင် ပျောက်ဆုံးသွားသည့် ည(၉)နာရီ ခန့်တွင် ၎င်း၏
    စားသောက်ဆိုင် သို့ ဝေဘာဂီရဲစခန်းမှနယ်ထိန်း တာဝန်ခံ
    ဒုရဲအုပ်ထွန်းတင့်ဦးနှင့် ရဲတပ်သား (၁)ဦး၊ ရာအိမ်မှူး
    တစ်ဦးတို့ရောက်ရှိလာပြီး အရက် ဖြူလိုင်စင်ဖြင့် အနီရောင်းချခြင်း အတွက်
    ကားလမ်းတစ်ဖက်တွင်ရောင်းချ လျက်ရှိသော အသားကင်ဆိုင်
    သို့သွားရောက်ဝယ်ခိုင်းခဲ့ပြီး ဆိုင် ပိတ်သဖြင့် ပြန်လာစဉ် စက်ဘီး
    ပေါ်တင်ဆောင်၍ ခိုးယူခေါ် ဆောင်သွားခဲ့ကြောင်း မျက်မြင် သက်သေတစ်ဦးထံမှ
    သိရှိရကြောင်း၊ ၎င်း၏ သမီးခိုး ယူခံရမှုအပေါ်အချိန်နှင့်တစ်ပြေး ညီ
    ထိထိရောက်ရောက် ကူညီ ဆောင်ရွက်ပေးခြင်း မပြုခဲ့သည့်
    အပြင်ယနေ့အထိထူးထူးခြားခြား စုံစမ်းစစ်ဆေးဖော်ထုတ်ပေးမှု မပြုခဲ့ကြောင်း၊
    ၎င်းနှင့် ဇနီးဖြစ် သူတို့မှာစိုးရိမ် ပူပန်ထိတ်လန့် မှုများ၊ ၀မ်းနည်း
    ကြေကွဲမှုများ ကြုံတွေ့နေရလျက် ရှိကြောင်း၊ မေသူခိုင်ပျောက်ဆုံး ချိန်နှင့်
    ရဲများဆိုင်အတွင်းဝင်ရောက်ရှာဖွေ ဖမ်းဆီးချိန်မှာ တစ်ထပ်တည်း ဖြစ်သည်ဟု
    ၎င်းအနေဖြင့် ယူဆ ကြောင်း ပြောကြားသည်။
    မေသူခိုင်၏ မိခင်ဖြစ်သူ
    ဒေါ်ကေခိုင်ကလည်း သမီးလေးကို ခိုးယူသွားခဲ့တာ ဒီနေ့ဆိုရင်
    (၂၀)ရက်ရှိနေပြီဖြစ် ကြောင်း၊ သေလားရှင်လား မသိ ဘဲ သတင်းတစ်စုံတစ်ရာကြားသိ
    ရခြင်းလည်းမရှိကြောင်း၊ ၎င်း၏ သမီးလေးအတွက် ရက်ကြာလာ သည်နှင့်အမျှ
    စိုးရိမ်ပူပန်သောက ရောက်မှုများ ပိုလာလေလေဖြစ် ရာ သမီးဖြစ်သူ မေသူခိုင်
    မိဘနှစ်ပါး ရင်ခွင်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေရန်နှင့် မသ
    မာသူများအား ဥပဒေနှင့်အညီ အမြန်ဆုံးဖော်ထုတ်နိုင်ရေးအတွက်
    လက်ရှိရဲများအပြင် နိုင်ငံတော် အဖွဲ့အစည်းများမှ ကျွမ်းကျင်သူ
    ရဲဝန်ထမ်းများ၊ သတင်းတပ်ဖွဲ့များ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ စုံစမ်း
    ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ ပါ ပါဝင်ပူးပေါင်းကူညီဆောင်
    ရွက်ပေးစေလိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
    အဆိုပါ မေသူခိုင်ကို
    ခိုးယူသွားကြောင်း သိသိချင်း ဖခင်ဖြစ်သူကဝေဘာဂီရဲစခန်းကို
    သတင်းပေးတိုင်ကြားခဲ့သော်လည်း ချက်ချင်းအမှုဖွင့်မပေးဘဲ နောက် တစ်နေ့မှသာ
    အမှုဖွင့်ပေးကြောင်း သိရှိရသည်။
    hotnewsweekly
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  လူမိုး Wed Aug 22, 2012 9:13 am
    အနာဂတ်သစ်တောများ ရေရှည်တည်တံ့ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက်သစ်ခိုးထိုးသူများကို ဖမ်းဆီးအရေးယူ
    [You must be registered and logged in to see this image.]
    ကျော်ဦးစီးအဖွဲ့နှင့် ၀န်းသိုရဲစခန်း မှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်
    သန်းဝေဦးအဖွဲ့သို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇူလိုင်လ (၂၀)
    ရက်နေ့၊ ည (၁၀း ၃၀)အချိန်တွင် ၀န်းသိုမြို့၊ မြနန္ဒာ
    ရပ်ကွက်မြို့အ၀င်သမဦးစီးရုံးလမ်း တွင် လေးလုံးထိုး ထော်လာဂျီ ကားတစ်စီး
    (နံပါတ်မရှိ) ကား ပေါ်၌ ကျွန်းခွဲသား (၄၀၉) ချောင်း၊ (၂.၅၇၇၂တန်)၊
    ကာလတန်ဖိုး (၅၁၅၄၄၀)ကျပ်ငါးသိန်းတစ်သောင်း ငါးထောင့်လေးရာ့လေးဆယ်တွေ့
    ရှိသိမ်းဆည်းခဲ့သည်။ ထိုဖြစ်စဉ် နှင့် ပတ်သက်၍ ယာဉ်မောင်း စိုးလွင် (ဘ)
    ဦးစံဖဲ၊ အသက် (၄၂) နှစ်၊ စစ်ကဲကြီးရပ်ကွက်နေသူအား ကောလင်းရဲစခန်းက
    (ပ)အမှတ် ၀၉/၂၀၁၂ ၄၃ (က) အရ အမှု ဖွင့်အရေးယူထားကြောင်း သိရှိရ သည်။
    “လက်ရှိ
    ကသာခရိုင်အတွင်း သစ်ခိုးထုတ်မှုများနှင့်ပတ်သက်၍ ကောလင်း၊ ၀န်းသို၊
    ပင်လည်ဘူး၊ ဗန်းမောက်၊ အင်းတော်၊ ထီးချိုင့် (၇) မြို့နယ်တို့၌
    သစ်တောကြိုး ၀ိုင်း ကြိုးပြင်တောများသည် နေ အိမ်ခြံဝင်း ဗန်းမောက်၊
    အင်းတော်၊ ထီးချိုင့် (၇) မြို့နယ်တို့၌ သစ်တော ကြိုးဝိုင်း
    ကြိုးပြင်တောများသည် နေအိမ်ခြံဝင်းများကဲ့သို့ စီးခြံကာ ရံထားမှုမရှိခြင်း၊
    ဧကများစွာကျယ် ပြန့်ခြင်း၊ သစ်တောဝန်ထမ်းများ အနေဖြင့် ၀န်ထမ်းအင်အားနည်း
    ပါးခြင်း၊ စိုက်ခင်းလုပ်ငန်းများပြား ခြင်း စသည်တို့ကြောင့် တရားမ၀င်
    သစ်ခိုးထုတ်သူများသည် ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ
    လက်ကိုင်ဖုန်း၊ အထိုင်ဖုန်းများဖြင့် စောင့်ကြည့်သတင်းယူခြင်း၊ ကင်း
    ထောက်များချထားခြင်း စသည့် နည်းလမ်းများဖြင့် လုပ်ကိုင်လျက် ရှိရာ
    သတင်းရရှိ၍ သွားရောက် ဖမ်းဆီးရာတွင် ၎င်းတို့မှာထွက်ပြေး လွတ်မြောက်သွားပြီး
    လုပ်ငန်းတွင် အာရုံစိုက်လုပ်ကိုင်နေသော အလုပ်သမားများအား ဖမ်းဆီးရ မိသည့်
    ဖြစ်စဉ်များရှိသလို လုပ်ကိုင်သူများအားလုံးထွက်ပြေး ကြ၍
    ပိုင်ရှင်မဲ့ဖမ်းဆီးရမိသည့် ဖြစ်စဉ်များလည်း ရှိသည်။ ထိုသို့
    တရားမ၀င်သစ်နှင့် သစ်စက်များ ဖမ်းဆီးရာတွင် သစ်တောဝန်ထမ်း များအနေဖြင့်
    လက်နက်ကိုင်အဖွဲ့ အစည်းများကဲ့သို့ ဒူးအောက်ပိုင်း ဖမ်းဆီးခွင့်
    လက်ထိပ်ခတ်ကြိုး တုပ်ခွင့်များကို လုပ်ပိုင်ခွင့်မရှိ သည့်အတွက်
    သစ်များဖမ်းဆီးရာ တွင် ပိုင်ရှင်မဲ့ဖမ်းမိခြင်းဖြစ်သည်။
    hotnewsweekly
    Sponsored content
    ပြည်တွင်း အမှုအခင်း သတင်းများ Empty Re: ပြည်တွင်း အမှုအခင်း သတင်းများ
    Post  Sponsored content
      Current date/time is Thu May 16, 2024 3:01 am