ကျုံပျော်မြို့
Would you like to react to this message? Create an account in a few clicks or log in to continue.
ကျုံပျော်မြို့
ကျုံပျော်သူ / ကျုံပျော်သားတို့ဆုံဆည်းရာ
စာပေမြတ်နိုးသည့် ရွက်နုသစ်တို့အတွက် ကျုံပျော်မြို့နယ် စာရေးဆရာအသင်းမှ စာပေ၀ါသနာရှင် "ရွက်နုသစ်"တို့အတွက် မဂ္ဂဇင်း ထုတ်ဝေပါမည်
    နိုင်ငံတကာသတင်းများ
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
     နိုင်ငံတကာသတင်းများ Empty နိုင်ငံတကာသတင်းများ
    Post  လူမိုး Mon Aug 20, 2012 8:53 am
    နျူလက်နက် အီရန်ပိုင်ဆိုင်သွားမည်ကို ခွင့်ပြုမည် မဟုတ်ကြောင်း ကန် ကာကွယ်ရေးဝန်ကြီးပြော
    13 Aug 2012 |
    By 7Day News
    နျူလက်နက်
    အီရန်ပိုင်ဆိုင်သွားမည်ကို ခွင့်ပြုမည်မဟုတ်ကြောင်း
    ကန်ကာကွယ်ရေးဝန်ကြီးပြောအီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်အား တားဆီးရေး
    အမေရိကန် နိုင်ငံ၏ စိတ်ပိုင်း ဖြတ်ထားမှု ကို အမေရိကန်ကာကွယ်ရေးဝန် ကြီး
    လီယွန်ပါနက်တာက ထပ်မံအ တည်ပြု ပြောဆိုလိုက်ပြီး နျူကလီး ယားဗုံး အီရန်
    ပိုင်ဆိုင်မသွားစေ ရန်အတွက် အခြားရွေးချယ်စရာ များအသုံးပြုရန် ပြင်ဆင်ထား
    သည်ဟု ၄င်းကပြောကြားသည်။
    ဆီးရီးယားသွေးထွက်သံယို မှုများနှင့် အီရန်၏
    နျူကလီးယား ရည်မှန်းချက်များအပေါ် အမေ ရိကန်နှင့် အစ္စရေး နှစ်နိုင်ငံစလုံး
    ကစိုးရိမ်ပူပန်နေကြောင်း အီရန် နိုင်ငံနှင့် ပတ်သက်၍လည်း နျူက လီးယား
    လက်နက်များ ထုတ်လုပ် ခွင့်ပေးမည်မဟုတ်ဆိုသည်ကို ထပ်မံပြောကြားလိုသည်ဟု
    ဂျေရု ဆလင်မြို့၌ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုနှင့် အတူ
    ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် မစ္စတာပါနက်တာက ပြော ကြားသည်။
    “အမေရိကန်ဟာ
    အစ္စရေး ပြည်သူတွေနဲ့အတူ ရပ်တည်နေ တယ်ဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်တို့ဟာ
    အစ္စရေးနဲ့ အစ္စ ရေးနိုင်ငံ လုံခြုံရေးအတွက်အခိုင်
    အမာစိတ်ပိုင်းဖြတ်ထားပါတယ်။ အီရန်က နျူကလီးယားလက်နက် များရယူမှုအပေါ်
    တားဆီးသွား ရေးမှာလည်း ကျွန်တော်တို့ အခိုင် အမာ ဆုံးဖြတ်ထားပါတယ်”ဟု
    မစ္စတာပါနက်တာက ပြောကြား သည်။
    ယင်းမှတ်ချက်များက အမေ
    ရိကန်ကာကွယ်ရေးဝန်ကြီး၏ နှစ် ရက်ကြာ အစ္စရေးနိုင်ငံသို့အလည်
    အပတ်ခရီးစဉ်နှင့်ပတ်သက်၍ မီး မောင်းထိုးပြနေသည်။ ကန်ကာ ကွယ်ရေးဝန်ကြီးသည်
    အစ္စရေး နိုင်ငံသို့ ဩဂုတ်လ ၁ ရက်က ရောက်ရှိခဲ့ပြီး ထိပ်တန်းခေါင်း
    ဆောင်များနှင့် ဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြောင်းသိရသည်။
    —Ref: Xinhua
    @7Day News
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
     နိုင်ငံတကာသတင်းများ Empty Re: နိုင်ငံတကာသတင်းများ
    Post  လူမိုး Mon Aug 20, 2012 8:54 am
    လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီက အာဏာ လွှဲပြောင်းပေးအပ်
    14 Aug 2012 |
    By First Music News
    လစ်ဗျား
    အသွင်ကူးပြောင်းရေး ကောင်စီက အာဏာ လွှဲပြောင်းပေးအပ်ပြီးခဲ့သည့်
    ရွေးကောက်ပွဲ များ၌ ဖွဲ့စည်း ခဲ့သော အထွေထွေ အမျိုးသား လွှတ်တော် (GNC)
    ထံသို့ နိုင်ငံတော် အာဏာကို လစ်ဗျား အမျိုးသားအသွင် ကူးပြောင်းရေး ကောင်စီ
    (NTC)က ဗုဒ္ဓ ဟူးနေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
    ထရိုင်ပိုလီမြို့
    ကွန်ဖရင့်စ် စင်တာတစ်ခု၌ပြုလုပ်ခဲ့သော အဆိုပါ အာဏာလွှဲပြောင်းရေး
    အခမ်းအနားကို ရာမန်ဒန်ဥပုသ်လ၏ ရက်(၂၀)ပြည့်
    တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီးကဒါဖီအာဏာ သိမ်းယူခဲ့သည်။ ၁၉၆၉ ခုနှစ်မတိုင်မီ
    နှင့် ယင်းကာလနောက်ပိုင်း လစ်ဗျား နိုင်ငံ၏ ပထမဆုံးငြိမ်းချမ်းစွာ အစိုးရ
    အသွင်ကူးပြောင်းခဲ့ခြင်းလည်း ဖြစ်ခဲ့ သည်။
    အခမ်းအနား အထိမ်းအမှတ်
    စာရွက်စတမ်းများတွင် လက်မှတ်ရေး ထိုးပေးခဲ့သော NTC ဥက္ကဌ မူစတာ ဖာဂျာလီ NTC
    အနေဖြင့် လက်ရှိ နိုင်ငံတော်၏ ဖွဲ့စည်းပုံဥပဒေအာဏာ မျာကို
    လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ် သည်။ ယခုအချိန်မှစ၍GNCသည်
    လစ်ဗျားပြည်သူအားလုံး အတွက် ကိုယ် စားပြုသည့် တစ်ခုတည်းသော ဥပဒေအဖွဲ့
    အစည်းတစ်ခုဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ယင်း
    ပြောကြားလိုက်စဉ် လူထုပရိသတ်များ က မတ်တတ်ရပ်ကာ ကောင်းချီးဩ
    ဘာပေးခဲ့ကြပြီး(၄၇)နှစ်ကာလအတွင်း လွတ်လပ်၍ တရားမျှတစွာ ကျင်းပ နိုင်ခဲ့သော
    ရွေးကောက်ပွဲတွင် ဖွဲ့စည်း နိုင်ခဲ့သည့် နိုင်ငံကိုယ်စားပြု ပထမဆုံး
    အဖွဲ့အစည်း (လွှတ်တော်သစ်) ထံသို့ အာဏာလွှဲပြောင်းခဲ့ခြင်းအတွက်ဝမ်းသာ
    မျက်ရည်များကျခဲ့ကြသည်။ အခမ်း အနားသို့ ကြားဖြတ်အစိုးရ ဝန်ကြီးချုပ်
    အဗ္ဗဒူလ်ရာဟင်အယ်ကစ်နှင့် လစ်ဗျား ဆိုင်ရာ ကုလအထွေထွေအတွင်းရေး မှူးချုပ်၏
    အထူးကိုယ်စားလှယ် အီ ယန်မာတင်လည်း တက်ရောက်ခဲ့ သည်။
    အာဏာလွှဲပြောင်းရယူခဲ့သော
    အဖွဲ့ဝင်၂၀ဝပါရှိသည့်အမျိုးသားလွှတ် တော်အနေဖြင့် လက်နက်ဖျက်သိမ်းမှု နှင့်
    လုံခြုံရေးကဏ္ဍတွင်လည်း အဓိက စိန်ခေါ်မှုများရင်ဆိုင်နေရသည်ကို သိရှိ
    ပြီးဖြစ်ကြောင်း ဂျာလီကပြေကြားခဲ့ သည်။
    GNC ၏ ပထမဆုံးတရားဝင်
    အစည်းအဝေး ကျင်းပမည့် အချိန်ကို အတိအကျ မသိရသေးမီ ပထမဆုံး လုပ်အနေဖြင့်
    အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးနှင့် လက်ထောက်များ ခန့်အပ် ရမည်ဖြစ်ကာ
    အာဏာသက်တမ်း ပထမ ရက်(၃၀)အတွင်း ဝန်ကြီးချုပ် တစ်ဦး ခန့်အပ်ရမည်ဖြစ်သည်။
    သည်။
    Ref: CNN
    @First Music News
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
     နိုင်ငံတကာသတင်းများ Empty Re: နိုင်ငံတကာသတင်းများ
    Post  လူမိုး Mon Aug 20, 2012 8:55 am
    [size=9]အီရန်ငလျင်အတွက် အကူအညီပေးရန် အသင့်ဟု အမေရိကန်ဆို
    By Popular News 16 August, 2012 - 15:07
    အိရန်နိုင်ငံ
    အနောက်မြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေကျေ
    ပျက်စီးမှုများအပေါ် စာနာ ထောက်ထားသောအားဖြင့် အကူအညီပေးရန် အသင့်ရှိနေမည်ဟု
    အိမ်ဖြူတော်က သြဂုတ်လ ၁၂ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။ “ဒီလို အခက်အခဲ
    ကာလတွေမှာ အထောက်အပံ့ ပေးနိုင်အောင် ကျွန်တော်တို့ အသင့် ရှိနေပါမယ်” ဟု
    အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ တက်ဘရစ်မြို့တော်
    မြောက်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၄ ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု
    လှုပ်ခတ်ခဲ့ပြီးနောက် ၁၁ မိနစ် အကြာတွင် ပြင်းအား ၆ ဒသမ ၃ ရစ်ခ်ျတာစကေးရှိ
    နောက်ထပ်ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူပေါင်း ၂၂၇ ဦးထက် မနည်း
    သေဆုံးခဲ့ရသည်ဟု သိရသည်။ ငလျင်ကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသူ ၁၆၀၀ တို့ကို
    အီရန်လခြမ်းနီအဖွဲ့က အားကစားကွင်း တစ်ကွင်းနှင့် ရွက်ဖျင်တဲ ၆၀၀၀
    ခန့်တို့ကို စီမံပေးခဲ့ရသည်။ အာဏာပိုင်များက ရှာဖွေရေးနှင့် ကယ်ဆယ်ရေး
    လုပ်ငန်းများကို ရပ်နားထားလိုက်ပြီး အိုးအိမ်မဲ့ ဒေသခံများကြောင့် ပြန်လည်
    တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
    သို့ရာတွင် အချို့မှာ ပျောက်ဆုံးလျက် ရှိပြီး အချို့မှာ အထောက်အပံ့
    ပစ္စည်းများ လိုအပ်လျက် ရှိသည်ဟု ဆိုကြသည်။ အီရန်သည် အာရေဗျနှင့် ယူရေးရှား
    ကျောက်ထုလွှာကြီးများ တိုက်မိနိုင်သော အဓိက ပြတ်ရွေ့ကြောကြီးများပေါ်တွင်
    တည်ရှိနေပြီး ငလျင်ဒဏ်ကို မကြာခဏ ခံရသည့် နိုင်ငံ ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင်
    ကာမန်ပြည်နယ် ငလျင်ကြောင့် လူ ၃၀၀၀၀ ခန့် သေဆုံးခဲ့ရပြီး၊ ၁၉၉၀ တွင်
    ကက်စ်ပီယန် ပင်လယ်အနီး လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူ ၅၀၀၀၀ ခန့်
    သေဆုံးခဲ့ရကြောင်း သိရသည်။ အီရန်နိုင်ငံတစ်ဝန်းမှ စေတနာ့ ဝန်ထမ်းများအား
    ငလျင်ဒဏ်ခံ ဒေသသို့ လာရောက် အကူအညီပေးကြရန် ထိပ်သီးခေါင်းဆောင်
    အလီအာယာတိုလာ အလီခါမေနီက တောင်းဆိုထားပြီး အီရန်နိုင်ငံ အနေနှင့်လည်း
    အမေရိကန်၊ တူရကီ၊ ထိုင်ဝမ်၊ စင်ကာပူနှင့် ဂျာမနီတို့မှ အရေးပေါ် အကူအညီ
    တောင်းခံထားသည်ဟု AP တွင် ရေးသား ဖော်ပြထားသည်။
    @ Popular News
    [/size]
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
     နိုင်ငံတကာသတင်းများ Empty Re: နိုင်ငံတကာသတင်းများ
    Post  လူမိုး Mon Aug 20, 2012 8:56 am
    AirAsia ၏ အာဆီယံ ဌာနချုပ်ကို ဂျကာတာတွင် ဖွင့်လှစ်
    [You must be registered and logged in to see this image.]
    အရှေ့တောင်
    အာရှတွင် အကြီးဆုံး တန်ဖိုးနည်း လေကြောင်းလိုင်း တစ်ခုဖြစ်သည့် AirAsia
    မှာ ၎င်းတို့၏ ဌာနချုပ် အဖြစ် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့ကို
    သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
    အရှေ့တောင်
    အာရှရှိ အခြားသော မြို့များတွင် ၎င်းတို့၏ လုပ်ငန်းများ ချဲ့ထွင်နိုင်ရေး
    အတွက် ပိုမို ကောင်းမွန်သည့် နေရာ တစ်ခုကို ဖန်တီးလိုက်ခြင်းလည်း ဖြစ်သည်။
    AirAsia အုပ်စု ၏ အမှုဆောင်ချုပ် ဖြစ်သူ Tony Fernandes မှ ပြောရာ၌
    AirAsia ၏ အာဆီယံ Open Sky ပေါ်လစီကို အကောင်အထည် ဖော်နိုင်ရေးနှင့်
    အာဆီယံ စီးပွားရေး ကွန်မြူနတီ အဖြစ် လာမည့် ၂၀၁၅ ခုနှစ်တွင်
    ပေါ်ထွက်လာရေးကို ယခုလို ဌာနချုပ် ဖွင့်လှစ်မှုနှင့်အတူ မျှော်လင့်နေကြောင်း
    ပြောခဲ့သည်။
    source : xinhuanet.com
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
     နိုင်ငံတကာသတင်းများ Empty Re: နိုင်ငံတကာသတင်းများ
    Post  လူမိုး Mon Aug 20, 2012 8:57 am
    ဆီးရီးယားစစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ ထုတ်ပြန်
    By Yatanarpon 17 August, 2012 - 16:59
    သြဂုတ်လ
    ၁၇ ရက် ။ ။ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေး အဖွဲ့အစည်းတစ်ခုက
    အစီရင်ခံစာ ထုတ်ပြန်ရာမှာ ဆီးရီးယား စစ်တပ်နဲ့ ၎င်းရဲ့ မဟာမိတ် ပြည်သူ့စစ်
    အဖွဲ့ဝင်များဟာ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်တွေအရ လူသတ်မှု၊
    ညှင်းပန်းနှိပ်စက်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း
    ဖေါ်ပြထားချက်ကို သြဂုတ်လ ၁၅ ရက် ဗုဒ္ဓဟူးနေ့က အယ်ဂျာဇီးယား သတင်းမှာ
    ဖေါ်ပြထားပါတယ်။ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ရဲ့ ဗုဒ္ဓဟူးနေ့
    ထုတ်ပြန်ချက်ထဲမှာ ဆီးရီးယားအစိုး အဖွဲ့ထဲရှိ အဆင့်မြင့်ပိုင်းနှင့်အ
    လယ်အလတ်ပိုင်း ရာထူးအဆင့်ရှိသူများက ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်နိုင်ဖို့
    တိုက်ရိုက် ပါဝင်ပါတ်သက် ညွှန်ကြားပေးနေတယ်လို့ ဆိုထားတာကို ကုလသမဂ္ဂ
    စုံစမ်းရေးအဖွဲ့မှ အထောက်အထားများ အခိုင်အမာ ရရှိထားကြောင်း ဖေါ်ပြပြောဆို
    ရေးသားထားပါတယ်။
    @Yatanarpon
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
     နိုင်ငံတကာသတင်းများ Empty Re: နိုင်ငံတကာသတင်းများ
    Post  လူမိုး Tue Aug 21, 2012 1:49 pm
    Miss World 2012 သရဖူ တရုတ်အလှမယ် ဆွတ်ခူး
    [You must be registered and logged in to see this image.]
    တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် Miss World 2012
    ယှဉ်ပြိုင်ရွေးချယ်ပွဲတွင် တရုတ်အလှမယ် ဝမ်ဇီယု (Wenxia Yu) က Miss World
    အလှမယ်အဖြစ် ရွေးချယ်ခံရပြီး Miss World 2012 သရဖူဆင်မြန်းခွင့်
    ရရှိသွားသည်။ တရုတ်နိုင်ငံ မွန်ဂိုလီးယားဒေသရှိ အော်ဒေါ့စ်မြို့တွင်
    ယနေ့ကျင်းပခဲ့သော Miss World 2012 ယှဉ်ပြိုင်ရွေးချယ်ပွဲသို့ ကမ္ဘာတစ်ဝန်းမှ
    အလှမယ် ၁၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ တရုတ်အလှမယ် ဝမ်ဇီယုက Miss
    World အဖြစ်လည်းကောင်း၊ ဝမ်ဇီယု၏နောက် ဒုတိယနေရာတွင် ဝေလအလှမယ်
    ဆိုဖီမိုးဒ်ကလည်းကောင်း၊ တတိယနေရာတွင် သြစတြေးလျအလှမယ်
    ဂျက်ဆီကာကာဟာဝါတီကလည်းကောင်း အသီးသီး ရပ်တည်ခဲ့ကြသည်။
    @Planet
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
     နိုင်ငံတကာသတင်းများ Empty Re: နိုင်ငံတကာသတင်းများ
    Post  လူမိုး Tue Aug 21, 2012 1:51 pm
    လူအချင်းချင်း လေးစားမှုရှိဖို့ အိုဘာမား ပြောကြား
    20 Aug 2012 |
    By SHADE Journal
    လူအချင်းချင်း လေးစားမှုရှိဖို့ အိုဘာမား ပြောကြား ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမေရိကန် ပြည်ထောင်စု Wiscons ပြည်နယ် ဆစ်ခ် ဘုရားကျောင်း တစ်ခုတွင် ပစ်ခတ်မှုကြောင့် လူခြောက်ဦး သေဆုံး ခဲ့ရခြင်းနှင့် ပတ်သက်ပြီး အမေရိကန် ပြည်သူများ မိမိကိုယ်ကို ပြန်လည်သုံးသပ်ရန် သမ္မတ အိုဘားမားက တိုက်တွန်း ပြောကြား လိုက်သည်။
    "အမေရိကန်ပြည်ထောင်စုမှာဆိုရင် လူမြင်ကွင်းနေရာမျိုးတွေမှာ ပစ်ခတ်မှုမျိုးစုံ ပုံမှန်ဖြစ်ပွားနေပါတယ်။ ဒီလို အကြမ်းဖက်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာကြည့်စေချင်ပါတယ်" ဟု အိုဘားမားက ပြောဆိုခဲ့သည်။
    စစ်သားဟောင်းတစ်ဦးဖြစ်သည့် သေနတ်သမားသည် လူဖြူလူမျိုးကြီးဝါဒဆိုင်ရာ အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှုရှိ၊ မရှိ စုံစမ်းနေကြောင်း FBI မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး တစ်ဦးက ထုတ်ဖော်ပြောကြားသည်။
    ပြီးခဲ့သည့်လကလည်း အမေရိကန်ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ်ရှိ ရုပ်ရှင်ရုံ တစ်ခုတွင် အထီးကျန် သေနတ်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ (၁၂) ယောက် သေဆုံးခဲ့ရသည်။
    အင်တာနက်
    @SHADE Journal
    Sponsored content
     နိုင်ငံတကာသတင်းများ Empty Re: နိုင်ငံတကာသတင်းများ
    Post  Sponsored content
      Current date/time is Fri Mar 29, 2024 1:38 am