ကျုံပျော်မြို့
Would you like to react to this message? Create an account in a few clicks or log in to continue.
ကျုံပျော်မြို့
ကျုံပျော်သူ / ကျုံပျော်သားတို့ဆုံဆည်းရာ
စာပေမြတ်နိုးသည့် ရွက်နုသစ်တို့အတွက် ကျုံပျော်မြို့နယ် စာရေးဆရာအသင်းမှ စာပေ၀ါသနာရှင် "ရွက်နုသစ်"တို့အတွက် မဂ္ဂဇင်း ထုတ်ဝေပါမည်
2 posters
    နှလုံးသားသံစဉ် (ကိုယ်တိုင်ရေး ကဗျာများသာ)
    avatar
    Moe Gyo
    Moderator
    Moderator
    Posts : 21
    Join date : 2012-08-17
     နှလုံးသားသံစဉ် (ကိုယ်တိုင်ရေး ကဗျာများသာ) Empty နှလုံးသားသံစဉ် (ကိုယ်တိုင်ရေး ကဗျာများသာ)
    Post  Moe Gyo Fri Aug 17, 2012 10:05 pm
    "ဂ ငယ်"
    ထင်းရှူးသားဂစ်တာ တစ်လက်ရယ်..
    ဒိုရေမီဖာတွေ ပါတဲ့ စာအုပ်တစ်အုပ်ရယ်
    ၀ီစကီ နှစ်ပတ်လောက်ရယ်လေ
    စကားမစပ်..
    ကျွန်တော့်ဂစ်တာလေးက အသံထွက်တအားကောင်းတယ်အမေ..
    "ဆင်းရဲတွင်း ဘယ်လောက်နက်မလဲ...
    မိုက်မိုက်မဲမဲ ရိုးသားနေဆဲ..."တဲ့
    သူ့ အတ္တက လှတယ်နော် အမေ
    သားကိုလဲ အားကျခွင့်ပြုပါ...
    သီဆိုရင်း
    တီးခတ်ရင်း
    သီဆိုရင်း
    တီးခတ်ရင်း
    သားမှာ အစာအိမ် ပါလာမိတာ မှားလိုက်တာ အမေ..
    ခံစားချက်တွေ အတွက်
    အမေ့ရဲ့ မတော်လိုက်ရတဲ့ချွေးမလေးက
    တာဝန်ကြေပါတယ် အမေ
    ခုလို အချိန်ဆို ကဗျာ တစ်ပုဒ်တော့ ရေးဖြစ်ပြီးသားပဲ အမေ..
    အမေ့အိမ်မှာ ဂျီး(ချေး)များတတ်တဲ့သား
    စင်ပေါ်ရောက်မှ ပါလို့ အားခဲ
    လမ်းဘေးမှာ ၀ါးတီးဆွဲတာတောင်
    ကန်စွန်းရွက်ကြော်က 200 ကျတယ် အမေ..
    မိုက်လိုက်တဲ့ ငနဲ ၊ လွဲလိုက်တဲ့ အယူ
    အူတူတူ ငမိုက်သားဟာလေ
    လှိုင်းကြီးလို့  "လှေ" အောက်ကို ရောက်ခဲ့ရ
    အဲ့ဒီ့ည ကရေနစ်တယ် အမေ..
    မြို့ ပြရဲ့ ယဉ်ကျေးမှုတဲ့ အမေ
    မီးလာ_ ရေမလာ ၊ ရေလာ_မီးမလာ
    မိုးရွာတော့ရေကြီး ၊ မိုးစဲတော့ လျှပ်စစ်မီးက....
    သားမပြောချင်ပါဘူးအမေ
    မြို့ ပြဆိုတာ ရွံ့ စရာကြီးပါလို့ ..
    နိုင်ငံကျော် (ရော့ခ်) အဆိုတော်အိမ်မက်
    သားဆက်မမက်တော့ဘူး အမေ..
    အမေ့ ရဲ့ ကျေးလက်ဆီကို
    မနက်ဖြန်မနက်စောစော
    ခပ်လောလောပဲ ပြန်ခဲ့တော့မယ် အမေ...
    avatar
    Moe Gyo
    Moderator
    Moderator
    Posts : 21
    Join date : 2012-08-17
     နှလုံးသားသံစဉ် (ကိုယ်တိုင်ရေး ကဗျာများသာ) Empty Re: နှလုံးသားသံစဉ် (ကိုယ်တိုင်ရေး ကဗျာများသာ)
    Post  Moe Gyo Fri Aug 17, 2012 10:09 pm
    မုန်းမိသောရာဇ၀င်များ
    မုန်းတယ်...
    အရေးအကြောင်းဆို
    ဓါးသွားတွေ ဖြစ်နေတတ်တဲ့
    သူမ နှုတ်ခမ်း ပါးပါးလေးတွေကို...
    မုန်းတယ်...
    ပြုစားခြင်း ကဝေ
    အသိမဲ့မိုက်မဲ စွာနဲ့ 
    အခုကပြနေရတဲ့ အသဲကွဲ ပြဇာတ်ကို...
    မုန်းတယ်...
    သောက်လက်စ အရက်ခွက်တွေ
    မီးညှိထားတဲ့ စီးကရက်တွေ
    သူမရဲ့ ၀ိဥာဉ်နှုတ်မျက်ဝန်းတွေ...
    မုန်းတယ်...
    မိုးစက်တွေ
    နေ့ ရက်တွေ
    တစ်ခြားတစ်ခြားသောစုံတွဲတွေ...
    မုန်းတယ်...
    ရယ်လိုက်တိုင်းလဲ့လဲ့ပေါ်လာတတ်တဲ့
    အဆိပ်လူးစိန်တစ်ပွင့်
    အဲ့ဒီ့ သွားစွယ်လေးမှာ မာယာတွေ တောက်ပလို့ ...
    မုန်းတယ်...
    လူမှန်ရင် အချစ်ကိုရှာစမြဲမို့ လေ..ရှာခဲ့ရဖူးတယ်လေ..တဲ့
    ဘိုထီး..
    ခင်ဗျားကြီးကိုလဲ မုန်းတယ်...
    မုန်းတယ်...
    မနေ့ ကတွေ
    ဒီနေ့ တွေ
    မနက်ဖြန်တွေ ကို ...
    မုန်းတယ်...
    ညညအိပ်မရလောက်တဲ့အတွေးတွေ
    ထပ်မလာပါနဲ့ တော့လို့ ဟစ်အော်ရင်း
    ပျော်ဝင်နေမိတဲ့ ငါ့စိတ်ကို...
    မုန်းတယ်ကွာ...
    ဘ၀ပြီးရင် ဘ၀ပြန်ဖြစ်
    မနှစ်ကတွေ ဒီနှစ်ပြန်ဖြစ်
    မနေ့ ကတွေ ဒီနေ့ ပြန်ဖြစ်...
    မုန်းတယ်...
    သက်တန့် ကလေးရယ်
    ငါဆိုတဲ့ကောင်က
    အဲ့သလို အမုန်းတွေနဲ့ မွန်းကြပ်နေလို့ ...
    avatar
    Moe Gyo
    Moderator
    Moderator
    Posts : 21
    Join date : 2012-08-17
     နှလုံးသားသံစဉ် (ကိုယ်တိုင်ရေး ကဗျာများသာ) Empty Re: နှလုံးသားသံစဉ် (ကိုယ်တိုင်ရေး ကဗျာများသာ)
    Post  Moe Gyo Fri Aug 17, 2012 10:12 pm
    လေးဆယ်ကျော်အချစ်
    အရွယ်တော်တဆိတ်ဟိုင်းသော်လည်း
    သူငယ်တော် ဒီယိမ်းကိုပ
    ကချင်ငဲ့မဒီအိုရယ်...
    ငါမသိပါဘူး
    ဘာကြောင့်ကွယ်ခါခါနှောက်ယှက်တယ်
    တွေးမရဘူး...
    ဟိုတစ်ခါ သူပစ်သွားစဉ်က
    တူးခါးခါးမုန်းမာန်ပြင်းငဲ့ပြင်
    မုန်းပင်ကို မုန်းမြေချစိုက်ကာ
    မုန်းမာယာ မုန်းပလီခဲ့တဲ့ပြင်
    မုန်းပင်လယ် မုန်းမုန်တိုင်းတွေနဲ့ 
    မုန်းရေပြင် မုန်းဒီလှိုင်းထန်တယ်..
    သြော်ကွယ်..
    ကံကူလို့ သီသီလွတ်ရတယ်
    ဘေး သက်ရန်တွင်း..
    အမည်သိ ခုခေတ်စာဆို
    Mr Virus
    Mr Virus
    Moderator
    Moderator
    Posts : 8
    Join date : 2012-08-17
     နှလုံးသားသံစဉ် (ကိုယ်တိုင်ရေး ကဗျာများသာ) Empty အရိပ်................................
    Post  Mr Virus Fri Aug 17, 2012 10:33 pm
    အရိပ်တစ်ခုဟာ
    သူ့အရောင်နဲ့ တို့ပေါ်လွှမ်းထားတယ်
    ခဲစပြုနေတဲ့နံနက်ခင်းရဲ့ နေမင်းကြောင့်လား
    သံပတ်ပေးထားတဲ့အိပ်မက်ကြောင့်လား
    ဘာမှန်းမသိခဲ့ရတာပါ
    ဘာတွေမှန်းမသိခဲ့တာပါ
    ကိုယ်နဲ့ခေါင်းပေါင်းသလို
    ခင်ဗျားနဲ့ခင်ဗျားရဲ့အရိပ်မြေပြင်မှာ
    ဘုန်းခနဲပစ်လဲ အဝေးပြေးလမ်းမပေါ်
    မသိရမမြင်ရတဲ့အစိတ်အပိုင်းတွေပြန့်ကျဲ
    အနုမာနမြေပုံပေါ်တိုးဝင်သွားတာပဲ
    အရိပ်တစ်ခုတိုးဝင်သွားတာ
    အမှောင်ထဲမှာ ခင်ဗျားအရိပ်ခင်ဗျားပြန်ကြည့်
    အမှောင်တစ်ခြမ်းမှာခင်ဗျား
    အဲဒီတစ်ခြမ်းကဘယ်အလင်းမှဝင်ခွင့်မရတဲ့ အမှောင်
    နေထိုင်မှုအနုအရင့်စစ်ဆေးချက်အရ ခင်ဗျားအရိပ်မှာဘာရောဂါမှမရှိပါဘူး
    ခင်ဗျားမှာတော့ရောဂါဗလပွ
    အရိပ်ကခပ်တည်တည်နဲ့တစ်ဖက်လှည့်ထွက်သွားတယ်....
    ခင်ဗျားကိုယ်ခင်ဗျားဖတ်နေချိန်
    သူလှည့်ထွက်သွားပြီ
    အရိပ်။
    Sponsored content
     နှလုံးသားသံစဉ် (ကိုယ်တိုင်ရေး ကဗျာများသာ) Empty Re: နှလုံးသားသံစဉ် (ကိုယ်တိုင်ရေး ကဗျာများသာ)
    Post  Sponsored content
      Current date/time is Fri Apr 19, 2024 12:00 pm