ကျုံပျော်မြို့
Would you like to react to this message? Create an account in a few clicks or log in to continue.
ကျုံပျော်မြို့
ကျုံပျော်သူ / ကျုံပျော်သားတို့ဆုံဆည်းရာ
စာပေမြတ်နိုးသည့် ရွက်နုသစ်တို့အတွက် ကျုံပျော်မြို့နယ် စာရေးဆရာအသင်းမှ စာပေ၀ါသနာရှင် "ရွက်နုသစ်"တို့အတွက် မဂ္ဂဇင်း ထုတ်ဝေပါမည်
    ကျန်းမာရေးအကြောင်း သိကောင်းစာရာများ
    လျှပ်စီး
    လျှပ်စီး
    Newbie Member
    Newbie Member
    Posts : 9
    Join date : 2012-08-18
    ကျန်းမာရေးအကြောင်း သိကောင်းစာရာများ Empty ကျန်းမာရေးအကြောင်း သိကောင်းစာရာများ
    Post  လျှပ်စီး Sun Aug 19, 2012 2:15 pm
    ကင်စာရောဂါကို ပျောက်ကင်းနိုင်သော ခရမ်းချဉ်သီး
    ကမ္ဘာကျော် ဟားဗတ်ဆေးတက္ကသိုလ်မှ ကျွမ်းကျင်သူများ၏ အဆိုသတင်းတစ်ရပ်သည် ဟင်းသီးဟင်းရွက်များတွင်
    မရှိမဖြစ် ဗီတာမင်ဓာတ၊် သတ္တုဓာတ်များကို ပေးစွမ်းသည့်အပြင် ယင်းတို့တွင်ပါရှိသော အချို့ဓာတ်ပေါင်းများသည် ကင်ဆာရောဂါကို ကာကွယ်နိုင်ကြောင်း
    ဆိုထားသည်။ ဥပမာ မုန်ညင်းစိမ်းသည် ရင်းသားကင်ဆာ အန္တရယ်ကို ကျဆင်းစေပါသည်။ မုန်လာဥနီသည် အူမကြီးကင်ဆာနှင့် လည်ပင်းကျိတ် ကင်ဆာ
    အန္တရယ်ကိုကျဆင်းစေပါသည်။ ကြက်သွန်ဖြူစားခြင်းသည် အစာအိမ်ကင်ဆာကို အဓိကကာကွယ်ပေးပါသည်။ ခရမ်းချဉ်သီးစားသုံးပေးခြင်းဖြင့် ရင်းသားကင်ဆာ
    သားအိမ်ခေါင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာရေမျိုကင်ဆာ၊ ခံတွင်းကင်ဆာနှင့် မုန့်ချိုအိတ်ကင်ဆာ စသည်တို့၏ အန္တရယ်ကိုကျဆင်းစေနိုင်ပြီး လျော့ကျစေကြောင်း
    ဆိုထားပါသည်။
    ခရမ်းချဉ်သီး တပတ်လျှင်လေးရက်ခန့် ပုံမှန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ သွေးဖြူဥများခြင်းကို ကာကွယ်ပေးခြင်း နှလုံးသွေးကြောကျဉ်းခြင်းနှင့် သွေးကြောပိတ်ခြင်း
    များကို ဟန့်တားပေးနိုင်သည်။ အဆုတ်ရောဂါ၊ ရင်သားကင်ဆာရောဂါများကို လျော့ပါးစေသလို နှလုံးကျန်းမာမှုကို အထောက်အကူပြုခြင်း ခန္ဓာကိုယ်အတွင်းရှိ ကိုယ်လက်စထရော
    များနေမှုကို လျော့ချပေးခြင်း နေ့စဉ်မှန်မှန်စားသုံးပေးခြင်းဖြင့် နေလောင်ခြင်းနှင့် ပရေတွန့်ခြင်းတို့အား ကာကွယ်နိုင်ပါသည်။
    ခရမ်းချဥ်းသီးကို အရောဂါအလိုက်အသုံးပြုရာတွင် သွေးဒေါသကြောင့်ဖြစ်ပေါ်သော အရေပြားရောဂါ၌ ခရမ်းချဉ်းဦးနီကို အရည်ညှစ်ယူပြီး မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သောက်
    ပေးခြင်းအားဖြင့် အင်အားကိုပြည့်ဝစေပါသည်။ မျက်စိအမြင်အားနည်းခြင်း၊ ကြက်မျက်သင့်ခြင်းတို့တွင် ခရမ်းချဉ်သီးအရည်ကို သောက်ပေးပါ။ လျှာတွင်အဖြူရောင် အရိအရွဲများ ဖုံးအုပ်၍ ခံတွင်း
    ပျက်နေပါက ခရမ်းချဉ်သီးအရည်တွင် သိန္ဓောအနည်းငယ်ထည့်၍ သောက်ပေးပါက မြန်စွာပျောက်ကင်းစေပါသည်။
    လျှပ်စီး
    လျှပ်စီး
    Newbie Member
    Newbie Member
    Posts : 9
    Join date : 2012-08-18
    ကျန်းမာရေးအကြောင်း သိကောင်းစာရာများ Empty ရေ၏ ဆေးဖက်ဝင်အကြောင်းများ
    Post  လျှပ်စီး Sun Aug 19, 2012 2:18 pm
    ရေအေးသည် မကြာမကြာဝမ်းချုပ်တတ်သူများအတွက် ၀မ်းနုတ်ဆေးသဖွယ်သုံးနိုင်သေးသည်။ ၀မ်းအလွန်ချုပ်ပါက ညစာကို
    မစားသုံးပဲဖြစ်စေ၊ လျော့၍ဖြစ်စေ စားသုံးပြီ မနက်စောစော အိပ်ရာအထတွင် ဘာမှမစားပဲ ရေအေးသန့်သန့်အား အနည်းဆုံး ဘာလီပုလင်း
    တစ်ဝက်ခန့်သောက်သုံးပေးခြင်းဖြင့် သက်သာစေပါသည်။ ၀မ်းမသွားသေးပါက အိပ်ယာပေါ်မှာတုန်းလုံးလှဲပြီး ၀ဲယာ မှောက်ခုံလှည့်ပေးပါ
    တစ်နာရီအတွင်း သက်သာစေပါသည်။ ပထမအကြိမ်တွင် ၀မ်းသွားပြီးပါက အစားမစားပဲနေပြီး နောက်တစ်ကြိမ်ဝမ်းသွားပြီးမှ အစာစားသင့်
    ပါသည်။
    ထိုသို့ တစ်ပတ်တစ်ကြိမ်လုပ်ပေးခြင်းဖြင့် ၀မ်းမှန်နိုင်သည့်အပြင် ကျောက်ကပ်နှင့် ဆီးအိမ်အား သန့်ရှင်းမှုကိုဖြစ်စေပါသည်။
    ရေခဲသည် အဖျားရောဂါအမျိုးမျိုးအတွက် အသုံးဝင်သည်။ အဖျားရောဂါများနေချိန်တွင် နဖူး၊ ချိုင်းကြား တို့တွင်ရေခဲတုံး
    တင်ပေးခြင်းဖြင့် အပူကိုကျဆင်းစေပါသည်။ ၀မ်းရောဂါကြောင့် ရင်တွင်အပူကပ်၍ ရေသောက်လျှင်လက်မခံသော လူနာအား
    ရေခဲတုံးများအား တစိမ့်စိမ့်ငုံပေးခြင်းအားဖြင့် သက်သာစေပါသည်။ အစာအိမ်ရောဂါကြောင့် ပျို့အန်ခြင်းများဖြစ်တတ်ပါက ရေခဲ
    တုံးကလေးများ ငုံပေးပါ။ သွေးထွက်လွန်ခြင်း၊ ကြွက်တက်ခြင်း၊ အကျိတ်အဖုရောင်ခြင်း၊ အကြောထုံခြင်း၊ အကြောတင်ခြင်း၊
    ကပ္ပယ်အိတ်အကြောရောင်ခြင်း၊ အူကျခြင်းတို့တွင် ရေခဲတုံးတင်ပေးခြင်း (သို့) ကပ်ပေးခြင်းဖြင့် သက်သာစေပါသည်။
    ရေနွေးကို ပူနေစဉ် သောက်သုံးပေးပါက ချောင်းဆိုးရောဂါ၊ ကုတ်ဟီးရောဂါ၊ ခယယုတ်နာ၊ ရောဂါများကို သက်သာစေပြီး
    အလွန်ပူသောရေနွေးကိုမသောက်သင့်ပါ။ ကိုယ်လက်ကိုက်ခဲနေသူများ ရေနွေးဖြင့်ရေချိုးပေးခြင်း ချိုးနေစဉ် ဆုပ်နယ်ပေးခြင်းအား
    ဖြင့် အနင်းအနိုပ်ခံခြင်းတို့ထက်ပို၍ အကျိုးရှိစေနိုင်ပါသည်။ ရေနွေးဖြင့် ဆေးတိုက်ခြင်းသည် ပရဆေးများကို ကျေကျက်၍ လျှင်မြန်
    စွာ အကျိုးသက်ရောက်စေပါသည်။
      Current date/time is Mon Apr 29, 2024 3:53 am