ကျုံပျော်မြို့

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျုံပျော်မြို့

ကျုံပျော်သူ / ကျုံပျော်သားတို့ဆုံဆည်းရာ

စာပေမြတ်နိုးသည့် ရွက်နုသစ်တို့အတွက် ကျုံပျော်မြို့နယ် စာရေးဆရာအသင်းမှ စာပေ၀ါသနာရှင် "ရွက်နုသစ်"တို့အတွက် မဂ္ဂဇင်း ထုတ်ဝေပါမည်

2 posters

    လျှပ်တပြတ် သတင်းများ

    avatar
    Kir@
    Admin
    Admin


    Posts : 14
    Join date : 2012-08-16

    လျှပ်တပြတ် သတင်းများ Empty လျှပ်တပြတ် သတင်းများ

    Post  Kir@ Sat Aug 18, 2012 8:53 am

    လျှပ်တပြတ် သတင်းများ တင်ပေးဖို့ အတွက်ပါ
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    လျှပ်တပြတ် သတင်းများ Empty Re: လျှပ်တပြတ် သတင်းများ

    Post  လူမိုး Sat Aug 18, 2012 9:41 am

    Breaking News - ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)ကို ဒုတိယ သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော် နာယကမှ ယနေ့နံနက် ၁၀နာရီ ၅ မိနစ်ခန့်တွင် ကြေညာလိုက်ကြောင်း သိရှိရပါသည်။ Suspect Suspect

    @eleven
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    လျှပ်တပြတ် သတင်းများ Empty Re: လျှပ်တပြတ် သတင်းများ

    Post  လူမိုး Sat Aug 18, 2012 9:43 am

    ဒုတိယအကြိမ် လွတ်လပ်ခြင်းအနုပညာရှပ်ရှင်ပွဲတော် နှင့် ဂီတပွဲတော်

    [You must be registered and logged in to see this image.]

    The Art of Freedom Film Festival
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    လျှပ်တပြတ် သတင်းများ Empty Re: လျှပ်တပြတ် သတင်းများ

    Post  လူမိုး Sat Aug 18, 2012 9:44 am

    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ် အတွင်း ရေကြီးရေလျှံမှုများကြောင့် အိမ်ခြေ ၈၀၀၀၀ ကျော် ရေလုံးဝ နစ်မြုပ်သွားခဲ့ပြီး အိမ်ခြေ ၆၀၀၀၀ ကျော်မှာလည်း အိမ်များတွင် စင်များထိုး၍ နေနေရကြောင်း သာပေါင်းမြို့နယ် ရေဘေးကယ်ဆယ်ရေး အတွက် ဆောင်ရွက်နေသော အဖွဲ့၏ စာရင်းကောက်ခံမှုအရ သိရှိရသည်။ ရေဘေးဒုက္ခသည်များအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သြဂုတ်လ ၁၇ ရက်နေ့တွင် ဆန်အိတ် ၁၀၀၀ သွားရောက်ပေးအပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံဆရာဝန်များ အသင်းမှလည်း ဆေးဝါးများကုသမှုပေးရန် သွားရောက်လျက် ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် သာပေါင်းမြို့နယ်အတွင်း၌ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုများ ရှိနေပြီး ယာယီနေထိုင်ရန်အတွက် အိမ်များဆောက်လုပ်ရန် ၀ါးများအရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။

    သာပေါင်းမြို့နယ်အတွင်း ကျောင်းပေါင်း ၂၀၀ ကျော်ရှိသည့် အနက် ၉၅ ကျောင်းမှာပိတ်ထားရကြောင်း သိရသည်။ ယင်းကိစ္စများကို သြဂုတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်မည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး၌ တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

    EMG

    ..............................

    [You must be registered and logged in to see this image.]
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    လျှပ်တပြတ် သတင်းများ Empty Re: လျှပ်တပြတ် သတင်းများ

    Post  လူမိုး Sat Aug 18, 2012 9:45 am

    ၁၇.ဂ.၂၀၁၂ နေ့လည် ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ် မော်လမြိုင် မြို့ တွင် ငလျင်လှုပ်ခတ်သွားပါတယ်....

    ၃ ကြိမ်တောင်ဗျာ....အဖျားခတ်တယ်ထင်တယ်ဗျ.. Laughing Laughing

    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    လျှပ်တပြတ် သတင်းများ Empty Re: လျှပ်တပြတ် သတင်းများ

    Post  လူမိုး Sat Aug 18, 2012 9:46 am

    [You must be registered and logged in to see this image.]

    17-8-2012 ရက်နေ့ 7 နာရီ ခန့်တွင် ဆားလင်းကြီးမြို့ ၀က်မှေး ဆည်တည်း စသည့် ကြေးနီစမံကိန်းအတွက် လယ်ယာမြေများ သိမ်းခံထားရသည့် ကျေးရွာသူ ကျေးရွာသားများ သူတို့၏ ခံစားနေရသည့် ဒုက္ခဝေဒနာအပူမီးကို ငြိမ်းအေးချမ်းအောင် ရည်စူးကာ ချင်းတွင်းမြစ်အတွင်းသို့ စက်လှေ 5 စီးဖြင့် မီးဖယောင်းတိုင်မျှောပွဲကို တစ်နာရီကျော် ကြာအောင် ကျင်းပသွားခဲ့ပါသည်။ clown clown

    Aung Nay Myo
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    လျှပ်တပြတ် သတင်းများ Empty Re: လျှပ်တပြတ် သတင်းများ

    Post  လူမိုး Sat Aug 18, 2012 9:47 am

    မြန်မာအစိုးရ၀န်ကြီးအဖွဲ့တွင်း အပြောင်းအလဲ မကြာခင် မြင်ရတော့မည်

    by ဦးသန်းလွင်ထွန်း

    မြန်မာနိုင်ငံမှာ ဒုတိယသမ္မတအဖြစ် ရေတပ်ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို လွှတ်တော်ကနေ အတည်ပြု ခန့်အပ် လိုက်ပြီဖြစ်တာမို့ မြန်မာနိုင်ငံ အစိုးရအဖွဲ့အတွင်း သတင်းဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ ခန့်အပ်မှုတွေ ဆက်တိုက် ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်နေတဲ့ အခုလို ပြုပြင် ပြောင်းလဲမှုတွေကို စီစဉ်ထားပြီးဖြစ်တဲ့အကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ စဉ် ပြောကြားခဲ့ပါတယ်။ ဒီအကြောင်း ဦးသန်းလွင်ထွန်းနဲ့ နိုင်ငံတော်သမ္မတကြီးတို့ သီးသန့်တွေ့ဆုံ မေးမြန်းခန်း တစိတ်တဒေသကို တင်ပြပေးထားပါတယ်။

    မေး။ ။ သမ္မတကြီးအနေနဲ့ နိုင်ငံတော်ရဲ့ အထွေထွေ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေမှာ သမ္မတကြီးရဲ့ မိန့်ခွန်းတစ်ခုမှာ ကျနော်တို့ သတိထားမိလိုက်တဲ့ အချက်လေးတစ်ခု ရှိပါတယ်။

    ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်နဲ့ဆက်သွားမယ်၊ ပြုပြင်ပြောင်းလဲရေးကို မလိုက်ချင်တဲ့ သူတွေ ကို နောက်ချန်ထားခဲ့ရမယ် ဆိုတဲ့ အချက်လေးကိုပါ။ အဲဒီတော့ ဒီအချက်ကို ကြည့်လိုက်တယ် ဆိုလို့ ရှိရင် သမ္မတကြီးတို့ရဲ့ အစိုးရအဖွဲ့ အသိုင်းအဝိုင်းအတွင်းပိုင်းမှာလည်း ဒီလို ပြုပြင်ပြောင်းလဲရေးကို မလိုက်ချင်တဲ့ သူတွေ ရှိနေသလားဆိုပြီးတော့ တွေးစရာပေါ်လာပါတယ်။ ဒီအချက်ကလေးကို နည်းနည်းလောက် ရှင်းပြပါလား။

    ဖြေ။ ။ ဒီကိစ္စကတော့ ဒီလိုပါ။ ပြုပြင်ပြောင်းလဲရေးတွေက မြန်မြန်ဆန်ဆန်နဲ့ လုပ်နေရတဲ့ ကိစ္စမျိုး ဖြစ် ပါတယ်။ သိပ်ပြီးတော့ နှေးကွေးသွားရင် တွေ့ကြုံရမယ့် အခက်အခဲတွေ၊ အကျပ်အတည်းတွေ- ဒါတွေက အများကြီး ရှိပါတယ်။ အခု ဒါလောက်များများ သွားတာတောင်မှ အခက်အခဲတွေ အများကြီး ကျနော်တို့ တွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ မြန်မြန်ဆန်ဆန်နဲ့ ကျနော်တို့ ကူးပြောင်းချင် တယ်။ မြန်မြန်ဆန်ဆန်နဲ့ ကူးပြောင်းတဲ့အခါမှာ တချို့က နှေးနှေးကွေးကွေးနဲ့ လိုက်နေတာတွေ ရှိပါတယ်။ ဆန့်ကျင်တာတော့လည်း မဟုတ်ဘူး။ သို့သော်လည်း ခရီးမတွင်ဘူးပေါ့။ ဒီလို ခရီး မတွင်တဲ့လူတွေ ကျနော်တို့ အစိုးရအဖွဲ့ထဲမှာလည်း ရှိပါတယ်။ လွှတ်တော်ထဲမှာလည်း ရှိပါတယ်။

    ဒီလူတွေကတော့ သူတို့ကို ကျနော် ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်၊ ဒီလို လေးလေးပင်ပင်နဲ့ လုပ်နေ တဲ့သူတွေ ကတော့ နောက်ချန်ထားခဲ့ရမှာပဲ၊ ဒါလည်း ကျနော်တို့ လုပ်ရမယ့် ကိစ္စပါ။ ကျနော်ကတော့ ကိုယ့်အစိုးရ အတွင်းမှာတော့ ကျနော် လုပ်ပိုင်ခွင့် ရှိတာပေါ့လေ။ လွှတ်တော်ကျတော့ ကျနော်က လုပ်ပိုင်ခွင့် မရှိဘူး။ အစိုးရအဖွဲ့အတွင်းမှာ ဒီလို ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါကြောင့် ဒါတွေကိုတော့ တဖြည်းဖြည်း ချန်ထားခဲ့မယ် ဆိုပြီးတော့ အတိအလင်းလည်း သူတို့ကို ကျနော် ပြောထားတာ ဖြစ်ပါ တယ်။

    မေး။ ။ အဲဒါကြောင့်မို့လို့ပဲ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ ဒုတိယဝန်ကြီး အပြောင်းအလဲတွေ လုပ် တယ်၊ ပြီးတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာပဲ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပါတယ်။ ဒါ့အပြင် ဒုတိယ သမ္မတ ခန့်အပ်မှုကိစ္စဆိုတဲ့ အကြောင်းလေးတွေလည်း ရှိနေတော့ သတင်းသာ ကြားနေရတယ်၊ ချက်ချင်း ထွက်ပေါ် မလာနိုင်သေးတဲ့ ကိစ္စကရော ဘာကြောင့်များ နှောင့်နှေးနေခဲ့ပါသလဲ။

    ဖြေ။ ။ ကျနော်တို့က အချိန်လည်း တွက်ရ၊ ပြုရ၊ စောင့်ရပါတယ်။ ပထမတော့ လွှတ်တော် ကျင်းပမယ့် အချိန်ပေါ့။ တခါ ဒု-သမ္မတ တစ်ယောက်ကလည်း ထွက်သွားပြန်တော့ ဒု-သမ္မတအစား တစ်ယောက် ကို ရွေးဖို့အတွက် - ကျနော်တို့က ဘယ်သူ့ကို ခန့်ပေးပါဆိုပြီးတော့ ဒီလို ပြောလို့ မရပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော် အစုအဖွဲ့ကနေ သူတို့ ကြိုက်နှစ်သက်သူ တစ်ယောက် ရွေးရမှာ ဖြစ် ပါတယ်။

    သူတို့ရွေးပေးပြီး တင်လိုက်တယ်၊ သို့သော် တစ်ယောက်က တချို့အချက်အလက်လေး နည်းနည်း ငြိစွန်းနေတဲ့အတွက် ဒီတစ်ယောက်ကို သူတို့ ပယ်လိုက်ပါတယ်။ အခု ဒါက ဒုတိယ တစ်ယောက်ပေါ့လေ။

    ဒု-သမ္မတ ထိပ်စည်းကနေ ထွက်လာတာနဲ့အမျှ ကျန်တဲ့အပိုင်းတွေမှာလည်း ပြုပြင်စရာတွေ၊ ပြောင်း လဲ စရာတွေ ရှိပါတယ်။ ဒါတွေလည်း ကျနော် ထင်ပါတယ်၊ ဆက်တိုက် ဆက်ပြီး လုပ်သွားဖို့ ရှိလာ မှာပါ။

    ဦးသန်းလွင်ထွန်းနဲ့ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်တို့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို အပိုင်းလိုက် ခွဲပြီး ဗွီအိုအေကနေ ဆက်လက်တင်ပြပေးသွားဖို့ရှိပါတယ်။ bom bom
    @VOA
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    လျှပ်တပြတ် သတင်းများ Empty Re: လျှပ်တပြတ် သတင်းများ

    Post  လူမိုး Sun Aug 19, 2012 4:35 pm

    မန္တလေးမြို့တွင် ရေမြောင်းအတွင်း ပေါက်ကွဲ မီးလောင်းမှု ဖြစ်ပွား

    ရန်ကုန် ၊ သြဂုတ် ၁၉

    မြန်မာနိုင်ငံ၏ ဒုတိယ စီးပွားရေးမြို့တော် မန္တလေးမြို့တော်၊ မဟာအောင်မြေမြို့နယ်ရှိ လမ်းဘေး
    ရေမြောင်းအတွင်းမှ ပေါက်ကွဲသံကြီး ထွက်ပေါ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး
    မီးသတ် ဦးစီးဌာနထံမှ သိရသည်။

    အဆိုပါ ပေါက်ကွဲ မီးလောင်းမှုသည် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်
    မဟာမြိုင် ၂ ရပ်ကွက် ၆၁လမ်း ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ
    ရေမြောင်းတွင် ယမန်နေ့ (သြဂုတ်လ၁၈ရက်) ည ၇နာရီအချိန်က
    ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ည ၁၁နာရီဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းယင်း ဌာနမှ တာဝန်ရှိသူတစ်ဦးကရှင်းပြသည်။

    ယင်းပေါက်ကွဲမီးလောင်းမှု ဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူတစ်ဦးက “
    ဖောင်း ဆိုတဲ့အသံအကျယ်ကြီး ထွက်လာပြီး မီးထလောင်တော့တာပဲ” ဟု ဆိုသည်။

    မီးသတ်ဦးစီးအရာရှိတစ်ဦးကမူ “ ဇ၀က်သာ (အမိုးနီးယား) တွေ
    စွန့်ပစ်တာများလို့ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားတာပါ” ဟု
    မှတ်ချက်ပေးသည်။

    ဇ၀က်သာ (အမိုးနီးယား) နှင့် ယမ်းစိမ်းတို့သည် နိုက်ထရိုဂျင်ဓါတ်ဖြစ်ပြီး
    ရေမှာ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင် ဖြစ်နေခြင်းကြောင်း ၄င်းတို့
    ထိတွေ့ပါက ပေါက်ကွဲတတ်ကြောင်း ဓါတုဗေဒ ပါမောက္ခ တစ်ဦးက ပြောကြားသည်။ tongue tongue
    the voice
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    လျှပ်တပြတ် သတင်းများ Empty Re: လျှပ်တပြတ် သတင်းများ

    Post  လူမိုး Mon Aug 20, 2012 7:59 pm

    လ်ချုပ်အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင်ပြန်ရွေးမည်

    ဗိုလ်ချုပ်အောင်ဆန်း
    ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ် အဖြစ် သရုပ်ဆောင်ဖို့ ရွေးချယ်ထားတဲ့ အဓိက
    သရုပ်ဆောင် ကိုကျောက်ခဲဟာ မိမိဆန္ဒအရ နုတ်ထွက်သွားပြီလို့ သိရပါတယ်။


    သူ့ရဲ့
    နုတ်ထွက်လွှာကို သဘောတူ လက်ခံပြီးပြီလို့ ဗိုလ်ချုပ်အောင်ဆန်း
    ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက RFA ကို
    ဒီကနေ့ အတည်ပြု ပြောပါတယ်။

    ဒီကိစ္စနဲ့ ပတ်သက်လို့ ကာယကံရှင် ကိုကျောက်ခဲက-

    ကျွန်တော့်မှာ
    အိမ်ထောင်ရေး မပြေလည်မှု ရှိခဲ့ပါတယ်။ တခြား ပတ်သက်မှုရှိခဲ့ပါတယ်။ အဲဒါကို
    သူတို့က ဗိုလ်ချုပ်နေရာမှာ ကိုယ့်ကိုယ်ကို ဖြစ်နိုင်လား၊ မဖြစ်နိုင်လား။
    သူတို့ ပြောတဲ့ ဆုံးဖြတ်ချက် ၂ ခုကတော့ ဒီ ၁၀- ၁၅ မိနစ်အတွင်းမှာ
    ကိုယ့်ဟာကိုယ် နုတ်ထွက်သွားမလား၊ ဒါမှမဟုတ်ရင် အကျင့်စာရိတ္တ မကောင်းလို့
    ပယ်လိုက်တယ်လို့ ခုချက်ခြင်း ကြေညာလိုက်ရမလားလို့ ၂ လမ်းပေးပါတယ်။
    ကျွန်တော့်ကိုယ် ကျွန်တော် အကျင့်စာရိတ္တ မကောင်းဘူးလို့
    အပြောမခံနိုင်ပါဘူး။ ကျွန်တော် အကျင့်ပျက်နေတာမဟုတ်ဘူးဗျ။ ကျွန်တော်လုပ်တဲ့
    အလုပ်ကို ကျွန်တော် သိတယ်။ ဒီ အတ္ထုပ္ပတ္တိ ပေါ်မှာ ကျွန်တော့်စေတနာ ဘယ်မှ
    မရောက်ပါဘူး။ ဒါပေမဲ့ သူတို့ ဖြစ်စေချင်တဲ့အတိုင်း၊ အားလုံး
    စိတ်ချမ်းသာအောင် ကျွန်တော်လုပ်ပေးလိုက်တယ်လို့ ကျွန်တော်ယူဆပါတယ်။

    အခုလို
    မူလရွေးချယ်ထားတဲ့ ကိုကျောက်ခဲ နုတ်ထွက်သွားတဲ့ အတွက်
    ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မယ့် ဇာတ်ဆောင်သစ် နောက်တဦး ကို
    ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး နောက်ဆုံး ဆန်ခါတင်ရွေးချယ်ခံရတဲ့
    သရုပ်ဆောင် ခုနှစ်ယောက်ထဲက ပြန်လည်ရွေးချယ်မှာ ဖြစ်ကြောင်း ဦးဇော်သက်ထွေးက
    ပြောပါတယ်။

    ဒီဇာတ်ကားအတွက် စာရေးဆရာ ဦးချစ်ဦးညိုနဲ့
    ရုပ်ရှင်ဒါရိုက်တာ ဦးကြည်စိုးထွန်းတို့ ရေးသားနေတဲ့ ဇာတ်ညွှန်းအကြမ်း
    ဒီကနေ့ ပြီးစီးသွားပြီဖြစ်တဲ့ အတွက် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ
    တင်ပြမှာ ဖြစ်ကြောင်း သိရပါတယ် Basketball Basketball
    @rfa
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    လျှပ်တပြတ် သတင်းများ Empty Re: လျှပ်တပြတ် သတင်းများ

    Post  လူမိုး Wed Aug 22, 2012 8:49 am

    Goddess of Democracy နဲ့ အမေရိကမှာ သွားတွေ့မယ့် မြန်မာ ၅ ဦး

    အမေရိကန် အထက်လွှတ်တော် အောက်လွှတ်တော် နှစ်ရပ်ပေါင်းချီးမြှင့်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆုကိုလက်ခံရယူဖို့ __
    1. ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊
    2. ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး နဲ့
    3. နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူတို့ ၃ ယောက် စက်တင်ဘာလ
    ဒုတိယပါတ် အတွင်း အမေရိကန် နိုင်ငံကို သွားကြမည်၊၊


    နှစ်ဆန်းသစ်
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    လျှပ်တပြတ် သတင်းများ Empty Re: လျှပ်တပြတ် သတင်းများ

    Post  လူမိုး Wed Aug 22, 2012 8:51 am

    ကချင်နှင့်ရခိုင်မှ ကလေးများအတွက်ပညာရေးရန်ပုံငွေ နိဗ္ဗာန်ဈေးပွဲတော်
    [You must be registered and logged in to see this image.]
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    လျှပ်တပြတ် သတင်းများ Empty Re: လျှပ်တပြတ် သတင်းများ

    Post  လူမိုး Wed Aug 22, 2012 8:54 am

    ကားလောကမှ လူပုဂ္ဂိုလ်တချို့က လက်ဝယ်ရှိယာဉ်အို/ယာဉ်ဟောင်း အပ်နှံသည့်
    စလစ်များနှင့် မော်တော်ယာဉ်များ၏ ဈေးနှုန်းကစားရန်နှင့် ဈေးဆွဲတင်ရန်
    ရည်ရွယ်၍ လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းမှု ရပ်တန့်တော့မည်ဟု
    ကောလဟလများဖြစ်ပေါ်အောင် ဆောင်ရွက်နေကြခြင်း ဖြစ်ပြီး ယင်း ကောလဟလများမှာ
    မှန်ကန်မှုမရှိကြောင်း မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်မှု
    ကော်မတီမှတရားဝင်ပြောကြားသည်။ alien alien
    @The Voice Weekly

    Sponsored content


    လျှပ်တပြတ် သတင်းများ Empty Re: လျှပ်တပြတ် သတင်းများ

    Post  Sponsored content


      Current date/time is Wed May 15, 2024 1:38 pm