ကျုံပျော်မြို့
Would you like to react to this message? Create an account in a few clicks or log in to continue.
ကျုံပျော်မြို့
ကျုံပျော်သူ / ကျုံပျော်သားတို့ဆုံဆည်းရာ
စာပေမြတ်နိုးသည့် ရွက်နုသစ်တို့အတွက် ကျုံပျော်မြို့နယ် စာရေးဆရာအသင်းမှ စာပေ၀ါသနာရှင် "ရွက်နုသစ်"တို့အတွက် မဂ္ဂဇင်း ထုတ်ဝေပါမည်
    ပြည်တွင်းသတင်းများ
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty ပြည်တွင်းသတင်းများ
    Post  လူမိုး Fri Aug 17, 2012 5:26 pm
    ရခိုင်ပြည်နယ် ဖြစ်ရပ်များအတွက် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း
    ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၊ ပဋိပက္ခများနှင့်စပ်လျဉ်း၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၇ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရပါသည်။
    ထိုသို့ ဖွဲ့စည်းလိုက်သည့်အကြောင်းကို အမိန့်ကြော်ငြာစာ အမှတ် (၅၈/၂၀၁၂) ကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။
    အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင် တွင် သာသနာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဒေါက်တာမျိုးမြင့်ကို ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့ပြီး Myanmar Egress မှ ဒေါက်တာကျော်ရင်လှိုင်က အတွင်းရေးမှူး အဖြစ် ဆောင်ရွက်မည် ဖြစ်ပါသည်။ စုံစမ်းရေး ကော်မရှင်၏ အဖွဲ့ဝင်များအဖြစ် ဂျပ်ဆင် ဘုရားကျောင်းမှ သိက္ခာတော်ရ ဆရာတော် ဦးကျော်ညွန့်၊ မြန်မာဘက်(ပ်)တစ်(စ်)ကွန်ဗင်းရှင်းမှ သိက္ခာတော်ရ ဆရာတော် ဦးစောမာဂေကြီး၊ စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းထွန်း၊ စာရေးဆရာ မောင်ဝံသ၊ အနုပညာရှင် ဇာဂနာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်သန်းသန်းနု၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးကိုကိုကြီး၊ UMFCCI မှ ဒေါက်တာ ရင်ရင်နွယ်၊ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်းမူးကျုံးလျံ၊ သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးတင်အောင်မိုး၊ ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး၊ မြန်မာ အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းမှ ဒေါ်ဝါ၀ါထွန်း၊ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်ဂျာနန်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ဦးထွန်းအောင်ချိန်၊ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် ဥက္ကဋ္ဌဟာဂျီ ဦးညွန့်မောင်သျှိန်၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အတွင်းရေးမှူး ဟာဂျီ ဦးတင်မောင်သန်း၊ မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဟာဂျီ ဦးလှဝင်း၊ မြန်မာ မွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ဦးကျော်ခင်၊ မြန်မာ မွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ် ဥက္ကဋ္ဌ ဟာဂျီ ဦးမြင့်ထွန်း၊ မြန်မာမွတ် စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ် အတွင်းရေးမှူး ဦးလှဝင်း၊ သနန္တရဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ် အကျိုးတော်ဆောင် ဒေါက်တာလှထွန်း တို့ဖြစ်ကြသည်။
    အဆိုပါ စုံစမ်းရေး ကော်မရှင် အနေဖြင့် (က) တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဋိပက္ခ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ (ခ)ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် အခြား ထိခိုက်မှုများ၊ (ဂ) တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက်ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊ (ဃ) ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊(င) ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည်ဆောင်ရွက်သင့်သည့် အချက်များ၊ (စ) ကွဲပြားသော ဘာသာအယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည့် နည်းလမ်းများ၊ (ဆ) ဥပဒေစိုးမိုးရေး အကြံပြုချက်များ၊ (ဇ) စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အကြံပြုချက်များ အစရှိသည်တို့ကို ဖြစ်စဉ် ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသား အကျိုးစီးပွား တိုးတက်ရန်အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြု တင်ပြရမည် ဖြစ်ကြောင်း သိရပါသည်။
    စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ စီမံဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ သက်သေခံဥပဒေတို့နှင့် အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက် စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့် နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံသို့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်အရောက် တိုက်ရိုက်အစီရင်ခံ တင်ပြရမည် ဖြစ်ကြောင်း သိရှိရပါသည်။
    နိုင်ငံတော် သမ္မတ လက်မှတ်ဖြင့် ဖွဲ့စည်းလိုက်သော အဆိုပါ စုံစမ်းရေးကော်မရှင်တွင် အတိုက်အခံ ပါတီကြီး ဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ မပါရှိဘဲ အခြားသော လွှတ်တော်ကိုယ်စားလှယ်များတွင်လည်း ဒေါက်တာ အေးမောင် တစ်ဦးတည်းသာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကိုယ်စားပြုအနေဖြင့်သာ ပါဝင်ခဲ့ပြီး နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူအများအပြား ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။
    credit to first-11.com
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:00 am
    သတင်းလွတ်လပ်ခွင့် ကော်မတီမှ အချက် ၆ ချက်ပါဝင်သော အထူးထုတ်ပြန် ကြေညာချက်တစ်ရပ်ကို သြဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။
    ယင်းထုတ်ပြန်ချက်ကို သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းလွတ်လပ်ခွင့်ကော်မတီ၏ လုပ်ငန်းဖြစ်မြောက်ရေး ဆပ်ကော်မတီအစည်းအဝေး အပြီးတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။
    အဆိုပါထုတ်ပြန်ချက်၌ (၁) မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်း လွတ်လပ်ခွင့် မရှိသေးသည့် ကိစ္စနှင့်ပတ်သက်ပြီး သတင်းမီဒီယာသမားများက တည်ဆဲဥပဒေများနှင့် အညီ တရားဝင် ဆန္ဒခွင့် လျှောက်ထားမည်ဖြစ်သည်။ ဆန္ဒပြမည့်နေရာမှာ မြို့တော်ခန်းမအနီးဖြစ်ပြီး ဆန္ဒပြခွင့်ကို သြဂုတ်လ ၂၁ ရက်နေ့တွင် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တရားဝင် လျှောက်ထားမည်ဖြစ်သည် (၂) သြဂုတ် ၂၂ ရက်နေ့တွင် Press Freedom အမှတ်တံဆိပ်ပါ အမည်းရောင် ဦးထုပ်များကို သတင်း မီဒီယာသမားများထံ ဖြန့်ဝေမည် ဖြစ်ပြီး ယင်းအမည်းရောင် ဦးထုတ်များကို ၀တ်ဆင်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် မရသေးသည်ကို ဖော်ထုတ်ရန်ဖြစ်သည် (၃) သြဂုတ် ၂၃ ရက်နေ့ ဒဂုံမြို့နယ် တရားရုံးတွင် The Voice Weekly ရင်ဆိုင်နေရသော အမှုအတွက် စွဲချက် တင်သင့် ၊ မတင်သင့် တရားရုံးက ဆုံးဖြတ်မည်ကို Press Freedom တံဆိပ်ပါ အမည်းရောင် ဦးထုပ် နှင့် အမည်းရောင် အင်္ကျီများ ၀တ်ဆင်သွားရောက် သတင်းယူကြမည်ဖြစ်သည် (၄) သြဂုတ် ၂၄ ရက်နေ့ ပုဇွန်တောင်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရသော လျှပ်တပြက် ဂျာနယ်အမှုကို Press Freedom တံဆိပ်ပါ ဦးထုပ် နှင့် အမည်းရောင် အင်္ကျီများ ၀တ်ဆင်သွားရောက်သတင်း ယူကြရန် ဖြစ်သည် (၅) သြဂုတ် ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်၌ တော်ဝင်နှင်းဆီတွင် သတင်းလွတ်လပ်ခွင့် မရရှိသေးသည့် ကိစ္စ ၊ ဆင်ဆာ မဖျက်သိမ်းသည့် ကိစ္စ ၊ မီဒီယာ ဥပဒေကို မီဒီသမားများအား အသိမပေးဘဲ ရေးဆွဲ နေမှုအပါအ၀င် သတင်းမီဒီယာထိန်းချုပ်နေမှုများကို ဖယ်ရှားပေးရန် ကိစ္စနှင့် ပတ်သက်သော အထူးသတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည် (၆) ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် ရရှိရေး ၊လိုအပ်သော လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည် အစရှိသော အချက်များပါဝင်ပါသည်။
    သတင်းလွတ်လပ်ခွင့် ကော်မတီက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် သတင်းလွတ်လပ်ခွင့်အတွက် ဆန္ဒပြရန် တရားဝင် လျှောက်ထားမည်ဟု ဖော်ပြခဲ့သည့်နည်းတူ သတင်းလွတ်လပ်ခွင့် ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေးကလည်း ဥပဒေပါ အခွင့်အရေးအတိုင်း ဆန္ဒပြခွင့်လျှောက်မည် ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
    “အခုလက်ရှိအခြေအနေမှာတင်ပဲ အမြုတေ စာနယ်ဇင်းကောင်စီ အသက်မ၀င်လို့ စာပေစိစစ်ရေး မဖျက်ပါဘူးဆိုပြီး ပြန်ကြားရေးက အကြောင်းကြားတယ်။ ဒီမိုကရေစီစနစ် မှန်လို့ရှိရင် ဆင်ဆာဆိုတာ မရှိသင့်ဘူး။ ကျင့်ဝတ်နဲ့အညီ လုပ်ကိုင် သတင်းရေးသားနေတဲ့ မီဒီယာတွေကို အစိုးရကိုယ်တိုင်တရားစွဲတာမျိုး မလုပ်သင့်ဘူး။ မီဒီယာဥပဒေကို သတင်းသမားတွေကို မပြောဘဲ ရေးဆွဲတာမျိုးတွေ။ အဲဒီလို သတင်း လွတ်လပ်ခွင့်ကို ထိပါးတဲ့ အပြုအမူတွေကြောင့် သတင်းသမားတွေအနေနဲ့ ဥပဒေပါအခွင့်အရေးအတိုင်း ဆန္ဒပြခွင့်လျှောက်မှာပါ” ဟု သတင်းလွတ်လပ်ခွင့် ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေးက ဧရာဝတီ သတင်းဌာန သို့ပြောကြားခဲ့သည်။
    ထို့အပြင် သတင်းလွတ်လပ်ခွင့် ကော်မတီ၏ အထူးထုတ်ပြန်ကြေညာချက်ကို လျှပ်တစ်ပြက်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကလည်း ထောက်ခံခဲ့ပါသည်။ "လေးစားတယ်ရဲဘော်တို့ အောင်ပွဲဆိုတာတိုက်ရဲသူအတွက်" ဟု ဦးမြတ်ခိုင်က ၎င်း၏ facebook စာမျက်နှာတွင် မှတ်ချက်ပေးခဲ့သည်။
    သတင်းလွတ်လပ်ခွင့် ကော်မတီ၏ အထူးထုတ်ပြန်ကြေညာချက်ပါ သတင်းသမားများ ဆန္ဒပြခြင်းနှင့် စုရုံးခြင်းအပေါ် မထောက်ခံကြောင်း Eleven Media Group က သြဂုတ်လ ၁၇ ရက်နေ့တွင် သဘောထားတစ်ရပ် ထုတ်ပြန်ခဲ့သည်။ ဂျာနယ်လစ်များ မကြာခဏ ဆန္ဒပြခြင်း၊ စုရုံးခြင်းနှင့် ပတ်သက်၍ Eleven Media Group ၏ သဘောထားဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါထုတ်ပြန်ချက်တွင် အချက်လေးချက်ပါဝင်ခဲ့ပြီး (၁)သတင်းလွတ်လပ်ခွင့် ကော်မတီ၏ တောင်းဆိုချက် ခုနှစ်ချက်ကို ထောက်ခံသော်လည်း ဆန္ဒပြမည့် ကိစ္စရပ်ကို Eleven Media Group အနေဖြင့် မထောက်ခံပါ (၂) ဂျာနယ်လစ်များအနေဖြင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကဲ့သို့ ဆန္ဒပြခြင်း၊ စုရုံးခြင်းများကို မကြာခဏ မပြုလုပ်သင့်ကြောင်း ရှုမြင်ပါသည် (၃) ဂျာနယ်လစ်များသည် နိုင်ငံရေး လုပ်ကိုင်သူများ မဟုတ်သဖြင့် လတ်တလော အခြေအနေများအပေါ် မူတည်၍ နိုင်ငံရေး အလုပ်နှင့် မီဒီယာအလုပ်ကို ခွဲခြားသိမြင်သင့်ကြောင်း ယူဆပါသည် (၄) ဂျာနယ်လစ်များသည် နိုင်ငံရေး သမားများကဲ့သို့ ဆန္ဒပြတောင်းဆိုခြင်းမျိုးကို နိုင်ငံရေး နည်းလမ်းဖြင့် မကြာခဏ မလုပ်ဆောင်သင့်ကြောင်း အကြံပြုအပ်ပါသည် အစရှိသော အချက်များ ဖြစ်ပါသည်။
    credit to first-11.com
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:02 am
    စရဖ အရာရှိ တရားရုံးကို မထီမဲ့မြင်လုပ်
    ကချင်တိုင်းရင်းသား ဦးလထော်ဘရန်ရှောင်အား ဖမ်းဆီးပြီး တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ တရားရုံး၌ တရားလိုပြ သက်သေ အဖြစ် ထွက်ဆိုသူ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) အရာရှိက တရားခွင်အတွင်း မထီမဲ့မြင် ဆက်ဆံမှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
    မြစ်ကြီးနား မြို့နယ် အစိုးရထိန်းချုပ်မှုအောက်ရှိ ဂျန်မိုင်ကောင် စစ်ပြေးဒုက္ခသည်စခန်း၌ ဒုက္ခသည်အဖြစ်နှင့် ခိုလှုံနေသော ဦးဘရန်ရှောင်ကို ကချင်ပြည်လွတ်လပ်ရေး အဖွဲ့(KIO)၏ ဝန်ထမ်းနှင့် ဖောက်ခွဲရေးသမားဟု စွပ်စွဲဖမ်းဆီးထားပြီး စရဖ အဖွဲ့က မြစ်ကြီးနား မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည်။
    ယင်းသို့ စွဲဆိုချက်များနှင့် ပတ်သက်၍ ဦးဘရန်ရှောင်၏ ရှေ့နေ ဦးဂျီမာခါး က ယမန်နေ့က ရုံးချိန်းတွင် စစ်ဆေးမေးမြန်းရာ၌ တရားလိုပြသက်သေ အဖြစ် ထွက်ဆိုသော တပ်ကြပ်ကြီး စောလှထူးက မထီမဲ့မြင် ပြုမူ ဆက်ဆံခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။
    “ကျနော်မေးခွန်းမေးတဲ့ အချိန်မှာ သူကနားမထောင်ဘူး၊ စာပဲ ငုံ့ပြီးဖတ်နေတယ်၊ ကျနော်မေးပြီးရင် သူက ဘာပြောတာလဲ ဆိုပြီး မထီတထီနဲ့ ထပ်ခါထပ်ခါ ပြန်မေးတယ်၊ တရားရုံးထဲမှာ တာဝန်အရ မေးမြန်းချိန်မှာ ဒါမျိုးလုပ်ခွင့်မရှိပါဘူး၊ ကျနော်လည်း တရား သူကြီးကို ပြောတဲ့အခါ တရားသူကြီးက စာဖတ်လို့မရဘူး၊ မေးတာကို ဖြေပေးပါဆိုမှ သူဆက်မလုပ်တော့တာ”ဟု ဦးဂျီမာခါး က ဧရာဝတီသို့ ပြောသည်။
    ဦးဘရန်ရှောင်သည်၂၀၀၂ ခုနှစ်တွင် KIO ၌ စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုယ်ပိုင်အမှတ် A-18555 ဖြစ်ကြောင်း စရဖ က စွပ်စွဲရာ ထိုစွဲချက်နှင့်ပတ်သက်၍ ယင်းသို့နံပါတ်စဉ်မျိုးသည် KIO ၌ ၁၉၈၀ ခုနှစ်နောက်ပိုင်းတွင် သုံးစွဲခြင်းမရှိတော့ကြောင်း ယခု လက် ရှိ သုံးစွဲနေသည့် ကိုယ်ပိုင်နံပါတ် များနှင့် လွဲမှားနေကြောင်း လေ့လာသိရှိချက်များနှင့် ထောက်ပြ ပြောဆိုရာတွင် တပ်ကြပ်ကြီး စော လှထူးက ဒေါသဖြင့် ကြမ်းတမ်းစွာ အော်ဟစ် ပြောဆိုသည်ဟုလည်း ၎င်းက ဆိုသည်။
    “ကျနော်ကမေးတဲ့အခါမှာ သူမဖြေနိုင်တော့ဘဲနဲ့ ထအော်တယ်၊ ခင်ဗျားက KIO နဲ့ ဆက်သွယ်လို့လား၊ ခင်ဗျားက KIO မို့လို့လား အဲဒီလောက်သိရအောင်ဆိုပြီး မဲတာပေါ့။ တရားရုံးမှာ မထီမဲ့မြင်လုပ်တာပေါ့၊ တရားသူကြီးက ခင်ဗျားအဲဒီလိုမပြောနဲ့ မေးတာပဲဖြေ ပါဆိုမှငြိမ်သွားတယ်”ဟု ဦးမာခါး က ပြောဆိုသည်။
    ထို့အပြင် ဦးဘရန်ရှောင်အားဖမ်းဆီးထားစဉ်က နှိပ်စက်ဒဏ်ရာများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ၎င်းတို့ စရဖ အဖွဲ့က နှိပ်စက်ခြင်း မဟုတ်ကြောင်း၊ ဦးဘရန်ရှောင်ရရှိထားသော ဒဏ်ရာများမှာ ၎င်းတို့ မဖမ်းဆီးမီက ဆိုင်ကယ်မှောက်ရာမှ ရရှိထားသော ဒဏ်ရာများသာ ဖြစ်ကြောင်း တပ်ကြပ်ကြီး စောလှထူးက ထွက်ဆိုခဲ့သည်ဟုလည်း သိရသည်။
    သို့သော် ဇူလိုင်လ ၂၄ ရက်နေ့ရုံးချိန်းတွင် ဦးဘရန်ရှောင်အား ဖမ်းဆီးခဲ့သူ မြစ်ကြီးနားခရိုင် ဒုစရိုက် နှိမ်နှင်းရေး တပ်ဖွဲ့မှ ဒုရဲအုပ် ဦးကျော်မျိုးနိုင်က တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခဲ့ရာတွင် ၎င်းအနေဖြင့် ဦးဘရန်ရှောင် သည် ဗုံးဖောက်ခွဲမှုတွင် ပါဝင်သူ တဦးဖြစ်ကြောင်း စရဖ ၏ သတင်းပေးချက်အရ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နှိပ်စက်မေးမြန်းမှုတွင် မပါဝင်ကြောင်း ထွက်ဆိုထားသည်။
    တရားရုံးတွင်ဖြစ်ပျက်ခဲ့သော အခြေအနေများနှင့်ပတ်သက်၍ တပ်ကြပ်ကြီး စောလှထူး ကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မှု ရရှိခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။
    ဦးဘရန်ရှောင်၏ ဒဏ်ရာများနှင့် ပတ်သက်၍ ဇနီးဖြစ်သူ ဒေါ်ညွယ်ဇယ် က “သူ့ကို စပြီးဖမ်း သွားတုန်းကဆိုရင် ဘာဒဏ်ရာ ဒဏ်ချက် မှ မရှိဘူး၊ အခုကြတော့ သူတို့နှိပ်စက်ထားပြီးမှ အကုန်လုံး မျက်နှာမှာ မီးနဲ့ကင်ထား၊ မျက်ခုံးပေါ်မှာလည်း ဆေးလိပ်မီးတွေနဲ့ တို့ထား၊ ခြေသလုံးမှာလည်း ရိုက်ထားပြီးတော့မှ တကယ်ဆို ဘရန်ရှောင်က ဆိုင်ကယ်လည်း မစီးတတ်ဘူး၊ စက်တောင်နှိုးတတ် တာ မဟုတ်ဘူး၊ ကျမတို့မှာ ဆိုင်ကယ်ရော၊ စက်ဘီးရောမရှိဘူး၊ သွားလို့ရှိရင်လည်း ခြေကျင်ပဲသွားတာ၊ ဒီစခန်းကလူတွေ အကုန် မျက်မြင်ပဲ”ဟု ဧရာဝတီသို့ ပြောသည်။
    ဦးဘရန်ရှောင် ရုံးချိန်းကို နှစ်ဘက်ရှေ့နေ၊ တရားလို တရားခံမှအပ တရားရုံးအတွင်း ကြားနာခွင့် ပိတ်ပင်ကြောင်း မြစ်ကြီးနား မြို့နယ် တရားရုံးက အမိန့်ထုတ်ပြန်ထားသဖြင့် ဇနီးဖြစ်သူနှင့် ဒေသခံများ ဝင်ရောက်ကြားနာခွင့် မရခဲ့ပေ။ သို့သော်လည်း တရားခွင် ပြင်ပတွင် တွေ့ခွင့်ရရှိခဲ့ကြောင်း ဒေါ်ညွယ်ဇယ် က ပြောပြသည်။
    ၎င်းနှင့်တွေ့ရှိချိန်တွင် ဦးဘရန်ရှောင်၏ ဒဏ်ရာများမှာ အပေါ်ယံသက်သာမှုများတွေ့ရသော်လည်း ထိုဒဏ်ရာများကြောင့် ဘယ် ဘက် နားတဘက်လုံးဝ မကြားတော့ကြောင်း၊ ကျန်းမာရေး ထိခိုက်မှုများရှိနေကြောင်း ဆက်ပြောသည်။
    “နေမကောင်းဘူးလို့ပြောတယ်၊ ရင်ဘတ်မှာလည်း တအားနာတယ်၊ ချောင်းဆိုးရင်လည်း သွေး တွေပါတယ်တဲ့၊ စကား ပြောလို့ သိပ်မရဘူးတဲ့၊ ဘယ်ဘက် နားတဘက် လုံးဝ မကြားတော့တာ၊ ကျမတို့ပြောတာကတမျိုး သူကြားတာက တမျိုး၊ တရားရုံးမှာ စစ်မယ့်နေ့တောင်မှ ကျမတို့က စိုးရိမ်နေတာ၊ တရားသူကြီးတွေ၊ ရှေ့နေတွေပြောတာတမျိုး သူကြားတာက တမျိုး အဲလို မျိုးတွေဖြစ်မှာလည်းစိုးတာ”ဟုလည်း ဒေါ်ညွယ်ဇယ် က ပြောသည်။
    စရဖ ဖမ်းဆီးထားစဉ်က ဦးဘရန်ရှောင်၏ ပေါင်နှစ်ဘက်လုံးတွင် ဓားဖြင့် ထိုးမွှေထားသော ဒဏ်ရာ၊ ဦးခေါင်း၊ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့ ဒဏ်ရာများ ရရှိထားသဖြင့် ဆေးကုသခွင့်ပေးရန် ဇူလိုင်လ ၁၁ ရက်နေ့ ပထမဆုံး ရုံးချိန်းတွင် ရှေ့နေ ဦးဂျီမာခါးက တောင်းဆိုခဲ့ခြင်းကို တရားရုံးက ပယ်ချခဲ့သည်။
    ထို့အတူ အနှိပ်စက်ခံ ဒဏ်ရာများကို ဓာတ်ပုံ မှတ်တမ်းယူခွင့် တောင်းဆိုသည်ကိုလည်း ပိတ်ပင်ခဲ့သည်။
    ဇွန်လ ၂၈ ရက်နေ့က စရဖ နှင့် ရဲအဖွဲ့များက ဦးဘရန်ရှောင်ကို ရုံးထုတ်ခဲ့ရာတွင် ခန္ဓာကိုယ်အနှံ့ နှိပ်စက်ဒဏ်ရာများ တွေ့ရှိခဲ့ရ သကဲ့သို့ အင်္ကျီအတွင်း ဝမ်းဗိုက်ပေါ်တွင် အာဏာပိုင်အဖွဲ့များက အသံဖမ်းစက်တလုံး တပ်ဆင်ပေးလိုက်သည်ကို တွေ့မြင်ရကြောင်း ဦးဂျီမာခါးက ပြောပြသည်။
    ဦးဘရန်ရှောင်ကို ဇွန်လ ၁၇ ရက်နေ့က မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှ ဒုရဲအုပ် ကျော်မျိုးနိုင်က ဂျန်မိုင်ကောင် ဒုက္ခသည် စခန်းတွင် ဖမ်းဆီးခဲ့ပြီး စရဖ အဖွဲ့က လွှဲပြောင်းယူကာ ၃ ရက်ကြာ စစ်ဆေးခဲ့ပြီးမှ ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူနှင့် ဂျန်မိုင်ကောင် ဒုက္ခသည်စခန်း တာဝန်ရှိသူများက ပြောသည်။
    “သူဘာမှမဟုတ်ဘဲနဲ့ ဒီလိုဖမ်းဆီးပြီးမှ နှိပ်စက်တဲ့အခါကြတော့ ကျမမှာ ရင်ကျိုးမရ တအားကြီးကို စိတ်ညစ်တယ်၊ အရမ်းလည်း ဝမ်းနည်းတယ်၊ သူအမြန်ဆုံးပြန်လွတ်စေချင်တယ်”ဟု ဒေါ်ညွယ်ဇယ် က ဆိုသည်။
    ဇူလိုင်လ ၆ ရက်နေ့က မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရရုံးများနှင့် မြို့တွင်းလမ်းမများ ပေါ်တွင် ဦးဘရန်ရှောင်ကို ခြွင်းချက်မရှိ လွှတ်ပေး ရေး အပါအဝင် စစ်ဘေးခိုလှုံသူ ဒုက္ခသည်များကို အဓမ္မဖမ်းဆီး နှိပ်စက်ခြင်း မပြုရန်၊ ဒုက္ခသည်များကို လုံခြုံမှုပေးရန်၊ တရားရုံး ခွင့်ပြုမိန့်မရဘဲ လူတဦးအား ၂၄ နာရီ ကျော်လွန်၍ ဖမ်းဆီးထားခြင်း မပြုရန်နှင့် ဖမ်းဆီးထားသူအား ညှဉ်းပန်းနှိပ်စက် ခြင်းများ မပြုရန် ဒေါ်ညွယ်ဇယ် အပါအဝင် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ၊ ဒုက္ခသည် ၅၀၀ ကျော်နှင့် မြို့ခံ ၁၀၀၀ ကျော်တို့ စုပေါင်း၍ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
    ဦးဘရန်ရှောင်အပါအဝင် ကချင်ပြည်နယ်အတွင်း၌ KIO နှင့်ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံထားရသူ ၅၀ ကျော်ရှိကြောင်း မြစ်ကြီးနားမြို့နယ်ရှိ ရှေ့နေများ၏ မှတ်တမ်းများအရ သိရှိရသည်။ ထို့အပြင် ရှမ်းပြည် နယ် မြောက်ပိုင်းတွင်လည်း ယင်းသို့စွပ်စွဲချက်ဖြင့် ဒေသခံ ၂၀ ကျော်ရင်ဆိုင်နေရကြောင်း သိရသည်။
    credit to mmteashop.com
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:04 am
    အိန္ဒိယသံတမန် စစ်တွေမြို့ကို လေ့လာရေးခရီး သွားဖို့ ရှိ
    မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံတမန် Mr. Seshadri ဟာ မကြာသေးခင် လပိုင်းက ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာ မူဆလင်တွေအကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို လေ့လာရေး ခရီး သွားရောက်ဖို့ ရှိတယ်လို့ အိန္ဒိယနိုင်ငံထုတ် The Indian Express သတင်းစာက ဖော်ပြထားပါတယ်၊
    သူရဲ့ခရီးစဉ်အပြီးမှာ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေသူတွေနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံက ကူညီမယ့် ကိစ္စတွေကိုလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ညှိနှိုင်းသွားမယ်လို့လည်း ဆိုပါတယ်။
    အိန္ဒိယနိုင်ငံရဲ့ ဘက်စုံဆက်သွယ်ရေး စီမံကိန်းတွေအတွက် စစ်တွေမြို့ဟာ အရေးကြီးပြီး အချက်အချာကျတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ အိန္ဒိယအရှေ့ပိုင်း Kolkata ဆိပ်ကမ်းနဲ့ အရှေမြောက်ပိုင်း ပြည်နယ် တစ်ခုဖြစ်တဲ့ Mizoram တို့ဆီကို စစ်တွေမြို့ကတဆင့် ကုန်ပစ္စည်းတွေ ပိုဆောင်နိုင်ဖို့ စီစဉ်နေတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။
    ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ရှစ်သောင်းထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ထားကြောင်းလည်း သတင်းစာက ရေးသားဖော်ပြ ထားပါတယ်။
    credit to mmteashop.com
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:09 am
    ဟောင်းနွမ်းကန်ဒေါ်လာ စီးပွားရေးပိတ်ဆို့မှု ကင်းစင်မှ ဗဟိုဘဏ် လက်ခံလဲလှယ်ပေးမည်
    နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှု ကင်းစင်မှသာ ဟောင်းနွမ်းကန်ဒေါ်လာများအား လက်ခံလဲလှယ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောသည်လက်ရှိ အခြေအနေ၌ မြန်မာနိုင်ငံအား နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့ထားမှုကြောင့် ပြည်တွင်းဘဏ်များရှိ ဒေါ်လာများမှာ ပြည်ပနိုင်ငံများ၌ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်မရဘဲ ပြည်တွင်း၌သာ လှည့်ပတ် သုံးစွဲနေရကြောင်း ၎င်းက ပြောသည်။
    “ဒီမှာလုပ်နေတဲ့ ဘဏ်တွေက သူတို့ဆီဝင်လာတဲ့ ဒေါ်လာတွေကို နိုင်ငံခြားကိုသွားပြီး ရောင်းလို့မရဘူး။ ရောင်းလို့မရတာကလည်း ကျွန်တော်တို့ နိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားမှုကြောင့်ပဲ။ ဒါကြောင့် ကျွန်တော်တို့က ဒေါ်လာကို အကူးအပြောင်းလုပ်ဖို့ ခက်ခဲသလို အပြင်ကို ယူဖို့အတွက်လည်း ပိုခက်ခဲတယ်။ ဒီ့အတွက်ကြောင့် ကျွန်တော်တို့ဘဏ်တွေက ဒေါ်လာကို ငွေသားအဖြစ်နဲ့ ဒီက Customer တွေကို ထုတ်ပေးရတယ်။ အဲဒီလို ထုတ်ပေးရာမှာလည်း သူတို့က ဟောင်းတာတို့ နွမ်းတာတို့ဆိုရင် အဆင်မပြေတဲ့အတွက် ကျွန်တော်တို့က အကောင်းတွေပဲ ထုတ်ပေးရတယ်။ ဒါကြောင့် ကျွန်တော်တို့ဘဏ်တွေကလည်း ဒေါ်လာအကောင်းတွေကိုပဲ လက်ခံရတာ ဖြစ်ပါတယ်” ဟု ဦးမောင်မောင်ဝင်းက ထပ်လောင်းပြောသည်။
    ထိုသို့သော အခြေအနေများကြောင့် လက်ရှိ နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာများ၌ ဒေါ်လာ လာရောက်လဲလှယ်ရာတွင်လည်း လဲလှယ်သူများမှာ အခက်အခဲ အနည်းငယ်ဖြစ်နေရသည်ဟု နိုင်ငံခြားငွေကြေး တရားဝင် ရရှိနေသူများက ပြောသည်။ “ကျွန်တော်တို့ သွားလဲတာ ၂၀၀၆ စီးရီး ရာတန်တွေပါဗျာ။ အဲဒါကို နိုင်ငံတကာမှာလည်း သုံးခဲ့ပြီးပြီ။ အကုန်လုံးက လက်ခံတယ်။ ဒီရောက်တော့ သိမ်ဖြူမှာသွားလဲတာ တစ်ဝက်ပဲ လဲလို့ရတယ်။ ကျန်တစ်ဝက်ကလဲလို့ မရဘူး။ ဒါဆိုရင် ကျွန်တော်တို့က အဲဒီ့ပိုက်ဆံတွေကို ဘယ်လိုလုပ်ရမှာလဲ။ သုံးလို့ မရတော့ဘူးလား” ဟု နိုင်ငံခြားသင်္ဘောသား ကိုမောင်ဝင်းသာက ပြောသည်။ “ဒီအခက်အခဲက ဘယ်တော့ ပြေလည်မလဲ ဆိုရင် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်လို့ ဒီက ဒေါ်လာတွေကို ကြိုက်တဲ့ နိုင်ငံတွေကို သွားပြီး ရောင်းလို့ရပြီဆိုရင် ဒီမှာလည်း ဒေါ်လာကို ကြိုက်သလောက်ဟောင်း၊ စစ်ရင်ပြီးရောဆိုပြီး လက်ခံသွားမှာပါ” ဦးမောင်မောင်ဝင်းက ထပ်လောင်း ပြောကြားသည်။ santa santa
    credit to mmteashop.com
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:10 am
    [You must be registered and logged in to see this image.]
    မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုနှုန်း ( မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုနှုန်း လျင်မြန်လာလျက်ရှိပြီး ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံတော်အဆင့်၊ ပြည်သူများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ အားလုံး တက်တက်ကြွကြွဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက ထောက်ပြပြောကြားသည်။
    The Voice Weekly
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:13 am
    ဆေးရုံတက်သောလူနာများအသုံးပြုရန်စက်ပစ္စည်းများလှူဒါန်း
    [You must be registered and logged in to see this image.]
    ပြည်ပရောက်မြန်မာနိုင်ငံသားများစုပေါင်း၍ ဆေးရုံတက်နေသော လူနာများ အသုံးပြုရန်အတွက်လိုအပ်နေသော သွေးတွင်းရှိ ဓါတ်ငွေ့ များ စမ်းသပ်သည့် စက်နှင့် ဆက်စပ်ပစ္စည်းများ ( Arterial blood glass analyser and accessoires ) လှူဒါန်းပွဲကို ယနေ့ သြဂုတ်လ ၁၇ ရက်နေ့  နံနက် ၁၀ နာရီက ရန်ကုန်မြို့ အထွေထွေရောဂါကု ဆေးရုံသစ်ကြီး အစည်း အဝေးခန်းမ၌ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါလှူဒါန်းမှုကို အင်္ဂလန်၊ အမေရိကန်၊ သြစတေးလျ၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများတွင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများက စုပေါင်း ထည့်ဝင် လှူဒါန်းကြခြင်းဖြစ်ပြီး စုစုပေါင်းတန်ဖိုးငွေ မြန်မာငွေကျပ် သိန်း ၂၀၀ ခန့် ( ဗြိတိသျှ စတာလင်ပေါင် ၉၃၆၄.၅၅ ပေါင် ) ဖြစ်ကြောင်း လှူဒါန်း ပစ္စည်းများကို အလှူရှင်များကိုယ်စား ဦးဇွဲနန္ဒ ( UK ) က ပေးအပ်ရာ ဆေးရုံ အုပ်ကြီး ဒေါက်တာ ဦးကျော်ကျော်နှင့် ဆေးတက္ကသိုလ် ( ၁ ) မှ ဌာနမှူး / ပါမောက္ခ ဒေါက်တာညွန့် သိန်း တို့ က လက်ခံရယူကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။ Laughing Laughing
    Popular Myanmar News Journal
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:14 am
    မြန်မာလူငယ်ဖိုရမ် ကျင်းပနိုင်ရန် လူငယ်များ ပြင်ဆင်နေ
    ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ ဖြစ်လာမည့်အတွက် ကြိုတင်ပြင်ဆင်သော အားဖြင့် မြန်မာလူငယ် အဖွဲ့အစည်းများကို ကိုယ်စားပြုသော မြန်မာလူငယ်ဖိုရမ် “Myanmar Youth Forum” ကို ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ မတိုင်မီ ကျင်းပရန် စီစဉ်နေသည်ဟု ဦးဆောင်လှုပ်ရှားနေသူ တဦးဖြစ်သည့် မသဉ္ဇာရွှန်းလဲ့ရည် က ပြောသည်။
    “လောလောဆယ်တော့ ပွဲဖြစ်မြောက်ဖို့အတွက် ဆွေးနွေးပွဲ ပထမဆုံးအကြိမ် ခေါ်လိုက်တာ။ ၂ဝ၁၄ ကျရင် အဆင်သင့်
    ဖြစ်အောင်လို့ အဓိက သွားတာပါ။ Youth Forum ကို လုပ်ဖြစ်ဖို့ ရှိပါတယ်။ အဲဒီအတွက် လူငယ်အဖွဲ့တွေရဲ့ သဘောထားတွေ နားထောင်ချင်တယ်။ သူတို့ရဲ့ ပူးပေါင်းမှုတွေ လိုချင်လို့ အစည်းအဝေး ခေါ်လိုက်တာပါ” ဟု မဇ္ဈိမကို ပြောသည်။
    သြဂုတ်လ ၁၈ ရက်နေ့တွင် ကြိုတင်ညှိနှိုင်းသည့်အနေဖြင့် အစည်းအဝေးတရပ် ခေါ်ယူထားရာ ရန်ကုန်အခြေစိုက် အဖွဲ့ ၅ဝ မှ လူငယ် ၁၃ဝ တက်ရောက်ရန် စာရင်း လက်ခံရရှိပြီးဖြစ်သည်ဟု ဆိုသည်။
    မတ်လကုန်ပိုင်းက ကျင်းပခဲ့သော Asian Youth Forum စည်းဝေးသို့ မသဉ္ဇာရွှန်းလဲ့ရည် အပါအဝင် မြန်မာလူငယ် ၁၆ ဦး တက်ရောက်ခဲ့ပြီးနောက် အာရှလူငယ်ဖိုရမ်အား မြန်မာက လက်ခံကျင်းပနိုင်ရေး အတွက် ပြင်ဆင်သည့်အနေဖြင့်မြန်မာလူငယ်ဖိုရမ်အား လူငယ်များ ဦးဆောင်၍ စီစဉ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
    “ကျမတို့က အာဆီယံ လူငယ်ဖိုရမ်ကို သွားတဲ့အခါ မြန်မာနိုင်ငံမှာရော ဒီလိုလုပ်ရင် အဆင်ပြေနိုင်လား ဆိုပြီးတော့
    မေးခွန်းတွေ ထွက်လာတဲ့အခါမှာ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တော့ အဆင်သင့် မဖြစ်ကြသေးဘူးပေါ့။ ဒါကြောင့် ကျမတို့ မြန်မာနိုင်ငံက ၂ဝ၁၄ ကျရင် ဦးဆောင်ဦးစီးပြီးတော့ လုပ်ရမယ်။ အဲဒီအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဒီဖိုရမ်လေး အရင် ကျင်းပကြည့်မယ်။ မြန်မာနိုင်ငံက လူငယ်တွေလည်း ဖိုရမ်ကို သိသွားအောင်ပေါ့။ အဓိက အဲဒီလိုပါပဲ” ဟု သူက ဆက်ပြောသည်။
    ၁၈ ရက်နေ့ အစည်းအဝေးတွင် မြန်မာတနိုင်ငံလုံးမှ လူငယ်အဖွဲ့အစည်းများအား တဖွဲ့လျှင် ကိုယ်စားလှယ် နှစ်ဦး ထက်မပိုဘဲ တက်ရောက်ပေးကြပါရန် ဖိတ်ကြားထားသော်လည်း မည်သည့်နေရာတွင် ကျင်းပမည်ဆိုသည်ကိုမူသောကြာနေ့တွင် ထုတ်ပြန်ကြေညာမည်ဟု ဆိုသည်။ tongue tongue
    မဇ္ဈိမ
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:15 am
    ၁၈ နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်သူများကို ယာဉ်တင်သွင်းခွင့်ပါမစ်ရပ်ဆိုင်းမည့်သတင်းမဟုတ်မှန်
    အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူများအား မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်ထုတ်ပေးနေခြင်း ရပ်ဆိုင်းတော့မည်ဆိုသောသတင်းမှာ
    မဟုတ်မှန်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးတိုးအောင်ကပြောကြားသည်။
    ကိုယ်တိုင်လျှောက်ထားသူများမှာ ရန်ကုန်မြို့ရှိ စီးပွား/ကူးသန်းရုံးတွင် လျှောက်ထားနိုင်ပြီး ကိုယ်စားလှယ်ဖြင့် လျှောက်ထားသူများမှာမူ နေပြည်တော်တွင်လျှောက်ထားရမည်ဟု ဦးတိုးအောင်ကပြောကြားသည်။
    နိုင်ငံခြားငွေစာရင်း ဖွင့်ထားပြီး အသက် ၁၈ နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံသားများသည် ၂၀၀၇ မော်ဒယ်အထက် ကားတစ်စီး တင်သွင်းခွင့်ပြုခြင်းကို ၂၀၁၂ မေလ ၄ ရက်ကစတင်ခွင့်ပြုခဲ့ပြီး သြဂုတ်လ ၂၆ရက်အထိ နေပြည်တော်တွင် လျှောက်ထားသူ ၈,၀၈၈ ဦးနှင့် ရန်ကုန်ရုံးခွဲတွင် လျှောက်ထားသူ ၇၇၈ ဦးရှိကြောင်း သတင်းရရှိသည်။
    cyclops cyclops
    7Day News Journal
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Sat Aug 18, 2012 9:16 am
    မြန်မာနိုင်ငံ အမျိုးသမီးများ ကွန်ယက်အဖွဲ့ ငွေလှူဒါန်း
    အမျိုးသမီးအဖွဲ့အစည်း (၁၄) ဖွဲ့ ပူးပေါင်းထားတဲ့ မြန်မာနိုင်ငံ အမျိုးသမီးများ ကွန်ယက်အဖွဲ့က ရခိုင်ဒေသမှာ အကူအညီ လိုအပ်နေသူတွေအတွက် ငွေကျပ် ၈ သိန်းကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့အဖွဲ့ထံ ဒီကနေ့ မနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ပါတယ်။
    အကူအညီ လိုအပ်နေသူတွေဆီ အလှူငွေတွေ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို အခုလို လာရောက် လှူဒါန်းရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသမီးများ ကွန်ယက်အဖွဲ့ဝင် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်စူစန်နာ လှလှစိုးက RFA ကို ပြောပါတယ်။
    ကျွန်မတို့ မြန်မာနိုင်ငံ အမျိုးသမီးအသင်းများ ကွန်ယက်ကပါ။ ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသမှာရှိတဲ့ အမျိုးသမီးတွေ နောက်ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေအတွက် ကူညီဖို့ ကျွန်မတို့အမြဲတမ်း ရန်ပုံငွေရှာပါတယ်။ ဇူလိုင်လ ၂၁ ရက်မှာလည်းပဲ ရခိုင်မှာရှိတဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေအတွက် ရန်ပုံငွေရှာဖွေပွဲ လုပ်ပါတယ်။ လက်တွေ့ချုပ်လုပ်တယ်။ နောက်ပြီးတော့ အိတ်ကလေးတွေလုပ်တယ်။ ပြန်ရောင်းတယ်။ အားလုံးရန်ပုံငွေကရတာ ၈ သိန်းပါ။ အဲဒီတော့ ဒီရန်ပုံငွေကိုလည်း ကျွန်မတို့က တစ်ကယ်ပဲ ကိုယ့်အင်အားနဲ့ ခွန်အားနဲ့ ရှာထားတဲ့ငွေ ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့ကလည်း တကယ်ထိထိရောက်ရာက် ရောက်စေချင်ပါတယ်။ ၈၈ ကျောင်းသားများအဖွဲ့ကို တဆင့်လာရောက် လှူဒါန်းခြင်း ဖြစ်ပါတယ်
    ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ထွန်းရေး အထက်မြန်မာနိုင်ငံ ခရီးစဉ်ကို အဆုံးသတ်ပြီး ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။
    ကိုကိုကြီး ဦးဆောင်တဲ့ ရှမ်းပြည်ကို သွားရောက်တဲ့ အဖွဲ့ကတော့ ဒီကနေ့ မန္တလေးမြို့ကို ရောက်ရှိနေပြီး မနက်ဖြန် မနက်ပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
    ဒီအတောအတွင်း ထိုင်းနိုင်ငံ အခြေစိုက် မဲခေါင်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး Collaboration for Young Generation in Mekong Region အဖွဲ့က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို ဒီကနေ့ ရန်ကုန်မြို့က ၈၈ ရုံးခန်းမှာ လာရောက်တွေ့ဆုံပြီး ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ပါဝင် ဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒီအဖွဲ့က ဒေသအတွင်း ပြဿနာရပ်တွေကို လူငယ်အဖွဲ့အစည်းတွေ ချိတ်ဆက်ပြီး အဖြေရှာ ဆောင်ရွက်ဖို့ အဓိက လာရောက် ဆွေးနွေးကြတာ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုက ပြောပါတယ်။
    အဓိကက ကျွန်တော်တို့ ဒီဒေသေတွင်းမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေ၊ လူနေမှုဘဝတွေ နောက်ပြီးတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေ၊ သယံဇာတကိစ္စတွေ နောက်ပြီးတော့ ဒေသအတွင်း လူငယ်တွေ ကွန်ယက်တွေနဲ့ ချိတ်ဆက်ဖို့ ကိစ္စတွေ၊ နောက်တိုင်းရင်းသားကိစ္စတွေ အဲဒါတွေကို သူတို့ ဒီ information တွေ share လုပ်ဖို့၊ နောက်ပြီးတစ်ဖွဲ့နဲ့ တစ်ဖွဲ့ ချိတ်ဆက်ထားဖို့၊ နောက်အစိုးရတွေရဲ့လုပ်ငန်းစဉ်တွေမှာ NGO တွေအနေနဲ့ ဘယ်လိုမျိုး စောင့်ကြည့်နိုင်မလဲ၊ ဘယ်လိုမျိုး လုပ်ငန်းစဉ်တွေကို သုံးသပ်နိုင်မလဲ၊ လိုအပ်မယ်ဆိုလို့ရှိရင် အကုန်လုံးကို စုစည်းပြီး Forum တွေကျင်းပပြီးတော့ အဲဒီကနေ အဖြေရှာကျဖို့ အဲဒါတွေကို သူတို့က ကြိုပြီးညှိတာ
    အာဆီယံ အစိုးရအဖွဲ့အစည်းတွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ၊ ဒေသတွင်းက ပတ်ဝန်းကျင်ထိန်းသိမ်းမှု အပါအ၀င် အခြားပြဿနာရပ်တွေကို လာမဲ့ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပမဲ့ အာဆီယံလူငယ်များ ညီလာခံမှာ ရှုဒေါင့်အမျိုးမျိုးက တင်ပြဖို့ ရည်ရွယ်ချက်တွေကိုလည်း ရှင်းလင်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ထိုင်းနိုင်ငံ အခြေစိုက် မဲခေါင်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ကို ကိုမြအေး၊ ကိုဂျင်မီနဲ့ ကိုပြုံးချိုတို့က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
    Razz Razz
    @RFA
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Sat Aug 18, 2012 5:34 pm
    သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ အချက်(၇)ချက်ပါ ပေးပို့စာအပေါ် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ သဘောထားနှင့် ဆောင်ရွက်ချက်များ အကြောင်းပြန်ကြား
    ပြည်တွင်းမီဒီယာများ၏ နစ်နာမှုများအတွက် သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ)၏ သြဂုတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခဲ့သော စာအပေါ် ပြည်သူ့လွှတ်တော် အားကစား၊ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီမှ ၎င်းတို့၏ သဘောထားနှင့် လုပ် ဆောင်နေမှုများကို အကြောင်းပြန်ကြားခဲ့ကြောင်း သတင်းရရှိသည်။
    သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ)က ပိတ်ပင်ခံထားရသော သတင်းဂျာနယ်သုံးစောင် ပြန်လည်ထုတ်ဝေခွင့်ပေးရေး အပါအ၀င် ပြည်တွင်မီဒီယာများ၏ နစ်နာနေမှုများအတွက် တောင်းဆိုချက်(၇)ချက် ပါဝင်သည့်စာကို နိုင်ငံတော်သမ္မတ အပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့် ပြည်သူ့လွှတ်တော်အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီသို့ ဂျာနယ်လစ် ၅၀၀ ခန့်၏ လက်မှတ်နှင့်အတူ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ပြန်ကြားစာတွင် စာပေ၊ စာနယ်ဇင်း၊ သတင်းမီဒီယာတို့သည် နိုင်ငံနှင့် ပြည်သူတို့အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်းကို လေးနက်စွာ အသိအမှတ် ကြောင်း၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် အကာအကွယ် ရရှိရေးအတွက် ဥပဒေပြုရာတွင် ၎င်းတို့ကော်မတီမှ အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သတင်းလွတ်လပ် ခွင့်နှင့်သက်ဆိုင်သောမေးခွန်းကို ယခုကျင်းပနေသော လွှတ်တော် အစည်းအဝေးတွင် မေးမြန်းနိုင်ရေးအတွက် တင်သွင်းထားပြီးဖြစ်ကြောင်း ပါရှိသည်။ ''ထုတ်ဝေခွင့်ပိတ်ပင်ခံထားရတဲ့ လျှပ်တစ်ပြက်ဂျာနယ် အပါအ၀င် ဂျာနယ်သုံးစောင်ကိုတော့ ထုတ်ဝေခွင့် ပြန်လည်ရရှိခဲ့ပါပြီ။ တောင်းဆိုထားတဲ့ အချက် ၇ ချက်ထဲက ၂ ကနေ ၇ အထိကတော့ ရရှိခြင်း မရှိသေးပါဘူး။ အဲဒီအထဲမှာတော့ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေလိုမျိုးတွေ ဖျက်သိမ်းပေးတာ၊ နောက်ပြီးတော့ စာပေစိစစ်ရေး ဆက်လက်ရှိနေသေးတာ၊ မီဒီယာသမားတွေကို တရားစွဲဆိုနေတာ၊ မီဒီယာသမားတွေရဲ့ သဘောထားဆန္ဒမပါဘဲ မီဒီယာဥပဒေ ရေးဆွဲနေတာ စတာတွေ ပါဝင်ပါတယ်။ဒါတွေကို ကျွန်တော်တို့ ဆက်လက်တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ နောက်ထပ်ကြေညာချက်တစ်ရပ် ထုတ်ပြန်သွားဖို့လည်း ရှိပါတယ်''ဟု သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)မှ ဦးဇော်သက်ထွေးက ပြောကြားခဲ့ပါသည်။
    fist 11
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Sun Aug 19, 2012 4:25 pm
    ဒေါ်အောင်ဆန်းစုကြည် အာဆီယံခေါင်းဆောင်မှု ဆွေးနွေးပွဲသို့ တက်ရောက်မည်
    ကွာလာလမ်ပူ၊ သြဂုတ်-၁၈
    လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ကျင်းပမည့် ASEAN 100 ခေါင်းဆောင်မှုဖိုရမ်သို့ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း Asia Inc ဖိုရမ်၏ ထုတ်ပြန်ချက်အရ သိရသည်။
    ဒေါ်အောင်ဆန်းစုကြည်သည် နှစ်စဉ်ကျင်းပသော ဖိုရမ်တွင် မိန့်ခွန်းပြောကြားရန်ရှိပြီး အခမ်းအနားဒုတိယနေ့တွင် ဆွေးနွေးပွဲသို့ လာရောက်သူများနှင့် ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း Asia Inc ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။
    ယခုနှစ်တွင် ဆွေးနွေးမည့် ခေါင်းစဉ်မှာ “လှိုင်းထန်နေသော ကမ္ဘာကြီး၊ အမြင့်ပျံနေသော အာရှ၊ ဒီကနေ ဘယ်လိုရှေ့ဆက်ကြမလဲ”ဟူ၍ဖြစ်ပြီး အခမ်းအနားအား ဒီဇင်ဘာ ၅၊ ၆ ရက်များတွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်သည်။
    Asean 100 Leadership Forum သည် ဒေသတွင်း၌ ၎င်းတို့ ကျင်းပသော အခမ်းအနားများတွင် အအောင်မြင်ဆုံးဖြစ်ပြီး အာဆီယံဒေသ၏ အနာဂတ်စီးပွားရေးခေါင်းဆောင်များ၊ အစိုးရ အကြီးအကဲများနှင့် လူ့အဖွဲ့အ စည်း ခေါင်းဆောင်များအတွက် အဓိကရည်ရွယ်ကြောင်း Asia Inc ကြေညာချက်က ဖော်ပြသည်။
    ယခုနှစ် ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင် ဆွေးနွေးမည်ဆိုခြင်းအတွက် အလွန်ပင် ဂုဏ်ယူဝမ်းမြောက် မိကြောင်း၊ သူမ၏ ဘ၀ခရီးလမ်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုမှာ အာဆီယံဒေသတွင်သာမက အခြား ဒေသများအတွက်ပါ အတုယူလေးစားစရာ ဖြစ်သည်ဟု Asia Inc ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာတင်မိုးသီအွန်က ပြောကြားသည်။
    ကိုးကား- Asean 100 Forum
    @7Day News Journal
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Sun Aug 19, 2012 4:27 pm
    UN/INGOs များမှ ရခိုင်ပြည်သူများအား ခွဲခြားဆက်ဆံခြင်းနှင့် ပတ်သက်၍ ရခိုင်အဖွဲ့အစည်းများမှ ရခိုင်လူငယ် ၁၀၀ခန့်ဖြင့် သဘောထားထုတ်ဖော်မှု ပြုလုပ်
    Sunday, 19 August 2012 14:02
    [You must be registered and logged in to see this image.]
    သဘောထားထုတ်ဖော်မှုမြင်ကွင်းများအား တွေ့ရစဉ်
    UN/INGOs များမှ ရခိုင်ပြည်သူများအား ခွဲခြားဆက် ဆံခြင်းနှင့်ပတ်သက်၍ ရခိုင် အဖွဲ့အစည်းများမှ ရခိုင်လူငယ် ၁၀၀ခန့်ဖြင့် သဘောထားထုတ် ဖော်မှုကို ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၁၉ရက် နေ့ နေ့လည် ၁၁နာ ရီခွဲအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
    ''UN ကိုယ်တိုင်ကိုက ပရိပက္ဓကာကွယ်ရေး (Conflit Prevention) ဆိုတာရှိတယ်။ အခုသူတို့က ပရိပက္ဓကို ကာကွယ်ဖို့ လုပ်တာမဟုတ်ပဲနဲ့ ဖန်တီးဖို့လုပ်တဲ့ပုံစံ ဖြစ်နေတယ်။ ဒီလို လူမျိုးနှစ်မျိုးရှိနေတဲ့ ပရိပက္ဓများနိုင်တဲ့ နယ်မြေမျိုးမှာဆိုရင် ပိုပြီးတော့ သတိထား လုပ်ကိုင်ရမှာ။ သူတို့ မလုပ်ဘူး။ များသောအားဖြင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးမှုကိစ္စ(Human Development Issue) တွေလုပ်တာ၊ Program တွေ လုပ်တာအကုန်လုံးကို သူတို့ ဘင်္ဂါလီတွေအတွက်ပဲ လုပ်ပေးတယ်။ ရခိုင်တွေအတွက် မ လုပ်ပေးဘူး။ သွားကြည့်လို့ရှိရင် ရခိုင်တွေမှာ သူတို့တူးပေးထားတဲ့ ရေတွင်းတစ်တွင်းတောင် မရှိဘူး။ ဆေးဝါး ထောက်ပံ့တာကအစပေါ့။ ရခိုင် တွေမှာလည်း ဆင်းရဲတဲ့သူတွေ ရှိတာပဲ။ အလုပ်လိုနေတဲ့သူတွေ လည်းရှိတာပဲ။ နောက်ဆုံးသူ တို့ဆီမှာ အလုပ်တွေပေါ်လာ ရင်လည်း ကျွန်တော်တို့ ရခိုင်တွေရတာ တစ်အားနည်းပါတယ်။ အဓိကပြောချင်တာက နောက်တစ်ခါ ၀င်လာမယ်ဆိုရင် နှိမ့်ချခွဲခြားဆက်ဆံခြင်း (Discrimination) ကို ရပ်ပေးရမယ်။ UN မှာကျွန်တော်တို့ မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့က UN ကို ပစ်ပယ်လို့တော့ မရဘူး။ ဒါပေမယ့် ၀င်လာမယ်ဆိုရင် မျှတမှု ရှိရမယ်။ တရားသဖြင့်ဖြစ်ရမယ်လို့ တောင်းဆိုချင်ပါတယ်''ဟု ခေါင်းဆောင် ကိုခိုင်ကျော်မိုးမှ ပြောကြားခဲ့သည်။
    အဆိုပါ UN/INGOs များမှ ရခိုင်ပြည်သူများအား ခွဲခြားဆက်ဆံခြင်းနှင့်ပတ်သက်၍ တရားဝင်ခွင့်ပြုချက်ဖြင့် သဘောထားထုတ်ဖော်မှုကို နေ့လည် ၁၁နာရီခွဲအချိန်မှ ၁၂ နာရီအချိန်ထိ မိနစ်သုံးဆယ်ကြာ အချိန်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ရှင်စောပုလမ်းပေါ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
    @eleven
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Sun Aug 19, 2012 4:28 pm
    အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်မည့် ကီလိုမီတာ ၃၂၀၀ အရှည်ရှိ အဝေးပြေးကားလမ်းကို ၂၀၁၆ ခုနှစ်တွင် အပြီး တည်ဆောက်မည်
    Sunday, 19 August 2012 15:35
    [You must be registered and logged in to see this image.]
    မြန်မာနိုင်ငံနယ်စပ်ရှိ တည်ဆောက်ဆဲ လမ်းပိုင်းတစ်ခု
    အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်မည့် ကီလိုမီတာ ၃၂၀၀ အရှည်ရှိ အဝေးပြေးကားလမ်း ကို၂၀၁၆ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဟု မလေးရှားနိုင်ငံ၏ Bernama သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။
    အာဆီယံနိုင်ငံများ၏ မိတ်ဖက် ခြောက်နိုင်ငံတွင် ပါဝင်သော အိန္ဒိယ နိုင်ငံသည် မြန်မာနိုင်ငံကို ချေးငွေ အမေရိကန်ဒေါ်လာသန်း ၅၀၀ ကူညီပေးထားပြီး ချေးငွေ၏အချို့ တစ်ဝက်ကို အဆိုပါသုံးနိုင်ငံသွယ် တန်းမည့် အဝေးပြေးကားလမ်း အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးမစ္စတာ အန်နေးလ်ဝဒ် ဟ၀ါက ပြောကြားခဲ့သည်။
    အဆိုပါ အဝေးပြေးလမ်းကို ၂၀၁၆ ခုနှစ်တွင်အပြီး တည်ဆောက်ရန် မျှော်မှန်းထားပြီး အိန္ဒိယ၏အရှေ့ မြောက် ပြည်နယ်များမှ မြန်မာနိုင်ငံ အထိ လမ်းအရှည် ၁၆၀၀ ကီလိုမီတာကျော် အတွက် လမ်းပိုင်းအချို့ ကို အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်ရမည်ဟု သိရသည်။
    “ဒီအဝေးပြေးလမ်းက အိန္ဒိယ ကနေ မြန်မာနိုင်ငံ မန္တလေးအထိ ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ ပြီး တော့ ထိုင်းအာဏာပိုင်တွေ အဝေးပြေးလမ်း တည်ဆောက်နေတဲ့ နေရာ ကိုဆက်သွယ်ပါမယ်။ အဲဒီနေရာက ထိုင်းနယ်စပ်ကနေ မြန်မာနိုင်ငံထဲ ကို ၆၃ ကီလိုမီတာ ဝေးပါတယ်” ဟု ၎င်းကထိုင်းနိုင်ငံ၏ နေ့စဉ်ထုတ် The Nationသတင်းစာနှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ပြောကြားထားသည်။
    ၎င်းက အဆိုပါသုံးနိုင်ငံဆက် အဝေးပြေးလမ်းမကြီးသည် ကုန်စည်တင်ကားများကို အိန္ဒိယမှ မြန်မာထိုမှတစ်ဆင့် ချင်းရိုင်နှင့် နယ်စပ်မြို့များကိုဖြတ်၍ ထိုင်းနိုင်ငံကို ဆက်သွယ် သွားလာနိုင်စေ မည်ဟုဆိုသည်။
    “ ဒီအဝေးပြေးလမ်းက သုံးနိုင်ငံစလုံးအတွက် ကုန်သွယ်မှုမြှင့်တင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာစေဖို့၊ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့နဲ့ အခြားအကျိုးတွေ အများကြီး ရရှိနိုင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
    အဆိုပါ ကားလမ်းစီမံကိန်း အတွက် ငွေကြေးကူညီပေးသော အခြားအဖွဲ့အစည်းများတွင် အာရှဖွံ့ဖြိုးမှုဘဏ် (AGB) နှင့် ကမ္ဘာ့ဘဏ်လည်း ပါဝင်နေသည်ဟု သိရသည်။
    အဆိုပါလမ်းကြောင်းသည် အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများ ကိုဆက်သွယ်သည့် အရှေ့အနောက် စီးပွားရေးစင်္ကြံကို ဖော်ဆောင်ပေးမည်ဖြစ်သည်။
    ထို့အတူ တရုတ်နိုင်ငံ တောင်ပိုင်းမှ အရှေ့တောင်အာရှ အဓိက နယ်မြေများဖြစ်သည့် မြန်မာ၊ ထိုင်း နိုင်ငံတို့ကိုဖြတ်၍ မလေးရှား၊ စင်ကာပူအထိ ဆက်သွယ်ထားသည့် မြောက်-တောင် စီးပွားရေးစင်္ကြံလမ်း လည်း ရှိသည်။
    @eleven
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Mon Aug 20, 2012 3:19 pm
    လှိုင်သာယာ စက်မှုဇုန်အလုပ်သမား ကိုယ်စားလှယ်များ သတင်းစာရှင်းလင်း
    အလုပ်ရှင်တွေရဲ့
    အခွင့်အရေး ချိုးဖောက်မှုတွေ၊ အလုပ်သမားတွေရဲ့ နစ်နာမှုတွေနဲ့ ပတ်သက်လို့
    ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံမှာ ရှိတဲ့ စက်ရုံ (၁၅) ခုက အလုပ်သမား
    ကိုယ်စားလှယ် (၅၀) လောက် ဒီကနေ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်း
    ပြောကြားခဲ့ကြပါတယ်။
    ဒီသတင်းစာ ရှင်းလင်းပွဲကို လှိုင်သာယာမြို့နယ်
    န၀ဒေးအိမ်ယာမှာ ရှိတဲ့ ရတနာတိုး စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊
    စက်ရုံတိုင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေ အားလုံး တန်းတူ
    အခွင့်အရေး ရရှိဖို့ အလေးထား ဆွေးနွေးခဲ့တယ်လို့ အလုပ်သမား ကိုယ်စားလှယ်
    တစ်ဦးဖြစ်သူ ကိုရဲမင်းနိုင်က RFA ကို ပြောပါတယ်။
    အလုပ်ရှင်က
    စာချုပ်ပါ စည်းကမ်းချိုးဖောက်ရင် အရေးယူနိုင်ဖို့၊ ဆန္ဒပြသည် ဖြစ်စေ မပြသည်
    ဖြစ်စေ အလုပ်သမား တန်းတူ အခွင့်အရေးရရှိစေဖို့ ဖြစ်ကြောင်း ပြောပါတယ်။
    အလုပ်ရှင်တွေနဲ့
    အလုပ်သမားတွေ အကြား သဘောတူညီထားတဲ့ စာချုပ်ပါ အချက်တွေကို
    အလုပ်ရှင်တွေဘက်က အလွယ်တကူ ချိုးဖောက်နေကြတဲ့ အပေါ် အရေးယူ
    ဆောင်ရွက်နိုင်တဲ့ တရားဥပဒေ မရှိသေးတာဟာ အားနည်းချက် တစ်ခု ဖြစ်နေတယ်လို့
    အဲဒီသတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ အလုပ်သမား အရေး ဆောင်ရွက်နေသူ
    ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က မသက်သက်အောင်က ပြောပါတယ်။
    အလုပ်သမားတွေကိုသာ
    အလုပ်ထုတ်နိုင်တဲ့ ဥပဒေများ ထဲ့သွင်းထားပြီး အလုပ်ရှင်ကို
    ဥပဒေချိုးဖောက်မှုနဲ့ အရေးယူနိုင်မယ့် ပုဒ်မများကို ဖော်ပြထားတာ
    မတွေ့ရကြောင်း ပြောပါတယ်။
    လှိုင်သာယာ စက်မှုဇုံက စက်ရုံအချို့မှာ
    လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ အခြေခံ လုပ်ခလစာ တိုးမြှင့်ရေးနဲ့ အခြား
    အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မေလဆန်းကစလို့
    ဆက်တိုက် ဆိုသလို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီနောက် အာဏာပိုင်တွေရဲ့
    ကြီးကြပ်မှုနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကြား နှစ်ဖက် သဘောတူ စာချုပ်တွေ
    ချုပ်ဆိုခဲ့ကြပေမယ့် လက်တွေ့မှာတော့ အလုပ်ရှင် အများစုက အဲဒီ စာချုပ်ပါ
    အချက်တွေကို လိုက်နာ ဆောင်ရွက်မှု မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
    ဒီသတင်းစာ
    ရှင်းလင်းပွဲကို လှိုင်သာယာ စက်မှုဇုံမှာရှိတဲ့ လပ်ကီး ရှူးဖိနပ် စက်ရုံ၊
    မိုင်းတပ် အထည်ချုပ် စက်ရုံ၊ မြန်မာပုလဲ အထည်ချုပ် စက်ရုံ၊ မြန်မာဆန်နီ
    ဖိနပ်စက်ရုံ စတဲ့ စက်ရုံ အသီးသီးက အလုပ်သမား ကိုယ်စားလှယ်တွေ
    တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
    @rfa
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Tue Aug 21, 2012 1:09 pm
    [You must be registered and logged in to see this image.]
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Tue Aug 21, 2012 1:11 pm
    ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏ တူမအရင်းဖြစ်သူ ဒေါ်နန်းမြသစ်က
    စီးပွားရေးနှင့်စီမံခန့်ခွဲမှုတာဝန်ယူထားသည့်
    နယ်ခြားပြည်သူ့စစ်အဖွဲ့အစည်းပိုင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ
    လယ်မြေ ၁၅ ဧကကို ကျူးကျော်သူများ ၀င်ရောက်နေထိုင်လျက်ရှိကြောင်း
    သတင်းရရှိသည်။
    မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်
    အကွက်အမှတ်(၅၃၇)ရှိ လယ်မြေ ၁၅ ဧကကို ကျူးကျော်သူများက ၀င်ရောက်ကျူးကျော်
    နေထိုင်နေခြင်းဖြစ်သည်ဟု နယ်ခြားပြည်သူ့စစ် အဖွဲ့အစည်းထံမှ သတင်းရရှိသည်။
    ဒေါ်နန်းမြသစ်၏ မိခင်ဖြစ်သူ ဒေါ်မန်ဆိုင်ပန်ပုံသည် ဒုတိယသမ္မတ
    ဒေါက်တာစိုင်းမောက်ခမ်း၏ နှမအရင်းဖြစ်သည်ဟု ၄င်းကဆိုသည်။ ဒေါ်နန်းမြသစ်၏
    အမျိုးသားဖြစ်သူ နယ်ခြားပြည်သူ့စစ်အဖွဲ့တွင် ဒုတိယဗိုလ်မှူးကြီးတာဝန်
    ထမ်းဆောင်နေသူ ဒုတိယဗိုလ်မှူးကြီးညွန့်စိန်က "ကျွန်တော်တို့
    လယ်သမားသုံးဦးဆီကနေ ကျပ်သိန်း ၁,၈၀၀ နဲ့ ၀ယ်ထားပြီး
    မကြာခင်ရက်ပိုင်းအတွင်းပဲ ကျူးကျော်ခံရတာပါ။ စည်ပင်က ၁၅ ရက်နေ့နောက်ဆုံး
    ဖယ်ပေးဖို့ ကြေညာချက်ထုတ်ထားပေမယ့် ခုထိမထူးခြားသေးဘူး"ဟု ပြောသည်။ အဆိုပါ
    အဖွဲ့အစည်းမှ ၀ယ်ယူလိုက်သော လယ်မြေ ၁၅ ဧကသည် ၁၉၉၂ ခုနှစ်ဝန်းကျင်က
    နိုင်ငံတော်အစိုးရက တောင်သူများထံမှ တစ်ဧကလျှင် ကျပ် ၄,၀၀၀ နှုန်းဖြင့်
    သိမ်းပြီးဖြစ်ကြောင်း ယင်းလယ်မြေများကို ပိုင်ဆိုင်လုပ်ကိုင်ခဲ့သော
    တောင်သူများထံမှ သတင်းရရှိသည်။
    7Day News Journal
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Tue Aug 21, 2012 1:25 pm
    DVB က ပြန်ကြားရေးကလူတွေကို အလုပ်ခန့်မယ်ဆိုတဲ့
    ရေးသားချက်တွေအင်တာနက်ပေါ်မှာ တွေ့ရ ပါတယ်။ ဒါ့ကြောင့်
    ပြန်ကြားရေးဝန်ကြီးဌာနနဲ့ DVB ဆက်ဆံရေးကို ရှင်းပြချင်ပါတယ်။
    အစိုးရသစ်လက်ထက်
    DVB, BBC, RFA, VOA စတဲ့ပြည်ပအခြေစိုက်မီဒီယာများနဲ့ ပြန်ကြားရေးဝန်ကြီး
    ဌာနက တာဝန်ရှိသူများစတင်ထိတွေ့တဲ့အခါ မှာ ပြန်ကြားရေးဘက်က ပြည်ပအခြေစိုက်မီ
    ဒီယာများရဲ့
    သတင်းမှားယွင်းမှုများနဲ့ပတ်သက်ပြီး ထောက်ပြမှုတွေပြုလုပ်ခဲ့ပါတယ်။
    သူတို့ဘက်ကလည်း ပြည်တွင်း မီဒီယာဖြစ်ဖြစ်၊ ပြည်ပမီဒီယာဖြစ်ဖြစ်
    အစိုးရဘက်ကသာ သတင်းတွေ ပိုမိုထုတ်ပြန်ပေးမယ်၊ သတင်းထောက်တွေမေးမြန်းတာကို
    ဖြေကြားပေးမယ်ဆိုရင် သတင်းမှန်တွေ တင်နိုင်ဖို့၊
    ဖြစ်စဉ်တစ်ခုမှာပါဝင်ပတ်သက်နေသူတွေအားလုံးရဲ့ အမြင်တွေကို
    တင်ပြဖို့အခွင့်အရေးပိုရ မယ်လို့ ပြန်ဆွေးနွေးပါတယ်။
    ဒါ့ကြောင့်
    လူကြီးတွေက နိုင်ငံခြားသတင်းဌာနတွေ၊ သတင်းစာတွေက သတင်းထောက်တွေကို ပြည်ဝင်
    ခွင့်ဗီဇာတွေပိုထုတ်ပေးခဲ့သလို ပြည်တွင်းမီဒီယာများကိုလည်း
    သတင်းများထုတ်ပြန်ပေးနိုင်ဖို့အတွက် ၀န်ကြီးဌာနအလိုက်
    ပြောရေးဆိုခွင့်ရှိသူများသတ်မှတ်ပေးခဲ့ပါတယ်။ ဒါ့ကြောင့်
    ပြန်ကြားရေးဝန်ကြီး ဌာန အနေနဲ့ DVB အပါအ၀င် လာရောက်ဆက်သွယ်မေးမြန်းတဲ့
    ပြည်တွင်း၊ပြည်ပသတင်းဌာနအားလုံးကို သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။
    တရားဝင်လာဆက်သွယ်တာမရှိရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ။
    နောက်တစ်ခါ
    ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ၀န်ကြီးရဲ့လမ်းညွှန်ချက်အရ
    နိုင်ငံပိုင်ရုပ်သံနဲ့ သတင်းစာ တွေမှာ သမားရိုးကျသတင်းများအပြင်
    သဘာဝဘေးကိစ္စတွေ၊ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ စီးပွားရေး၊
    လူမှုရေးသတင်းတွေဖော်ပြဖို့ ဆောင်ရွက်ပါတယ်။ ဒီအခါမှာ မြို့နယ်တိုင်းမှာ
    ရုံးရှိတဲ့ ပြန်ဆက်ဝန်ထမ်းများက သတင်းများပေးဖို့လိုပါတယ်။ ဒါ့ကြောင့်
    သတင်းရေးသားနည်းကို ပြည်တွင်းက စာနယ်ဇင်းဆရာကြီးများဖြစ်တဲ့
    တက္ကသိုလ်မြတ်သူ၊ ဆရာ မောင်ဝံသ၊ ဆရာရဲနိုင်မိုးစတဲ့သူများနဲ့ သင်ကြားပါတယ်။
    ဒါပေမယ့် ရုပ်သံသတင်းထောက်လုပ် ဖို့ အတွက်နဲ့
    ရတဲ့သတင်းများကိုအင်တာနက်ပေါ်ကနေ ပေးပို့ဖို့အတွက်ကျတော့ DVB ကို အကူ
    အညီတောင်းပြီး သင်တန်းပို့ချပါတယ်။ ဒီလုပ်ငန်းမှာ DVB က
    အကျွမ်းကျင်ဆုံးဆိုတာ လူတိုင်းသိပါ တယ်။ နောင်မှာလည်း
    ရုပ်သံဆိုင်ရာသင်တန်းများကို နိုင်ငံတကာအဖွဲ့အစည်းများ၊ VOA, BBC, CCTV,
    NHK စတဲ့ နိုင်ငံတကာအသံလွှင့်ဌာနများနဲ့လည်း ဆက်ပြီး
    ပို့ချသွားမှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံ ပိုင်မီဒီယာများကို အသွင်သဏ္ဍန်ရော၊
    အနှစ်သာရပါပြောင်းလဲရေးလုပ်ငန်းစဉ်ရဲ့အစိတ် အပိုင်းလည်းဖြစ်ပါတယ်။
    ဒီနယ်သတင်းထောက်များက
    ပေးပို့တဲ့ရုပ်သံသတင်းများကို မြန်မာ့အသံမှာသာမက လိုအပ်တဲ့
    ပြည်တွင်း၊ပြည်ပမီဒီယာများက သုံးနိုင်ဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာန
    နေပြည်တော်နဲ့ပတ်သက်တဲ့ဓာတ်ပုံသတင်းများနဲ့ ရုပ်သံဖိုင်များ ကို
    စမ်းသပ်တင်ထားပြီးဖြစ်ပါတယ်။ ယူသုံးတဲ့လူလည်းရှိပါတယ်။ DVB ကိုလည်း
    လိုချင်ရင်ယူသုံးဖို့၊ သတင်းများနဲ့ပတ်သက်ပြီး အတည်ပြုဖို့လိုရင်
    တိုင်းဒေသကြီး၊ ပြည်နယ်တာဝန်ခံများကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း
    အသိပေးထားပါတယ်။
    ဒါ့ကြောင့် ပြန်ကြားရေးဝန်ထမ်းများကို DVB ကတာဝန်ပေးမယ်ဆိုတဲ့သတင်းမှားယွင်းကြောင်း အခိုင် အမာပြောလိုပါတယ်။
    ---------------------------------------------------------------------------------------------------------------
    `ရုပ်သံသတင်းတင်ဆက်မှုနှင့်ပတ်သက်၍့
    ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် DVB အား အကူအညီတောင်းကာ
    သင်တန်းပို့ချမှုများ ဆောက်ရွက်ခဲ့ပြီးနောက် ပြဿနာအချို့ဖြစ်ပေါ်ခဲ့ပြီး DVB
    သည် ပြန်ကြားရေးမှ လူများကို အလုပ်ခန့်မည်ဆိုသော
    ရေးသားဖေါ်ပြမှုများပေါ်ပေါက်လာခဲ့သည်။ အဆိုပါအကြောင်းအရာနှင့်စပ်လျဉ်း၍
    ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန
    ညွှန်ချုပ် ဦးရဲထွဋ်က ၄င်း၏ ဖေ့ဘွတ်စာမျက်နှာ၌ ပြန်လည်ရှင်းလင်းထားသည်ကို
    ဖေါ်ပြအပ်ပါသည်။´
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Tue Aug 21, 2012 1:27 pm
    (ပြန်တမ်းဝင်အရာရှိ)များ တာဝန်ထမ်းဆောင်ချိန်တွင် ပြစ်မှုကျူးလွန်ပါက
    ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၇(၁) အရ ဥပဒေ
    လုပ်ထုံးလုပ်နည်းနှင့်အညီ တရားစွဲဆိုခွင့်ပြုမိန့် တင်ပြတောင်းခံရန်နှင့်
    တာဝန်ချိန် ပြင်ပတွင် ပြစ်မှုကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ
    ၁၉၇ နှင့် တရားရုံးများ ညွှန်ကြားလွှာအမှတ် ၁၁/၇၀ တို့အရ
    တရားစွဲဆိုခွင့်ပြုမိန့် တင်ပြတောင်းခံရန် မလိုဘဲ ဥပဒေနှင့်အညီ တရားစွဲဆို
    တင်ပို့နိုင်ပြီဟု သြဂုတ်လ ၆ ရက်နေ့က သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့
    အစိုးရအဖွဲ့ အဆင့်ဆင့်မှ အကြောင်းကြားချက် အရ သိရသည်။ ယခင်က ပြည်သူ့ဝန်ထမ်း
    (ပြန်တမ်းဝင်အရာရှိ) များ ပြစ်မှုကျူးလွန်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊
    ပြည်နယ် ရဲတပ်ဖွဲ့များထံမှ တရားစွဲဆိုခွင့်ပြုမိန့် မလိုအပ်ဘဲ
    တင်ပြတောင်းခံနေရ၍ ဦးစီးဆိုင်ရာ လုပ်ငန်းများနှင့် အမှုများသည် မလိုအပ်ဘဲ
    နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ကြောင်း အကြောင်းကြားစာတွင် ထည့်သွင်း
    ဖော်ပြထားသည်။ ထိုသို့ တင်ပြတောင်းခံသည့် ပြစ်မှုများကို ပြည်ထောင်စု
    ရာထူးဝန်အဖွဲ့က ၂၁-၃-၂၀၁၂ ရက်နေ့၌ တာဝန်ထမ်းဆောင်မှုနှင့် ဆက်စပ်မှုမရှိသည့်
    ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြုလုပ်မှုများကို တရားစွဲဆိုခွင့်ပြုမိန့် ရယူရန်
    မလိုအပ်ဟု ထင်မြင်ယူဆကြောင်းကို ပြန်ကြားခဲ့ခြင်း ဖြစ်သည်။
    “နှစ်ပိုင်းရှိတယ်။ အကျဉ်းဦးစီးတို့၊ စစ်ဘက်ဆိုင်ရာတို့မှာတော့ အဆင့်ဆင့်
    တင်ပြရမှာပါ။ ကျန်တဲ့ဌာနတွေဆို အကြောင်းကြားစာပဲ ပို့ရပါမယ်။ ဥပဒေနဲ့အညီ
    လုပ်ဖို့ပဲရှိပါတယ်” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး တစ်ဦးက ပြောကြားခဲ့ကြောင်း
    ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင်
    ဖော်ပြထားပါသည်။
    မြန်မာတိုင်း(မ်) ဂျာနယ်
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Tue Aug 21, 2012 1:31 pm
    ဦးအောင်သိန်းလင်းကို ကန့်ကွက်ရန် မဲဆန္ဒရှင်လက်မှတ် ၁,၃၀၀ ကျော် စုဆောင်းရရှိပြီဟုဆို
    ပြည်ခိုင်ဖြိုးပါတီ
    တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏
    တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင်
    ပြောဆိုခဲ့သော စကားများအား မနှစ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ
    တင်ပြရန် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူဆန္ဒမဲလက်မှတ်များ စုဆောင်းရာတွင်
    လက်မှတ
်ပေါင်း ၁,၃၀၀ ကျော်ရရှိနေပြီဖြစ်ကြောင်း ဦးဆောင်ဦးရွက်ပြုသူ ဦးမင်းအောင်ကပြောသည်။
    “လက်မှတ်ထိုးဖို့ပေးထားတဲ့
    စာရွက်တွေကိုတော့ လူငယ်တွေ ပြန်စုနေပြီ။ ဒီအပတ်ထဲမှာတော့
    သေချာပေါက်တင်ဖြစ်ပါပြီ” ဟု ဦးမင်းအောင်က သြဂုတ် ၂၀ ရက်တွင်ပြောသည်။
    တရုတ်နိုင်ငံထုတ်
    Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ဦးအောင်သိန်းလင်းက
    သမ္မတဦးသိန်းစိန်က မိမိ၏သက်တမ်းကာလအတွင်း တည်ဆောက်မှုများ
    ရပ်ဆိုင်းထားမည်ဟုဆိုသော ဧရာဝတီမြစ်ဆုံဆည်ကို
    မဖြစ်မနေပြန်လည်တည်ဆောက်သွားမည်ဟု ပြောဆိုခဲ့ သဖြင့် ယခုကဲ့သို့
    ဇူလိုင်လကုန်မှစ၍ ကော်မရှင်ဥက္ကဋ္ဌထံ တင်ပြရန် လက်မှတ်စတင်စုဆောင်းခဲ့သည်။
    အဆိုပါကိစ္စနှင့်ပတ်သက်ပြီး
    ပြည်ခိုင်ဖြိုးပါတီမှ စုံစမ်းစစ်ဆေးလျက်ရှိသည်ဟုသိရပြီး
    ဦးအောင်သိန်းလင်းမှာလည်း ရန်ကုန်တိုင်း တာဝန်ခံရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
    ဖွဲ့စည်းပုံအခြေခံဥပဒေ
    အခန်း(၉) (လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း)
    အပိုဒ်-၃၉၆(ခ)တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင် အနည်းဆုံး ၁
    ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော တိုင်တန်းချက်ကို
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု ပြဋ္ဌာန်းထားသည်။
    ၂၀၁၀
    ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ မဲပေးသူရှစ်သောင်းကျော်ရှိပြီး၊
    ၈၀၀ ပြည့်လျှင် ၁ ရာခိုင်နှုန်းပြည့်ကြောင်း ဦးမင်းအောင်ကပြောသည်။
    ပြည်ခိုင်ဖြိုးပါတီက ဦးအောင်သိန်းလင်းအနေဖြင့် အမှန်တကယ်ပြောကြားခြင်း
    ရှိ၊ မရှိကိုလည်း စိစစ်ဆောင်ရွက် လျက်ရှိပြီး တွေ့ရှိချက်များအပေါ်မူတည်၍
    ပါတီစည်းကမ်းအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု
    ကြေညာချက်ထုတ်ပြန်ထားသည်။
    7Day News Journa
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Tue Aug 21, 2012 1:34 pm
    လွှတ်တော်အမတ် ဆရာဝန် ဆမ လျှောက်ခွင့်ကျရေး
    နိုင်ငံရေး
    ပြစ်မှု နဲ့ စွဲချက် အတင်ခံရအပြီး ထောင်ဒဏ်ကျတဲ့ ရှေ့နေတွေ အကျဉ်း က
    လွတ်မြောက်လာတဲ့ အခါမှာ ရှေ့နေ လိုင်စင် ပြန်ပေးမယ့် သတင်း ထွက်လာအပြီး မှာ
    အလားတူ ထောင်က လွတ်လာသူ ဆရာဝန်တွေ ကိုလည်း မြန်မာနိုင်ငံ ဆေးကောင်စီမှာ
    စုံစမ်းနိုင်တဲ့ အကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က တဆင့် သတင်းထွက်ပါတယ်။
    လက်ရှိ
    ကျောက်ပန်းတောင်းမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ
    ဇော်မြင့်မောင် က ၁၉၉ဝ ပြည့် ရွေးကောက်ခံ အမရပူရမြို့နယ် NLD အမတ် အနေနဲ့
    နှစ်ရှည် ထောင်ကျခဲ့ အပြီး ၂၀၀၉ ခု နှစ်မှာ လွတ်လာခဲ့ပုံ၊ ၂၀၁၀
    ရွေးကောက်ပွဲ မတိုင်ခင် မှာ ဆေးကုသခွင့် ဆမ ကို ပြန်လည်ထုတ်ပေးမယ်၊
    ဒါပေမယ့် နိုင်ငံရေး နဲ့ ကင်းရှင်းကြောင်း၊ နိုင်ငံရေး မလုပ်တော့ပါဘူး လို့
    လက်မှတ် ထိုးမှ ဆမ ပြန်ရမယ် လို့ ကျန်းမာရေး ဝန်ကြီးဌာန က ပြောပုံ ကို
    ဘီဘီစီ ကို ရှင်းပြပါတယ်။
    ဒေါက်တာ ဇော်မြင့်မောင် ဘက်ကလည်း
    နိုင်ငံရေးပဲ လုပ်မယ်၊ လက်မှတ်လည်း မထိုးနိုင်ဘူးပြောပြီး ဆမ
    မလျှောက်တော့ကြောင်း ပြောပါတယ်။ အခုလို လိုင်စင်ပြန်ပေးရေး အပိုင်းမှာ
    အချိန်ဆွဲ တဲ့ လုပ်နည်း လုပ်ဟန်ဟာ ဒီမိုကရေစီ စနစ် နဲ့ မကိုက်ညီပုံ ကို
    ဘီဘီစီ ကို ရှင်းပြပါတယ်။
    တကယ်တော့ ကိုယ်တတ်ထားပြီးသား အတတ်ပညာ နဲ့
    လွတ်လပ်စွာ လုပ်ပိုင်ခွင့်ဟာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီမှာ
    လွှတ်တော်တွင်း တောင်းခံမှု ရှိခဲ့လို့ ခွင့်ပြုမယ် ဆိုတဲ့ ဖြေကြားချက်
    ကြားခဲ့ရ ပုံပါ ဒေါက်တာ ဇော်မြင့်မောင် က ဘီဘီစီ ကို ပြောပါတယ်။
    @bbc
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Wed Aug 22, 2012 8:36 am
    ကြိုးဖုန်းများ နှစ်စဉ်ကြေး တိုးကောက်နေသည်မှာ မဟုတ်
    By Hot News Weekly Journal 20 August, 2012 - 13:25
    မြန်မာ့ဆက်သွယ်ရေး
    လုပ်ငန်းက မိုဘိုင်းဖုန်း ကနဦး တပ်ဆင်ခများနှင့် ခေါ်ဆိုနှုန်းထားများအား
    တစ်ဆင့်ပြီးတစ်ဆင့် လျှော့ချပေးလျက်ရှိရာ ယခု အပြင်တွင် သတင်းထွက်နေသော
    ကြိုးဖုန်းများအား သတင်းကြေညာခြင်း မရှိဘဲ တိုးမြှင့် ကောက်ခံနေသည်
    ဆိုသည်မှာ မဟုတ်မှန်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ်
    တစ်ဦးက ပြောကြားသည်။ "အခု အပြင်မှာ ထွက်နေတဲ့ သတင်းတွေက မမှန်ပါဘူး။
    ဘာလို့လဲဆိုတော့ အရင်က ကြိုးဖုန်း တစ်နှစ်ကို (၆၀၀၀) ကောက်ပါတယ်။ တစ်လချင်း
    တွက်မယ်ဆိုရင် တစ်လကို ၅၀၀ ကျပါတယ်။ အခု အဲလိုမျိုး မဟုတ်တော့ဘဲနဲ့
    တစ်လချင်း ဘီလ်ထဲပဲ (၅၀၀) ထည့်ပေါင်းသွားတယ်။ နှစ်စဉ်ကြေး မရှိတော့ဘူး။
    နောက်တစ်ခု ရှိပါသေးတယ်။ ကျွန်တော်တို့က ပြည်သူကို အသိမပေးဘဲ ဘာမှ
    မလုပ်ပါဘူး။ ကျွန်တော်တို့ ဘာလုပ်လုပ် မီဒီယာတွေကို အရင်ပြောပါတယ်။ နောက်
    ကျွန်တော်တို့ ရုံးတွေမှာလည်း ကြေညာပါတယ်" ဟု မြန်မာ့ဆက်သွယ်ရေးမှ
    အင်ဂျင်နီယာချုပ် တစ်ဦးက ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေး ကောက်ခံသည့်
    လစဉ်ကြေးမှာ ၅၀၀ ကျပ်ဖြစ်ပြီး (၅၄၀) ဆိုသည်မှာ မဟုတ်ကြောင်း၊ ထိုလစဉ်ကြေး
    (၁၂) လစာ ပေါင်းဆောင်မှသာ (၆၀၀၀) ဖြစ်ကြောင်း အင်ဂျင်နီယာချုပ် တစ်ဦး၏
    ပြောကြားချက်အရ သိရသည်။
    @Hot News Weekly Journal
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Wed Aug 22, 2012 8:39 am
    မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်အတွင်းရှိ ကျူးကျော်နေထိုင်သူများအား ရှင်းလင်းရာမှ အဓိကရုဏ်းဖြစ်ပွား
    မန္တလေးမြို့၊မြရည်နန္ဒာရပ်
    ကွက်အတွင်းရှိ လယ်ယာမြေများ၊
    မြေလွတ်မြေရိုင်းများတွင်ကျူးကျော်နေထိုင်သူများအား ဖယ် ရှားရှင်းလင်းရာမှ
    အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ သြဂုတ် လ ၂၁ ရက်နေ့နံနက်ပိုင်းက အ
    ဆိုပါမြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော်နေထိုင်သူများအား
    သက်ဆိုင်ရာအပိုင်ရဲစခန်းမှဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင်အင်အား ၇၀
    ကျော်ဝန်းကျင်ခန့်ဖြင့် ဖယ်ရှား ထွက်ခွာရန်ပြောကြားခြင်းနှင့်ဦးဆောင်သူ
    ဦးဝင်းမြင့်ထွန်းအား ဖမ်းဆီးခဲ့ရာမှ အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု
    သိရသည်။
    ယင်းသို့ဖြစ်ပွားမှုကြောင့် ကျူးကျော်ဝင်ရောက်နေထိုင်သူ ၈
    ဦးဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ ဆောင်ကုသမှုများပြုလုပ်ခဲ့ရကြောင်း
    သိရှိရသည်။ ကျူးကျော်နေထိုင်သူများအား သြဂုတ်လ ၁၅ ရက်နေ့
    နောက်ဆုံးထားထွက်ခွာရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ
    ကြေညာချက်ထုတ် ပြန်ထားခဲ့ပြီး ယခုကဲ့သို့
    ဖယ်ရှားကြရန်နှင့်ဦးဆောင်ပြုလုပ်နေသူ အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
    ``မနက်
    ၈ နာရီခွဲလောက်မှာ ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး ထွက်ခွာဖို့ပြောတယ်။
    နောက်ပြီး ဦးဝင်းမြင့်ထွန်းကို ဖမ်းဖို့လုပ်တာကို နေ ထိုင်သူတွေက
    ထိခိုက်ဒဏ်ရာရတယ်။ ဖမ်းသွားတာတော့ တစ်ယောက်မှမရှိပါ ဘူး´´ဟု
    အဆိုပါဖြစ်ပွားစဉ်ကို မျက်မြင်တွေ့ကြုံသူတစ်ဦးက ပြောပါသည်။
    အဆိုပါဖြစ်စဉ်နှင့်ပတ်သက်
    ၍ အရေးယူဆောင်ရွက်မှုများပြု လုပ်လျက်ရှိသော အောင်ပင်လယ် ရဲစခန်းသို့
    သွားရောက်မေးမြန်း ခဲ့ရာ ရဲစခန်းအတွင်းအ၀င်ဝ၌ သံဆူးကြိုးများချထားကာ ၀င်
    ရောက်ခွင့်မည်သူမှ မရှိကြောင်း ဂိတ်ပေါက်ရှိ တာဝန်ကျရဲဝန် ထမ်းတစ်ဦးက
    ပြောကြားခဲ့သည်။
    ``ဒီနေ့ထောက်ခံစာလာလုပ်တဲ့သူ လည်း
    လက်မခံပါဘူး။ဒီကိစ္စကို နောက်နေ့မှလာရောက်မေးမြန်း လှည့်ပါ။ဒီနေ့တော့ဘယ်သူမှ
    လက်ခံပြောမှာမဟုတ်ပါဘူး´´ ဟု အဆိုပါရဲအရာထမ်းကပြောပါသည်။
    အဆိုပါဖြစ်ပွားမှုနှင့်ပတ်သက်
    ၍ မြို့တော်စည်ပင်သာယာရေး ကော်မတီမြေယာဌာနမှ ဗိုလ်ကြီး
    ဌေးလင်းကလည်း``ဒီကိစ္စက ကျွန် တော်တို့မပါဘူး။အောင်ပင်လယ် ရဲစခန်းက
    ကိုင်တွယ်တာပါ´´ဟု ပြောကြားခဲ့သည်။
    လူနေထိုင်ရန်အတွက် မြို့
    ကွက်သစ်ဖော်ထုတ်ရေး အဖွဲ့မှ ချထားသော မြေကွက်များတွင်
    ယင်းကဲ့သို့ပိုင်ဆိုင်ကြောင်းအထောက်အထား ခိုင်လုံမှုမရှိဘဲ မြေကွက်များအား
    ရက်နေ့မှစတင်၍ ကွင်းဆင်းစစ် ဆေးခဲ့ရာချမ်းမြသာစည်မြို့
    နယ်၊အောင်သာယာရပ်ကွက် နှင့်မြရည်နန္ဒာရပ်ကွက်၊ပြည်
    ကြီးတံခွန်မြို့နယ်၊ကံကြီး ကုန်းကျေးရွာ၊ဇီးအုပ်ကျေးရွာ
    နှင့်ရွာသစ်ကလေးကျေးရွာ ၊အမရပူရမြို့နယ်၊နတ်ရေကန်ကျေး ရွာတို့တွင်
    တရားမ၀င်ကျူးကျော် တဲ ၁၁၁၈ လုံး၊တရားမ၀င်ခြံခတ် ထားသည့်မြေကွက်လပ် ၂၂၂၆
    ကွက်တို့ကို စစ်ဆေးတွေ့ရှိထား ကြာင်း မြို့တ်ာစည်ပင်သာ
    ယာရေးကော်မတီမြေယာဌာန၏အ ချက်အလက်များအရ သိရသည်။
    EMG
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Wed Aug 22, 2012 8:40 am
    [You must be registered and logged in to see this image.]
    ယနေ့  ၂၀၁၂ခုနှစ်၊ သြဂုတ်လ(၂၁)ရက် နံနက် ၈နာရီခွဲခန့် က မန္တလေးမြို့ ၊ မြရည်နန္ဒာရပ်ကွက်ရှိ ကျူးကျော်တဲများတွင်
    နေထိုင်သူများကို ရဲတပ်ဖွဲ့ ဝင်များမှဖယ်ရှားရန်ကြိုးပန်းရာမှခြေချနေထိုင်သူများနှင့် ပြသနာဖြစ်ပွားခဲ့ သည်ဟုသတင်းရရှိပါသည်။
    CJMyanmar
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  လူမိုး Wed Aug 22, 2012 8:44 am
    မွန်ခွဲထွက်အဖွဲ့ ပိုင်အိမ်နှင့် ပတ်သက်၍တရားရုံး၏ မလျော်မကန်ဆုံးဖြတ်ချက် များအားနိုင်ငံတော်သမ္မတကြီး ထံတင်ပြ
    [You must be registered and logged in to see this image.]
    မွန်ပြည်သစ်ပါတီ
    (ခွဲထွက်) အဖွဲ့ပိုင်ဆိုင်သော မွန်ပြည်နယ် မော်လမြိုင်မြို့
    ဈေးကြိုဖက်ခင်းရပ် ငန်းဆေးလမ်း၊ အမှတ် (၅၀) အိမ် နှင့် မြေအား တရားရုံးမှ
    မလျော် မကန်ဆုံးဖြတ်ချက်များပြုလုပ်ကာ အပ်ဝရမ်းအကြိမ်ကြိမ်ထုတ်ဆင့်
    နေလျက်ရှိသည့်အတွက် အဆိုပါ ကိစ္စအား မွန်ပြည်သစ်ပါတီ (ခွဲ ထွက်)ဥက္ကဋ္ဌ
    မွန်တိုင်းရင်းသား ခေါင်းဆာင်တစ်ဦးဖြစ်သူဦးနိုင်စိုက် ချမ်းက
    နိုင်ငံတော်သမ္မတကြီးထံ အသနားခံစာတင်ပြခဲ့ကြောင်း
    ဦးနိုင်စိုက်ချမ်း၏ဆက်သွယ်ပြော ကြားချက်အရ သိရှိရသည်။
    “ဒီအိမ်နဲ့မြေရဲ့
    မူလပိုင်ရှင်က ဒေါ်မြယဉ်ပါ။ သူက ၁၉၉၉ မှာ ကွယ်လွန်တော့သူခင်ပွန်း
    ဦးသိန်းအောင်တင်နဲ့ သားသမီး လေးယောက်ကအမွေဆက်ခံပိုင် ဆိုင်ခဲ့တာပါ။ ၂၀၀၀
    ခုနှစ်ရောက် တော့ ဦးသိန်းအောင်တင်က အဲဒီ အိမ်နဲ့မြေကို ရန်ကုန်မြို့
    သမ၀ါယ မဘဏ်မှာ သိန်း ၁၀၀ နဲ့ ပေါင် ထားတာကနေ (၃၁.၆.၀၆) မှာ
    ချေးငွေသက်တမ်းကုန်သွားတော့ ဘဏ်က ဦးသိန်းအောင်တင်ကို
    မွန်ပြည်နယ်တရားရုံးတရားမကြီး မူအမှတ် (၇၁/၀၆)နဲ့ တရားစွဲ
    တာဝန်ခံခဲ့တဲ့အတွက် အပြီးသတ် ဒီဂရီချမှတ်ခဲ့တယ်။ အဲဒီ ဒီဂရီအရ
    ဇာရီမှုအမှတ် (၂၁/၀၇)နဲ့ လေလံ တင်ရောင်းတဲ့အခါ ဦးမောင်အေး ဆိုတဲ့
    လူမျိုးခြားတစ်ယောက်က ၀င်ကန့်ကွက်တယ်။ အဲဒါကို မွန်
    ပြည်နယ်တရားရုံးကပယ်ကြောင်း အမိန့်ချခဲ့တယ်။ အဲဒီမှာပဲ (၉.၈.၂၀၇)မှာ
    ဦးသိန်းအောင်တင် ကွယ်လွန်သွားတော့ အပေါင်ပစ္စည်း လေလံတင်ရောင်းချခြင်းကို
    ဆိုင်း ငံ့ပြီး ဦးသိန်းအောင်တင်ရဲ့ သား သမီးလေးဦးကို အပေါင်ရွေးခိုင်း
    တာကိုကျွန်တော်ကပဲ ငွေစိုက်ပြီး ရွေးခဲ့ပါတယ်။ပြီးတော့ ကွယ်လွန် သူ
    ဦးသိန်းအောင်တင်က (၅.၈.၂၀၀၃) ရက်စွဲ ဘဏ်ရုံး တင်ရန် မြေပုံနဲ့
    ရန်ကုန်မြို့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဘဏ်နဲ့ မြိတ်မြို့ မွေး/ရေဘဏ်မှာ
    ထပ်ပြီး အိမ်နဲ့ မြေကိုထပ်ပေါင်တာ (၂၀.၁၂.၂၀၁၀)ရက်စွဲနဲ့ ကျွန်တော်ကပဲ
    ရွေးထုတ်ပေးခဲ့တာ ပါ။
    အဲသလိုရွေးပြီး ဦးသိန်းအောင် တင်ရဲ့
    သား/သမီး ၄ ဦးက (၂၇.၂.၂၀၀၈) ရက်စွဲပါစာချုပ် အရအပြီးရောင်းခဲ့ဟာကို
    ကျွန်တော်ဝယ်ပြီးတက်ရောက်နေ ထိုင်တာခုထိပဲဖြစ်ပါတယ်။ ဒါပေမဲ့ အပ်ဝရမ်းကတော့
    လက်ရှိပိုင်ဆိုင် ထားတဲ့ ကျွန်တော့်နာမည်နဲ့ မဟုတ်ဘဲ ဦးသိန်းအောင်တင်ရဲ့
    သားဇော်မိုးအောင်နာမည်နဲ့လာ တယ်။ ဇော်မိုးအောင်က ဒီမှာမရှိ ဘဲ
    ရန်ကုန်မှာပဲနေနေတာ။ အဲဒီ ၀ရမ်းက ကျွန်တော်လက်ရှိပိုင်ဆိုင် ထားတဲ့
    အိမ်လိုပဲ လာနေပေမယ့် ကျွန်တော်က တရားရှုံးမဟုတ်တဲ့
    အတွက်လုံးဝမအောင်မြင်ပါဘူး”ဟု မွန်ခွဲထွက်ခေါင်းဆောင်ဦးနိုင်စိုက် ချမ်းက
    ပြောကြားသွားခဲ့သည်။
    လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့် ၌
    ဦးနိုင်စိုက်ချမ်းက လူမျိုးခြား ဦးမောင်အေး(ခ)အပ္ပရောင်းအပေါ်
    အပေါင်မကင်းဘဲ လိမ်လည်ဝယ် ယူထားသော စာချုပ်အမှတ် (၇၆/၀၆)အား ပယ်ဖျက်ပေးရန်
    ခရိုင်တရားရုံး၊ တရားမကြီး (၁၆၅/ ၁၁)တွင် စွဲဆိုထားသည်ကို မြို့
    နယ်တရားရုံးမှလည်းကောင်း၊ မွန် ပြည်နယ်တရားသူကြီးချုပ်ကသော် လည်းကောင်း
    သိရှိပါသော်လည်း ဦးမောင်အေးအနိုင်ရထားသော ဇာရီမှုအမှတ် (၁၈/၁၁)ဖြင့်
    အပ်ဝရမ်းအကြိမ်ကြိမ်ထုတ်သင့် လျက်ရှိပြီး မလိုလားအပ်သော ရဲအင်အား ၅၀ ကျော်၊
    လူမိုက် (၅၀)ကျော်ဖြင့် အကြောင်းကြား
    ခြင်းမရှိဘဲဦးနိုင်စိုက်ချမ်းနေအိမ်ခြံ တံခါးအား ဖျက်ကာဝင်ရောက် သဖြင့်
    ဦးနိုင်စိုက်ချမ်းအနေဖြင့် နိုင်ငံတော်သမ္မတကြီးဦးဆောင်၍
    ပြည်တွင်းငြိမ်းချမ်းရေးအား ဖော် ဆောင်နေစဉ်အတွင်းလူမျိုးခြား တစ်ဦး၏
    မတရားသဖြင့်ရထားသော အနိုင်ရထားသော ဇာရီမှုအမှတ် (၁၈/၀၁) အား
    ပိတ်သိမ်းပေးရန် နှင့် မွန်ခွဲထွက်အဖွဲ့အနေဖြင့်
    ငြိမ်းချမ်းမှုရနေသောကာလအတွင်း လူမျိုးခြားတစ်ဦး၏ မတရားအနိုင်
    ကျင့်မှုကြောင့် ပဋိက္ခများမကြီး ထွားလာစေရန် သမ္မတကြီးထံတင် ပြခဲ့ကြောင်း
    သိရှိရသည်၊၊
    hotnewsweekly
    Sponsored content
    ပြည်တွင်းသတင်းများ Empty Re: ပြည်တွင်းသတင်းများ
    Post  Sponsored content
      Current date/time is Thu May 09, 2024 1:56 am