ကျုံပျော်မြို့
Would you like to react to this message? Create an account in a few clicks or log in to continue.
ကျုံပျော်မြို့
ကျုံပျော်သူ / ကျုံပျော်သားတို့ဆုံဆည်းရာ
စာပေမြတ်နိုးသည့် ရွက်နုသစ်တို့အတွက် ကျုံပျော်မြို့နယ် စာရေးဆရာအသင်းမှ စာပေ၀ါသနာရှင် "ရွက်နုသစ်"တို့အတွက် မဂ္ဂဇင်း ထုတ်ဝေပါမည်
2 posters
    Mr.Virus ၏ ကိုယ်တိုင်ရေး ကဗျာများ
    Mr Virus
    Mr Virus
    Moderator
    Moderator
    Posts : 8
    Join date : 2012-08-17
    Mr.Virus ၏ ကိုယ်တိုင်ရေး ကဗျာများ Empty အမှန်များ(အမှား)
    Post  Mr Virus Sat Aug 18, 2012 8:50 pm
    တခါတလေ ဘ၀ကို မှန်ခံကြည့်လိုက်တယ်
    နောက်မှာပေါ်တဲ့အရိပ်က အိပ်မက်ဆိုးတွေနဲ့မျိုးပွားခွင့်ရလို့
    ရှင်သန်မှုဖြစ်စဉ်မှာ ယုတ္တိဗေဒသင်္ခါရဖြစ်နေသလိုပဲ
    လိင်မှုဆိုင်ရာဝိသေသတွေထူးကဲလို့
    ခံစားချက်တွေမှာ လိင်စိတ်နဲ့ မကွဲဘူး
    သူမှန်တယ်..
    သူမှန်ပါတယ်၊အသိတရားကွာဟမှုက သူမှန်ပါတယ်
    ခက်တာက ကျွန်တော့်မှာလဲ အမှန်တွေရှိနေတယ်
    တာစုံကနေ ထိတ်လန့်ဖွယ်ရာအမှန်တရားတစ်ခုဆီအရောက်ပြေးတယ်
    အချိန်ကလွဲလို့ သာမန်ပစ္စည်းတွေအကုန်ချွတ်ယွင်းသွားတယ်
    စိတ်ကူးအိပ်မက်ထက် ခက်ခဲတဲ့လောကကြီးလဲ
    ခေါင်းစဉ်တစ်ခုအောက်မှာ အလိုလိုမှန်နေတယ်
    ဟိုဘက်လှည့်ထွက်သွားရင်ကောင်းမလား
    တစ်ခုခုပဲ ကောက်ဝါးလိုက်ရမလား
    ဒါပေမယ့်...အဲသလိုမဟုတ်သလိုနဲ့...ဟုတ်သယောင်ယောင်ဟုတ်နေပြန်ရော
    မှန်သယောင်ယောင်မှန်နေပြန်ရော
    မှန်လွန်းလို့ဘာသာပြန်ရတောင်ခက်နေတာများ
    လမ်းတွေလွဲ ဖတ်စင်ကွဲထွက်ကုန်ကြတယ်
    လောကပြင်တစ်ခုလုံး အမှန်တရားတွေ ပြန်းလျှန်းကြဲ
    ခလုတ်တိုက်လဲတောင် တက်နင်းမိတောင် ခြေချမိနေတာ
    ကဲ...ဒီကနေ အရှုံးမရှိပဲ ထွက်ခွာလိုရရင် သင်မှားသွားပြီ။ ။
    Mr Virus
    Mr Virus
    Moderator
    Moderator
    Posts : 8
    Join date : 2012-08-17
    Mr.Virus ၏ ကိုယ်တိုင်ရေး ကဗျာများ Empty အမှန်တရားကငုပ်ကောင်
    Post  Mr Virus Sun Aug 19, 2012 11:18 am
    နောက်ဆုံးပေါ်ယန္တရားခေတ်ကြီးထဲ အမှန်တရားကငုပ်ကောင်
    အမှိုက်ကစမိုးထိမီးလောင်နေချိန်အမှိုက်ပုံအောက်ဆုံးမှာ တိတ်တိတ်လေးရယ်နေတာ
    အမှန်တရားကငုပ်ကောင်
    အမှားကလူကြားသူကြား ဟန်ရေးတပြပြနဲ့
    ဟိုကောင်ကငုပ်ကောင် ပေါ်ချင်ပေါ်လာတယ်
    လုံးဝမပေါ်တာလဲဖြစ်နိုင်တယ် ရှိတော့ရှိနေတယ်
    စိတ်ကူးဖြန့်ကျက်မှုနဲ့သင်္ကေတတွေကြားမှာ
    ခွဲခြားထားတဲ့စည်းနဲ့ ယိမ်းယိုင်လာတဲ့လူ့အဖွဲ့အစည်းမှာ
    သေချာပေါက်တစ်ခြမ်းကအမြဲမှောင်နေတဲ့ကမ္ဘာကြီးမှာ
    မိန်းမချောလေးရဲ့ဆံပင်ရှည်တွေကြားမှာ
    ခမ်းခမ်းနားနားဝဲပျံနေတဲ့
    မြို့ပြရဲ့အခွံထဲမှာ
    နို့စို့သားငယ်နဲ့ မိခင်ရဲ့သားမြတ်ကြားမှာ
    ဂလိုဘယ်လိုက်ဇေးရှင်းလို့အော်သံတွေကြောင့်လန့်နိုးသွားတဲ့
    ချောကလက်မှိုတက်ယဉ်ကျေးမှုတွေကြားမှာ
    သံလိုက်ဆွဲအားမလို စက်ရဲ့မောင်းနှင်အားမလို
    ပို့ကုန်သွင်းကုန်တွေနဲ့ကုန်ကြမ်းတွေမလိုတဲ့ခန္ဒာအိမ်ထဲမှာ
    အမှားတွေဖို့ထားတဲ့ ဦးနှောက်ရဲ့ တွန့်ခေါက်တောင်တန်းလို
    အမြှောင်းအချိုင့်တွေကြားမှာ
    ပါးစပ်နဲ့ အစာအိမ်တွေရဲ့ကြားမှာ
    ကုန်ဈေးနှုန်းနဲ့ အိမ်ရှင်မတွေရဲ့ကြားမှာ
    အမှောင်ချထားတဲ့အခန်းထဲက
    ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ကြားမှာ
    အစိတ်သားလောက်ရှိတဲ့လူ့နှလုံးနဲ့ ဦးနှောက်ရဲ့ကြား
    အမှန်တရားကဗလာဆဲလ်တစ်ခုလို
    ခဲခြစ်ကံစမ်းမဲလို
    ရုပ်ရှင်အကယ်ဒမီဆုလို
    နာရီလက်တံလို
    သွေးပေါင်ချိန်တဲ့စက်လို
    မျိုးရိုးဗီဇပြင်ထားတဲ့အသီးအရွက်လို
    နွားပိန်တစ်ကောင်ရဲ့နံရိုးလို
    ရေစီးရေလာကောင်းတဲ့မြောင်းတစ်ခုလို
    အတိတ်ရေးထားတဲ့ထီလက်မှတ်ဟောင်းလို
    ဂမ္ဘီရဆန်တဲ့ယုံကြည်မှုစနစ်တစ်ခုလို
    ခင်ဗျားတို့ကျွန်တော်တို့ကြားမှာအမှန်တရားကငုပ်ကောင်။ ။
    avatar
    Kir@
    Admin
    Admin
    Posts : 14
    Join date : 2012-08-16
    Mr.Virus ၏ ကိုယ်တိုင်ရေး ကဗျာများ Empty Mr.Virus ၏ ကိုယ်တိုင်ရေး ကဗျာများ
    Post  Kir@ Sun Aug 19, 2012 11:37 am
    Mr.Virus ရဲ့  ကဗျာများကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်
    Mr Virus
    Mr Virus
    Moderator
    Moderator
    Posts : 8
    Join date : 2012-08-17
    Mr.Virus ၏ ကိုယ်တိုင်ရေး ကဗျာများ Empty စနက်တံဟာ ဘယ်သူ့လက်မှာလဲ
    Post  Mr Virus Sun Aug 19, 2012 11:56 am
    လက်လက်ထနေတဲ့ ခေတ်ဟာ
    မတော်တရော် သရော်ကမော် အပြုံးတွေနဲ့
    လေရော မိုးရောပါတယ်
    ဘ၀တွေလုံအောင်ဖုံးတဲ့ကြား
    ဒီကလေးငယ်နံကြားမှာ မိုးယိုနေတာ တ၀ါးဝါးပဲ
    အ၀ကျယ်သလောက် အတွင်းမှာတိမ်လှတယ်
    သံသယတွေဒိုးဒိုးဒေါက် အိုဗာတင်းအကြောင်း ဒီကလေးတွေ မကြားဖူးပါဘူး
    ပြာနှမ်းခြင်းကွင်းပြင်မှာ အနက်ပြန်စရာဟာ စနက်တံ။
    လက်တံ စနက်တံ အတွေးအခေါ်နဲ့ ခေတ်စနစ်
    လမ်းတ၀က်အရောက် လမ်းမဖြောင့်နိုင်ခဲ့ဘူး
    နေ့ရက်နဲ့ နေ့တ၀က် နေ့က အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်
    လက်လှမ်းကြ ၊ လက်တွန့်ကြ ၊ လက်တကမ်းမှာ လက်ကလမ်းပျောက်
    လက်အကြောင်းပြောပြရရင် စနက်တံ ဘယ်သူ့လက်မှာ။
    အစ်ကိုရေ ဂျင်နှစ်ပက်
    လက်ကသွက်တယ် ညီ လက်ကသွက်တယ်…
    အတွေးက အတွေ့ကို ဘယက်လို ဆင်ထားတယ်
    ဒီကလေးမ …. ထမင်းတစ်ဆုပ် ငွေတစ်ထုပ်နဲ့
    မိုးလင်းကမိုးချုပ်တာ ခေတ်ပဲ
    လက်အကြောင်းကို လက်ကသိ
    အစ်ကိုရယ် လက်သိပ်မကစားပါနဲ့
    လက်သိပ်မဆော့ပါနဲ့
    ထမင်ငတ်လေ လက်လှုပ်လေပါညီမရယ်။
    အပြာရောင်စည်းချက်မှာ နှမ်းထွက်မကိုက်ခဲ့
    လက်တစ်လုံးခြား ကစားရင်း
    ဘုံလုံနဲ့ငါးပျံ အပြတ် နှံ
    လေအသွေ့ ထမင်းငတ်လို့ သူရဲကောင်းတို့ရယ်ကြတယ်
    လေအမွှေ့ သူရဲကောင်းတို့ ငိုကြတယ်
    အပြာရောင်ဟာ အဝေးကိုပြေးထွက်တာကြာလှပေါ့ကွယ်။
    ခမ်းနားခြင်းဟာ ထမင်းစိတွေကပ်ငြိနေတဲ့ နန်းတော်
    ထမင်းစိဟာ ငြိမ်းချမ်းခြင်းအတွက် အလင်းရောင်
    ရေငွေ့ဟာ အပြောင်အပျက်နဲ့ ဈေးတက်နေတာ
    ဈေးဟာ လမ်းမထက်ဝေဆာဆာ
    ဟေ့ကလေး..အငိုတွေလျှော့လိုက်ပါ.
    ဟေ့ကလေး..မင်းဟာစနက်တံ
    ဟေ့ကလေး…ထမင်းဟာမနက်ဖြန်
    ဟေ့ကလေး..မင်းဟာမနက်ဖြန်။ ။
    Virus(evirus3@gmail.com)
    Mr Virus
    Mr Virus
    Moderator
    Moderator
    Posts : 8
    Join date : 2012-08-17
    Mr.Virus ၏ ကိုယ်တိုင်ရေး ကဗျာများ Empty အရိပ်
    Post  Mr Virus Sat Sep 01, 2012 8:11 am
    အရိပ်တစ်ခုဟာ
    သူ့အရောင်နဲ့ တို့ပေါ်လွှမ်းထားတယ်
    ခဲစပြုနေတဲ့နံနက်ခင်းရဲ့ နေမင်းကြောင့်လား
    သံပတ်ပေးထားတဲ့အိပ်မက်ကြောင့်လား
    ဘာမှန်းမသိခဲ့ရတာပါ
    ဘာတွေမှန်းမသိခဲ့တာပါ
    ကိုယ်နဲ့ခေါင်းပေါင်းသလို
    ခင်ဗျားနဲ့ခင်ဗျားရဲ့အရိပ်မြေပြင်မှာ
    ဘုန်းခနဲပစ်လဲ အဝေးပြေးလမ်းမပေါ်
    မသိရမမြင်ရတဲ့အစိတ်အပိုင်းတွေပြန့်ကျဲ
    အနုမာနမြေပုံပေါ်တိုးဝင်သွားတာပဲ
    အရိပ်တစ်ခုတိုးဝင်သွားတာ
    အမှောင်ထဲမှာခင်ဗျားအရိပ်ခင်ဗျားပြန်ကြည့်
    အမှောင်တစ်ခြမ်းမှာခင်ဗျား
    အဲဒီတစ်ခြမ်းကဘယ်အလင်းမှဝင်ခွင့်မရတဲ့အမှောင်
    နေထိုင်မှုအနုအရင့်စစ်ဆေးချက်အရ ခင်ဗျားအရိပ်မှာဘာရောဂါမှမရှိပါဘူး
    ခင်ဗျားမှာတော့ရောဂါဗလပွ
    အရိပ်ကခပ်တည်တည်နဲ့တစ်ဖက်လှည့်ထွက်သွားတယ်....
    ခင်ဗျားကိုယ်ခင်ဗျားဖတ်နေချိန်
    သူလှည့်ထွက်သွားပြီ
    အရိပ်။
    Mr Virus
    Mr Virus
    Moderator
    Moderator
    Posts : 8
    Join date : 2012-08-17
    Mr.Virus ၏ ကိုယ်တိုင်ရေး ကဗျာများ Empty ခေတ်ကာလသားသမီးများ
    Post  Mr Virus Sat Sep 01, 2012 8:12 am
    ခေါင်းကိုက်ပျောက်ဆေးပြားများနဲ့ အနမ်းပူပူနွေးနွေးက
    ခေတ်တစ်ခုကို လှပ်ဟပြနေတယ်
    တစ်နည်းမဟုတ်တစ်နည်း နားလည်ရခက်နေတဲ့အပြင်အဆင်
    လျှာခလုတ်တိုက်ဘာသာစကားများနဲ့ ပလပ်စတစ်နှင့်ပြုလုပ်သောအပြုံးတွေက
    ခေါင်းကိုက်ချင်စရာ
    အသားအရောင် လှပတဲ့ပေါင်လုံး နေရောင်အောက်ကအနမ်းများနဲ့ ခေတ်က
    သဘာဝကျနေတာ သဘာဝဖြစ်ဖြစ်သွားတာတွေ့ရတယ်
    ရှုထောင့်၊အယူအဆနဲ့တဏှာရာဂက
    ခေတ်ရဲ့မီးကုန်ယမ်းကုန် လှပနေတဲ့အစိတ်အပိုင်းတွေလိုဖြစ်ဖြစ်သွား
    နေပူလို့ဖြစ်မယ်
    နေရောင်အောက်မှာမို့ဖြစ်မယ်
    ပေါင်လုံးလေးတွေတွေ့နေရရင်စိတ်ချမ်းသာတဲ့ကောင်တွေအတွက်ဖြစ်မယ်
    တိကျတဲ့တုန့်ပြန်မှုနဲ့အသေးစိတ်ဆာလောင်မှုကို
    ပေါင်လုံးလှလှကောင်မလေးတွေထည့်မတွက်တာလဲဖြစ်မယ်
    သူမတို့က ခေတ်ရဲ့ခေါင်းကိုက်ပျောက်ဆေးလေးတွေဖြစ်မယ်
    ခေါင်းကိုက်ချင်စရာလဲဖြစ်မယ်
    အသိဟာအာသီသကြမ်းပေါက်အောက်ကျွံကျချင်စရာ
    ရေဆူဆေးပြားတွေလိုသွေးသားတွေဆူဆူကြွ
    ပေါင်လုံးလှလှ သတိထားနေရတယ်..................................။
    ရွှေးခြယ်မှုမရှိပါပဲခေတ်ကလျှောက်သွားတာ
    စကားလုံးတွေက ရင့်ကျက်မှုမရှိပဲရင့်ကုန်တာ
    မြန်မာအဘိဓန်တောင်ဖျားယူရတယ်
    ဖုတ် ၊ကင်၊ လှော် ၊ဂျွတ် ၊ဂွမ်း
    အထူးအဆန်းslangတွေက ခေါင်းကိုက်ချင်စရာ
    မောင်ရင့် ကဗျာflowက အရမ်းဂျွတ်တယ် သားကြီးဆိုတော့
    အဓိပ္ပာယ်ကောက်ယူမှုနည်းစနစ်မှန်ကန်ချက်နည်းဗေဒ တောင်သင်ယူရမလို
    ဒါဆိုမဟုတ်ဖူး
    ခင်ဗျာအနည်းဆုံးတော့နားလည်မှုပေးသင့်တယ်
    နားလည်မှုရဲ့ဖြစ်ရပ်အကျိုးဆက်ကိုနားလည်မှုပေးသင့်တယ်
    ခင်ဗျာကိုယ်တိုင်ခလုတ်နှိပ်တက်လာတဲ့ဒီခေတ်ရဲ့အမြင့်
    အဆင့်တစ်ဆင့်ရဲ့ ခေတ်ကာလသားသမီးများဟာ
    ခေါင်းကိုက်ချင်စရာ.........................................................................။
    Mr Virus
    Mr Virus
    Moderator
    Moderator
    Posts : 8
    Join date : 2012-08-17
    Mr.Virus ၏ ကိုယ်တိုင်ရေး ကဗျာများ Empty သတိ....ကဗျာထဲမှာဖမ်းဖို့မေ့သွားသောဘောလုံးများမပါစေရ
    Post  Mr Virus Sat Sep 01, 2012 8:18 am
    LPကဗျာတစ်ပုဒ် ဖြတ်လျှောက်သွားတာကို နောက်ကကြည့်တယ်
    သူကျောရိုးမှာ ၀ါကျပါမပါ
    ကြိယာအသေတွေ ကျားကုတ်ကျားခဲဖက်တွယ်
    ကဗျာက သေသလားရှင်သလား မသိ
    မေးခွန်းကရှိခဲ့ပြီ၊ သို့မဟုတ် ရောက်လာလိမ့်မည်၊
    ဆက်စပ်မှုဆိုတာ အရေးကြီးမကြီး ဖြေဆိုရန်
    မဟုတ်သေးဘူးဆိုရင် အသစ်တစ်ပုဒ် ထပ်ရေးရန်
    အတွေးသစ်ရဲ့ဆင်ခြေလျှောကို အထပ်ထပ်စိတ်ပိုင်း
    နောက်မှာ ကတ္တားပုဒ်တစ်ခုကပ်ပါလာတာ မြင်ကြလား
    တခါတခါ လောဘ ၊ ဒေါသ ၊ မောဟ ကို အလင်္ကာလုပ်ရွတ်ဆို
    နေထွက်တဲ့အခါ ကဗျာတွေအိပ်ကုန်ကြလား နဲနဲလေ့လာသင့်တယ်
    တချိန်လုံး....စာသားထည့်သွင်းမှု အံလွဲနေသော ကဗျာကို ဖယ်ထားခဲ့
    ဖတ်ဖူးတဲ့အတွေးကို ဓါတုဗေဒဆိုးဆေးနဲ့ဆိုးထားတဲ့စာသားကို ရှောင်ကျဉ်
    အဂတိအလင်္ကာတွေ ထိရှမှုအပိုင်းကို
    ခပ်ကြမ်းကြမ်းဆက်ဆံပြစ်ကြရင်ကောင်းမယ်
    “အရမ်းခံစားရလွန်းလို့”ဆိုတာကို ဘာသာစကားမှာရှောင်
    အစဉ်အလာအားဖြင့် ရှောင်
    ကဗျာရဲ့မေးရိုးပြုတ်ကျတာကို ကြည့်မယ်
    အဓိပ္ပါယ်ဟောင်းနဲ့ စကားလုံးသစ်တွေပလူပျံ
    အရှိတရားကို တစ်မျိုးစီယူသုံးထားတဲ့
    ရှေ့နောက်ညီမှုဓမ္မနဲ့ အနေအထားကိုနေသားတကျရေးဖွဲ့မှု
    ယုတ္တိဘောင်ထဲမှာ သိမှုကို ယုတ္တိနဲ့ပြန်ပတ်
    သံသရာလည်မှုကိုmirrorရေးဖွဲ့နည်းစနစ်နဲ့ပမာပြကြည့်
    ကဗျာကစဉ်းစားဟန်နဲ့ ခတ္တမျှငြိမ်သက်လို့
    ကဗျာဆိုတာ ဖောက်ထွင်းပြီသားဂိုဒေါင်ကြီးနဲ့မတူရအောင်
    အစ္ဇျတ် ၊ အစ္ဇျတ္တ ၊ သုခ ၊ ဒဿန ၊ ဝေဒနာတွေ သိုလှောင်ပြစ်ကြ
    ပုဒ်တစ်လုံးဖတ်ပြီး တစ်ကြောင်းမှနားမလည်အောင်ဖြစ်နေရင်
    အဲဒီကဗျာကိုနောက်တစ်ခါဖတ်ရန်
    ဇေယျာလင်းကတော့
    “ပုဒ်တစ်လုံးဖတ်ပြီးတစ်ကြောင်းမှနားမလည်အောင်ဖြစ်နေရင်၊ နားမလည်တာကို(သုညမှတ်)လို့ကျွန်တော်ခေါ်ပါတယ်တဲ့” သတိ....ကဗျာထဲမှာဖမ်းဖို့မေ့သွားသောဘောလုံးများမပါစေရ။
    Mr Virus
    Mr Virus
    Moderator
    Moderator
    Posts : 8
    Join date : 2012-08-17
    Mr.Virus ၏ ကိုယ်တိုင်ရေး ကဗျာများ Empty တည်တည်တံ့တံ့ပြောရရင် ခေတ်အတွက်လမ်းကြိတ်စက်များများလိုတယ်
    Post  Mr Virus Fri Sep 28, 2012 9:51 am
    စာသားတွေထစ်နေတယ်
    ခံစားလို့မကောင်းဘူး
    လမ်းကြိတ်စက်ဟာ ခေတ်အတွက် လိုနေတယ်
    ကိုယ့်ပြုံးပြလို့ ပြန်ပြုံးပြနေရသလို
    အဖွင့်အပိတ်ဟာရှေ့နောက်မညီဘူး
    တကယ်ရယ်ရတဲ့ဟာသ ကိုသာဖတ်ချင်တာပါ
    ဟက်ဟက်ပက်ပက်မရှိတဲ့ လုပ်ဇာတ်ဟာ
    ကျုပ်နေ့တိုင်းလာလာသတ်နေတဲ့ တရား လို
    ခေတ်ကြီးဟာ လမ်းလျှောက်ရင်းပြုံးရခဲတယ်။
    အိုဇုန်းလွှာပါးတာနဲ့ ညညခွေးတွေမိုးပေါ် မော့မော့အူတာ
    ဘာမှမဆိုင်ဘူး သိပေမယ့်
    ကျုပ်ကတော့ အိုဇုန်းကိုလွမ်းနေတယ် ၊
    ကျုပ်နဲ့ သူ သိပ်ခင်တာတော့မဟုတ်ပေမယ့်
    မျက်မှန်းတန်းမိနေကျ
    ပါးပါးလေးပဲ ပါးပါးလေးမှ တကယ့်ပါးပါးလေး
    ကျွန်တော်သူ့အတွက်စိုးရိမ်မိတယ်။
    သေရောကြေရော
    ကိုယ့်ခါးဆစ်ရိုးဖြုတ် တံပိုးခရာလုပ်ပြီး
    ကိုယ့်အရိုးကိုယ်ပြန်တွန်နေရသလို
    ကိုယ့်သွေးကိုယ် ပြန် အရသာ ခံ ခံစား နေကြ
    ကိုယ့်အိပ်မက်တွေ ခေတ်သစ်လမ်းကြိတ်စက်တွေအောက်ကလွတ်ဖို့
    သွေးထွက်အောင်းအားစိုက်နေကြ
    ငတ်ခြင်းဟာ ဘီးလုံးကြီးတွေလိမ့်နေသလို
    ကိုယ့်ကိုပြေးပြေးဆောင့်နေတာ နိုင်း (9) လောက် ရှိတယ်။
    ရိုးရာတေးနဲ့ နေ၀င်ချိန်အရသာတွေ
    နေ၀င်ဝင်သွား
    ယဉ်ယဉ်လေးပါပဲ
    သူကယဉ်ယဉ်လေးပဲ
    ခေတ်သစ်လမ်းကြိတ်စက်တွေညာညှိတာလား ချေမွှနေတာလား
    ခုတလော ခေတ်ဟာတိုနံ့နံ့ ၊ မပီမသ ၊ ရောင်စုံဆံပင်တွေကြား
    မူးမူးနဲ့ရိုးရာတေးတွေမပီတော့ဘူး။
    ရနံ့မပီသတဲ့
    လက်တစ်လုံးခြားအပြုံးတွေအောက်
    ကိုယ်ကျင့်တရာအဖုံးလေး လှုပ်လှုပ် လှုပ်လှုပ်
    အရမ်းပဲဝမ်းနည်းမိတယ်
    အရမ်းပဲခံစားရတယ်
    အသက်ရှူတဲ့လေသန့်ဖို့လူသားအားလုံးတာဝန်ရှိတယ်
    လက်နက်ဆွဲကိုင်ရမလား
    လက်မောင်းသွေးဖောက် ရဲရင့်ပြရမလား
    ပြုံးပြလိုက်တယ်
    စံပယ်ရနံ့တွေသင်းဖို့…။
    ကိုယ်နဲ့စိတ်တွေလေမှာဝဲတယ်
    အရာရာကိုငြင်းဆန်းခြင်းမပြုပဲ
    အဆင်သင့်ဖေါက်သောက်လိုက်ကြ၊ဖေါက်စားလိုက်ကြ
    အဆင်သင့်ခြင်းဟာ ခေတ်ရဲ့ ထုတ်ကုန်
    အဆင်သင့်ခြင်းဟာ အုတ်ရောရော ကျောက်ရောရော
    အဆင်သင့်ခြင်းဟာ ကပြောင်းကပြန်
    အဆင်သင့်ခြင်းဟာ ထွက်ပေါက်တစ်ခုလို မြူစွယ်နေတဲ့ ကျင်းပေါက်
    အဆင်သင့်ခြင်းဟာ နာလိုခံခက်တွေပဲဖန်တီးနေတဲ့ ခလုတ်တစ်ခု
    အဆင်သင့်ခြင်းဟာ လူသိရှုင်ကြား message တစ်ခု
    အဆင်သင့်ခြင်းဟာ ရိုးရာတွေသေနေတဲ့ ဥယျာဉ်
    အဆင်သင့်ခြင်းဟာ အထိတ်တလန့်
    အဆင်သင့်ခြင်းဟာ ဖျက်လိုဖျက်ဆီး
    အဆင်သင့်ခြင်းဟာ အနာဂတ်ဖြတ်လမ်း
    အဆင်သင့်ခြင်းဟာ အနာဂတ်ဖျက်လမ်း
    အဆင်သင့်ခြင်းဟာ စိတ်ဓါတ်ကိုပျက်ပြားစေနိုင်ပါသလား။
    နံနက်တိုင်း စိတ်လိုလက်ရ
    နဂါးခေါင်းဘယ်ဘက် လှည့်သလဲ မသိ
    ပဲပြုတ်တောင်းကတော့ အရပ်တကာလှည့်တယ်
    ခြေခင်းလက်ခင်းသာသာမှာ
    ကုန်းဆင်းမှာ ချွေးထွက်နေတဲ့ဆိုက်ကား
    လက်လှုပ်တိုင်းပါးစပ်ကလှုပ်ချင်စိတ်ပေါက်ပေါက်နေ
    လက်လှုပ်တိုင်း ပါးစပ်လှုပ်ပါရစေ
    ငါ့ဝမ်းကတကြုတ်ကြုတ်
    ငါ့အူဟာအလျှားအနံမသိလောက်အောင်
    ပါးစပ်လှုပ်ခွင့်ပြုကြပါ။
    အမြဲတက်ကြွနေသည် စာတန်းပါ လူသားတစ်ဦးထံမှ
    အပြုံးတုအချို့ ဖမ်းဆီးရမိ------
    ဒီဇိုင်းအပြည့်အစုံမှာ အသက်ပါမလာသဖြင့်
    အပြုံးများအားလုံးမှာ အဆစ်များပြုတ်ထွက်
    ထပ်မံစစ်ဆေးရာ ထိုအပြုံများအားလုံးမှာ
    အဆိပ်သင့်စေနိုင်ကြောင်း သတင်းရရှိပါသည်။
    ကြားညှပ်/ညပ်
    လက်ပြောင်းလက်လွှဲများနဲ့
    အုပ်စုဖွဲ့ခြင်းခံလိုက်ရတဲ့ လူစုလူဝေးကြားမှာ
    လေကောင်းလေသန့်
    စကားကောင်းစကားသန့်
    အတွေးကောင်းအတွေးသန့်
    အကျင့်ကောင်းအကျင့်သန့်
    တို့ဟာ ဖေဖေါ်ဝါရီလို တသမတ်တည်းမရှိဘူး
    ကိုယ်တည်ဆောက်လို့ရတဲ့ ကိုယ့်ဒဏ်ရာဟာ
    လူတိုင်းအတွက်အနက်ဆုံး
    ဒီထဲမှာ…ဘယ်သူအသံအကျယ်ဆုံးလဲ။
    အတက်အကျမရှိတဲ့လေသံနဲ့
    ဟောစာတမ်းတွေဘာတွေထုတ်နေသလို
    မကြားတကြားဆဲရေးသံ
    ….ခေတ်ဆိုးကြီး
    ဒါမြွေတွန်သံဆို…ရေမြွေတော့မဟုတ်လောက်ဘူး
    ရင်ခေါင်းသံနဲ့ အသံတိုတစ်ချက် အသံရှည်တစ်ချက်
    ဘီယာဘူးပိန်ပိန်လေးကန်လို့ထွက်တဲ့အသံမျိုး
    တစ်ချက်တစ်ချက်ချွဲကိုခပ်ထုတ်လိုက်သေးတယ် ဟက်ကနဲ့
    …..ခေတ်ဆိုးကြီး
    …..ခေတ်ဆိုးကြီး
    …..ခေတ်ဆိုးကြီး။
    အခိုးအငွေ့နဲ့ နေ့အသေတွေကြား
    မြို့ပြဟာတလွဲဆံပင်ကောင်းဖြစ်နေတယ်
    ဆုတောင်းမှားခဲ့ရတဲ့လမ်းတွေဟာကျိုးပျက်
    လူလူသူသူမသိတဲ့ လူမှုရေးစံလွဲမှုတွေကြောင့်
    မိုးများရာ ရေမပါခဲ့ဘူး
    ခေတ်ပေါ်တေးတစ်ပုဒ်ရဲ့အရေးပါမှုကိုသိကြရဲ့လား
    ပြတ်တောင်းပြတ်တောင်းရွတ်ဆိုမှုဟာ
    အချိန်ကိုက်အံလွဲမှုတွေလို လှောင်ပြောင်နေကြတယ်
    ဒီး…ဒို..ဒီး…/ ဒီး…ဒို…ဒီး။
    မိုးရာသီရဲ့နောက်ဆုံးခရီးစဉ်တွေမှာ
    တဖြေးဖြေးရေကခြောက်သွေ့သွားတယ်
    တကယ့်ကိုကြီးကျယ်တဲ့ကမ္ဘာပဲ
    ဒါဟာအဆုံးသတ်ပါ…….။ ။
    Virus(evirus3@gmail.com)
    Sponsored content
    Mr.Virus ၏ ကိုယ်တိုင်ရေး ကဗျာများ Empty Re: Mr.Virus ၏ ကိုယ်တိုင်ရေး ကဗျာများ
    Post  Sponsored content
      Current date/time is Fri Apr 19, 2024 9:18 am