ကျုံပျော်မြို့

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျုံပျော်မြို့

ကျုံပျော်သူ / ကျုံပျော်သားတို့ဆုံဆည်းရာ

စာပေမြတ်နိုးသည့် ရွက်နုသစ်တို့အတွက် ကျုံပျော်မြို့နယ် စာရေးဆရာအသင်းမှ စာပေ၀ါသနာရှင် "ရွက်နုသစ်"တို့အတွက် မဂ္ဂဇင်း ထုတ်ဝေပါမည်

    အားကစားသတင်းများ (ဘောလုံး)

    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    အားကစားသတင်းများ (ဘောလုံး) Empty အားကစားသတင်းများ (ဘောလုံး)

    Post  လူမိုး Tue Aug 21, 2012 2:44 pm

    ဂွဒ်ဒီဆင်ပက်တွင် ရုန်းကန်ရဆဲ မန်ယူ # အဲဗာတန် ၁-၀ မန်ယူ

    ပရီးမီးယားလိဂ်
    အဖွင့်ပွဲ နောက်ကျ ပွဲစဉ် အဖြစ် အဲဗာတန် နှင့် မန်ယူ အသင်းတို့ အဲဗာတန်
    အိမ်ကွင်း ဂွဒ်ဒီဆင်ပက် တွင် ကစားသွား ခဲ့ကြ သည်။ ယခုပွဲတွင် ဧည့်သည် မန်ယူ
    အသင်း အဲဗာတန် ခံစစ်အား ကျော်ဖြတ်ရန် ရုန်းကန် ခဲ့ရသည်ကို တွေ့ရပြီး
    အဲဗာတန်၏ တွန်းတွန်းတိုက်တိုက် ကစားဟန်ကို မကျော်ဖြတ်နိုင် ခဲ့ချေ။ အဲဗာတန်
    အသင်းသည် အမြင့်ဘော များဖြင့် အားသာချက် ယူပြီး ကွင်းလယ်လူ ဖယ်လိုင်နီ၏
    တလုံးတည်းသော ခေါင်းတိုက် ဂိုးဖြင့် တစ်ဂီုး ဂိုးမရှိဖြင့် အနိုင် ရရှိ
    ခဲ့သည်။
    အိမ်ရှင် အဲဗာတန် ၌ တိုက်စစ်မှုး ဂျီလာဗစ် ကို အထောင်
    တိုက်စစ်မှုး အဖြစ် ထားပြီး ဖယ်လိုင်နီ၊ ပီးနား တို့ဖြင့် ဝန်းရံစေ
    ကွင်းလယ်မှ အော့စမန်၊ ဂစ်ဘ်ဆင်၊ နဗီးလ်၊ စသည့် ကွင်းလယ်လူ များနှင့်
    ပွဲထွက် ခဲ့သည်။ နောက်တန်းတွင်တော့ ဂိုးသမား ဟောင်းဝပ်နှင့် အတူ ဒစ်စတင်၊
    ဘိန်း၊ ဂျာဂျီကာ၊ ဟစ်ဘတ် စသည့် နောက်ခံလူများကို တွဲ ကစားစေ ခဲ့သည်။ မန်ယူ
    အသင်းတွင်တော့ တိုက်စစ်မှုး ဝဲလ်ဘက် ကို အထောင် ထား၍ ကွင်းလယ်လူ ငါးယောင်
    စနစ်ဖြင့် ကစား ခဲ့သည်။ ကလေဗာလေ၊ နာနီ၊ စခိုးလ်၊ ကာဂါဝါ၊ ရွန်နေး တို့ဖြင့်
    ကွင်းလယ်ကို တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။ ဂိုးသမား ဒီဂီယာ ကိုတော့ ကားရစ်၊
    ဗီဒစ်၊ ဗလင်စီယာ၊ အီဗရာ တို့ဖြင့် ကာကွယ်မှုပေး စေသည်။
    [You must be registered and logged in to see this link.]
    ယခု
    ပွဲ၏ ပွဲချိန် အစောပိုင်း မိနစ် များတွင် အဲဗာတန် အသင်း အသာစီးမှ
    ကစားနိုင် ခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် ပီးနား၏ တောင်ပံမှ တဆင့်
    တိုက်စစ်ဆင် သည့် အဲဗာတန် သည် ဖြတ်တင်မှု များ ပြုလုပ်ကာ ဂိုးသွင်း ခွင့်
    ရရန် ကြိုးစား ခဲ့ကြသည်။ အဲဗာတန် တွင် ဖယ်လိုင်နီ ခြေစွမ်း ပြခဲ့ပြီး
    အမြင့်ဘော များဖြင့် တွန်ုတွန်း တိုက်တိုက် ကစားသွား ခဲ့ကာ မန်ယူ ခံစစ်အား
    ဖိအားပေးနိုင် ခဲ့သည်။ ပွဲချိန် ၁၀ မိနစ် မပြည့်မီ ပင် ဖယ်လိုင်နီ အပိုင်
    အခွင့် အရေး ရခဲ့ပြီး မန်ယူ နောက် တန်းလူ နှစ်ဦးအား ကျော်ဖြတ်၍ ကန်သွင်း
    ခဲ့သော်လည်း တိုင်ထိ ထွက်ခဲ့ သည်။ ပွဲချိန် ၁၀ မိနစ် နောက်ပိုင်း တွင်တော့
    ဧည့်သည် မန်ယူ ကစားအား တက်လာ ခဲ့ပြီး အိမ်ရှက် ဘက် သို့ ပြန်လည် ဖိအားပေး
    နိုင်ခဲ့သည်။
    ပွဲချိန် ၂၂ မိနစ်တွင် မန်ယူ တောင်ပံ ကစားသမား လူးဝစ် နာနီ
    ကလေဗာလေ ပေးသည်မှ တဆင့် အမှတ်မထင် အဝေးမှ ကန်သွင်း ခဲ့သော်လည်း ၎င်း
    ကန်သွင်းချက် ဂိုးပေါက် လွဲခဲ့ရ သည်။ ဆက်တိုက် ဆိုသလို အဲဗာတန် တိုက်စစ်
    ဆင်လာပြီး မိနစ်ပိုင်း အကြာတွင်ပင် အော့စမန်၏ လှပသည့် ဖန်တီးမှုမှ တဆင့်
    ဂျီလာဗစ် လူကျွံထောင်ချောက် လွတ် သွားကာ ကန်သွင်းခွင့် ရသော်လည်း ဒီဂီယာ
    ကာကွယ်ခဲ့၍ ထောင့်ကန်ဘော သာ ရရှိ ခဲ့သည်။ ၎င်း ထောင့်ကန်ဘော မှ တဆင့်
    ပြုတ်ကျလာသည့် ဘောလုံးကို ဂိုးဧရိယာ ထိပ်တွင် ရှိသော အော့စမန် ခေါင်းတိုက်
    သွင်းရာတွင် ဒီဂီယာ လက်စွမ်းပြ ပုတ်ထုတ် နိုင်ခဲ့၍ မန်ယူ ကံကောင်း ခဲ့ရသည်။

    [You must be registered and logged in to see this link.]
    ပွဲချိန်
    ၂၅မိနစ် နောက်ပိုင်း တွင် မန်ယူ အသင်း ကစားကွက် အသာစီး ရလာပြီး
    ဂိုးသွင်းခွင့် များလည်း ရရှိ လာသည်။ ၂၈ မိနစ်တွင် အဲဗာတန် ဂိုးဧရိယာ ထိပ်၌
    အလွတ်တည် ကန်ဘော ကန်ခွင့်ရ၍ ဝိန်းရွန်နေး ကန်သွင်းရာ ကန်ချက် ကောင်းမွန်
    ခဲ့သော်လည်း ဂိုးသမား ကာကွယ်နိုင် ခဲ့သည်။ သည့်နောက် ၄ မိနစ် အကြာတွင်
    အဲဗာတန် အသင်း တန်ပြန် တိုက်စစ်မှ တဆင့် ဂိုးရရန် နီးစပ် ခဲ့သေးသည်။
    တိုက်စစ် လိုက်ပါ လာသော လေတန်ဘိန်း ၏ ဖန်တီးမှု မှ တဆင့် တောင်ပံ ကစားသမား
    ပီးနား အပိုင် ပိတ်သွင်း ယူခဲ့သော်လည်း ဂိုးသမား ဒီဂီယာ လက်စွမ်းပြ
    ပုတ်ထုတ် ခဲ့တာကြောင့် ဂိုးမဖြစ် ခဲ့ချေ။
    ပွဲချိန် ၃၇ မိနစ်တွင် မန်ယူ
    အသင်း ဂိုးသွင်းခွင့် ရရှိ ခဲ့ပြန်သည်။ တိုက်စစ် လိုက်ပါလာသည့် အီဗရာ၏
    ဖြတ်တင်ဘော မှ တဆင့် တိုက်စစ်မှုး ဝိန်းရွန်နေး ဂိုးရှေ့တည့်တည့် အပိုင်
    ပိတ်သွင်းခွင့် ရသော်လည်း ကန်ချက် နည်း ခဲ့ပြီး ဂိုးသမား အတည့်
    ဖြစ်ခဲ့သောကြောင့် နစ်နာ ခဲ့ရသည်။ ဆက်တိုက် ဆိုသလို ရွန်နေး ကာဂါဝါ
    တွဲလုံးမှ တဆင့် ကာဂါဝါ၏ ဖန်တီးမှု ကို ဝဲလ်ဘက် အဆုံးသတ်ရန် ကြိုးစား
    ခဲ့သော်လည်း ၎င်း၏ ကန်ချက် တိုင်ဘေးမှ ထွက်သွား ခဲ့၍ အဲဗာတန် ကံကောင်းရပြန်
    သည်။ နောက် နှစ်မိနစ် အကြာတွင် အဲဗာတန် တန်ပြန် တိုက်စစ် ရခဲ့ပြန်ပြီး
    ဖယ်လိုင်နီ၏ ဖန်တီးမှု ကို အော့စမန် အနီးကပ် မြေမကျ အပိုင် ပိတ်သွင်း
    ခဲ့သော်လည်း ဒီဂီယာ လက်စွမ်းပြ ပုတ်ထုတ် ခဲ့သဖြင့် ဂိုးမရ ခဲ့ပြန်ချေ။
    ပွဲချိန်
    ပထမပိုင်း နောက်ဆုံး မိနစ် များတွင် နှစ်ဖက် အသင်း အပြန်အလှန်
    ဂိုးသွင်းခွင့် များ ရရှိ ခဲ့သေးသည်။ အထူးသဖြင့် ပွဲချိန် ၄၅ မိနစ်
    မပြည့်ခင် စက္ကန့်ပိုင်း အလိုတွင် အဲဗာတန် အသင်း အလွတ်တည် ကန်ဘောမှ တဆင့်
    ဂိုးရရန် နီးစပ် ခဲ့သော်လည်း ဘိးန်၏ လှပသေသေပ် သည့် ကန်ချက်ကို ဒီဂီယာ
    လက်စွမ်းပြ ပုတ်ထုတ် ခဲ့ပြန်တာကြောင့် မန်ယူ ကံကောင်း ခဲ့ရသည်။ ထို့နောက်
    အပိုဆောင်း မိနစ်တွင် ဧည့်သည် မန်ယူ တိုက်စစ် ဆင်လာပြီး ကာဂါဝါ၏ ဖန်တီးမှု
    မှ တဆင့် ရွန်နေး အပိုင် ခေါင်းတိုက် သွင်းခွင့် ရခဲ့သော်လည်း ခေါင်း
    တိုက်ချက် မမှန် ခဲ့တာကြောင့် နစ်နာ ခဲ့ရသည်။

    [You must be registered and logged in to see this link.]
    ပွဲချိန်
    ဒုတိယ ပိုင်းအား နှစ်ဖက် အသင်းနှစ်သင်းလုံး အပြောင်းအလဲ မရှိပဲ ကစားခဲ့
    သည်။ ပွဲအစ သုံးမိနစ် တွင်ပင် အဲဗာတန် အသင်း ဂိုးရရန် နီးစပ် ခဲ့သည်။
    ဟစ်ဘတ်၏ ဖြတ်တင်ဘော မှ တဆင့် ပြုတ်ကျ လာသည့် ဘောလုံးကို အော့စမန် ဂိုးဧရိယာ
    အတွင်း အပိုင် ပိတ်သွင်းယူ ခဲ့ပေမယ့် ၎င်း ကန်သွင်းချက် ဘားတန်း မှန်ထွက်
    ခဲ့၍ အဖွင့်ဂိုး နှင့် ဝေးခဲ့ရ သည်။ ပွဲချိန် ၅၅ မိနစ်တွင် နာနီ ကာဂါဝါ
    တို့၏ တွဲလုံး မှ တဆင့် တိုက်စစ်မှုး ဝိန်းရွန်နေး အဝေး ကန်ချက် ဖြင့်
    ဂိုးသွင်းယူရန် ကြိုးစား ခဲ့သော်လည်း ၎င်း ၏ ကန်သွင်းချက် များ ခဲ့သည်။
    ဆက်တိုက် ဆိုသလို အဲဗာတန် အသင်း တိုက်စစ် ဆင်လာ ခဲ့ပြီး ဦးဆောင်ဂိုး ရရှိ
    ခဲ့သည်။
    ယင်းဂိုး ကိုတော့ ပွဲချိန် ၅၇ မိနစ်တွင် ထောင့်ကန်ဘော မှ တဆင့်
    ခြေစွမ်းပြနေသည့် ဖယ်လိုင်နီ ခေါင်းတိုက် သွင်းယူ ခဲ့ခြင်း ဖြစ်သည်။
    ဂစ်ဘ်ဆင် ကန်တင်ပေး သည့် ဘောလုံးကို ဖယ်လိုင်နီ ပြိုင်ဘက် ခံစစ်လူများ
    ကြားမှ အပိုင် ခေါင်းတိုက် ယူ ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်တွင်တော့ မန်ယူ
    အသင်း တိုက်စစ် မြှင့်တင် လာခဲ့ပြီး အဲဗာတန် အား ထိန်းချုပ် ကစားလာနိုင်
    ခဲ့သည်။ ပွဲချိန် ၆၅ မိနစ်တွင် မန်ယူ အသင်း ဂိုးရရန် နီးစပ် ခဲ့ပြီး
    အဲဗာတန် ခံစစ်မှုး ဂျာဂျီကာ ခြေစွမ်းပြ ကာကွယ် ခဲ့တာကြောင့် အပိုင် တစ်ဂိုး
    လက်လွှတ် ခဲ့ရသည်။ ရွန်နေး၏ ဖန်တီးမှု မှတဆင့် ကျလာသည့် ဘောလုံးကို ကာဂါဝါ
    ထပ်မံ ဖန်တီးပေး ခဲ့ပြီး ကလေဗာလေ အား ပိတ်သွင်းစေ ခဲ့သော်လည်း ဂျာဂျီကာ
    ဂိုးစည်းပေါ်မှ ဖြတ်ထုတ် ခဲ့သည်။
    [You must be registered and logged in to see this image.]

    ပွဲချိန် ၆၇ မိနစ်တွင်တော့ မန်ယူ အသင်း လူစားလဲမှု ပြုလုပ် ခဲ့ပြီး
    တိုက်စစ်မှုး ဝဲလ်ဘက် အစား ပြီးခဲ့သော ရက်ပိုင်းအတွင်းမှ ဝယ်ယူ ထားသော
    အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ဗန်ပါစီ အား ထည့်သွင်း ခဲ့သည်။ ဗန်ပါစီ
    ဝင်ရောက် ကစားပြီးနောက် မန်ယူ အသင်းမှ ဘောလုံးကို စိုးမိုး ကစားနိုင်ပြီး
    ကွင်းလယ် တိုက်စစ်ဖြင့် ဖိအားပေး ကစားနေ ခဲ့သည်။ သို့သော်လည်း အနိုင် ဂိုး
    ရရှိ ထားသည့် အဲဗာတန် သည် ခံစစ်ကို အသေအချာ အထိုင်ချ ကာကွယ် ခဲ့သဖြင့်
    ဧည့်သည် မန်ယူ အခက်တွေ့နေ ခဲ့သည်။ ပွဲချိန် ၇၇ မိနစ်တွင်တော့ မန်ယူအသင်း
    ထပ်မံ လူစားလဲမှု ပြုလုပ် ခဲ့ပြီး နာနီအစား ယန်း ကလေဗာလေ အစား အန်ဒါဆန်
    တို့ကို အစား သွင်းခဲ့ သလို အဲဗာတန် ဘက်မှလည်း ကစားအား ကျလာသည့် အော့စမန်
    အစား ကိုးလ်မန်း ကို ထည့်သွင်း ခဲ့သည်။
    မန်ယူသည် ကစားကွက် အသာစီးဖြင့်
    ကစားနိုင်သော်လည်း ကြံ့ခိုင်မှု အားပြု ကစားသည့် အဲဗာတန်၏ ခံစစ် ကို
    ထိုးဖောက်နိုင်ရန် ရုန်းကန် ခဲ့ရပြီး ကွင်းလယ်တွင်သာ အပေးအယူ လုပ်နေ
    ခဲ့ရသည်ကို တွေ့ရသည်။ ပွဲချိန် နောက်ပိုင်း မိနစ် များတွင် အပိုင်
    ဂိုးသွင်းခွင့် မရခဲ့သည့် မန်ယူသည် ရှုံးနိမ့်နေသည်နှင့် အညီ ဖိအား များလာ
    ခဲ့ပြီး အမှားလည်း များလာ ခဲ့သည်။ ပွဲချိန် မိနစ် ကိုးဆယ် အပြည့်တွင်
    လူစားဝင် ကွင်းလယ်လူ အန်ဒါဆန် ဧရိယာ အပြင်မှ ကန်သွင်းချက် ကောင်းမွန်
    ခဲ့ပေမယ့် ဂိုးပေါက် မတည့် ခဲ့သဖြင့် နစ်နာ ခဲ့သည်။ ပွဲချိန် အချိန်ပို
    လေးမိနစ် ပေး ခဲ့သည်တွင် မန်ယူ အသင်း ခြေပဂိုး ရရန် ကြိုးစား ခဲ့သော်လည်း
    မအောင်မြင် ခဲ့ပဲ ပွဲဦးထွက် အရှုံးကို ကြုံတွေ့ ခဲ့ရသည်။


    mmstriker
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    အားကစားသတင်းများ (ဘောလုံး) Empty Re: အားကစားသတင်းများ (ဘောလုံး)

    Post  လူမိုး Tue Aug 21, 2012 2:46 pm

    အသင်းသားများ အနေနှင့် ဗန်ပါစီ၏ အကောင်းဆုံး အားသာချက် များအား အသုံးမချ ခဲ့ဟု ပြစ်တင်

    မန်ချက်စတာ
    ယူနိုက်တက် အသင်း မန်နေဂျာ အဲလက်စ် ဖာဂူဆန် သည် အဲဗာတန် အသင်းအား
    ရှုံးနိမ့် ခဲ့သည့် ပွဲတွင် အသင်းသားများ အနေနှင့် ဗန်ပါစီ၏ အကောင်းဆုံး
    အားသာချက် များအား အသုံးမချ ခဲ့ဟု ပြစ်တင် ဝေဖန် ခဲ့သည်။
    အာဆင်နယ်
    အသင်းခေါင်းဆောင်ဟောင်း ဖြစ်သူ ဗန်ပါစီ ပြီးခဲ့သည့် ရက်ပိုင်းတွင် မှ
    အိုးထရဒ်ဖို့ဒ်သို့ စတာလင်ပေါင် ၂၄သန်းဖြင့် ပြောင်ရွှေ့ လာခဲ့သူ ဖြစ်သည်။
    ယမန်နေ့ ဂွဒ်ဒီဆင်ပက် ပွဲတွင် ပွဲထွက် ကစားသမား အဖြစ် မပါဝင် ခဲ့သော်လည်း
    ပွဲချိန် ၆၈ မိနစ်တွင်

    အသင်းဖော် တိုက်စစ်မှုး ဝဲလ်ဘက် အစား လူစားဝင် ကစားခဲ့သည်။ သို့သော်လည်း အသင်း ရလဒ်အတွက် အလှည့်အပြောင်း မလုပ်နိုင် ခဲ့ချေ။

    [You must be registered and logged in to see this image.]

    ယခု တွင် မန်နေဂျာ ဆာအဲလက်စ် က အသင်းဖော် များအနေဖြင့်
    ဗန်ပါစီအား အသုံးမပြု ခဲ့ဟု ဆိုသည်။ “ကျွန်တော်တို့ ဗန်ပါစီနဲ့ ကစားခဲ့ကြ
    ပါတယ်။ ဒါပေမယ့် ထိုးဖောက်မှု ကောင်းကောင်း မလုပ်နိုင် ခဲ့ပါဘူး။
    ခံစစ်မှုးတွေ နဲ့ တွေ့ရင် အားသာချက်တွေ ရှိတဲ့ ဗန်ပါစီရဲ့ စွမ်းရည်တွေကို
    ကျွန်တော်တို့ အသုံးပြု ဖို့ ကြိုးစား ခဲ့ပါတယ်။ ဒါပေမယ့် အကောင်းဆုံး
    အသုံးမချနိုင် ခဲ့ပါဘူး။” ဟု ဆာအဲလက်စ် က ဆိုသည်။
    ယင်းပွဲတွင်
    မန်ယူ အသင်းသည် ပြိုင်ဘက် အဲဗာတန်၏ ကြံ့ခိုင်မှု အသားပေး ကစားဟန်တွင်
    ရုန်းကန် ခဲ့ရပြီး ပြိုင်ဘက် ကစားသမား ဖယ်လိုင်နီအား ထိန်းချုပ်နိုင်ခြင်း
    မရှိချေ။ ပထမပိုင်း အတွင်း အဲဗာတန် ၏ အပိုင် အခွင့်အရေး သုံးလေး
    ကြိမ်ခန့်အား ဒီဂီယာ လက်စွမ်းပြ ပုတ်ထုတ် ခဲ့သော်လည်း ပွဲအပြီးတွင်
    အမှတ်ဗလာ သာ ဖြစ်ခဲ့သည်။
    အဲဗာတန် သည် ယခင် အစဉ်အလာ
    များအရ ဘောလုံးရာသီ စတင်တိုင်း ရလဒ်ဆိုးများနှင့် ရင်ဆိုင် ရလေ့
    ရှိသော်လည်း ယခု ကဲ့သို့ အင်္ဂလန် ထိပ်သီး မန်ယူအား အနိုင်ယူ၍ တာထွက်ကောင်း
    ခဲ့သည်။
    mmstriker
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    အားကစားသတင်းများ (ဘောလုံး) Empty Re: အားကစားသတင်းများ (ဘောလုံး)

    Post  လူမိုး Tue Aug 21, 2012 2:50 pm

    မန်ယူနှင့် (၄)နှစ် သက်တမ်း တိုးရန် နီးစပ်နေ သည့် ဝဲဘက်

    မန်ချက် စတာ ယူနိုက်တက် အသင်းသည် လူငယ် တိုက်စစ်မှူး ဒင်နီ ဝဲဘက်အား သက်တမ်းတိုး စာချုပ်ရန် အနီးစပ်ဆုံး ဖြစ်လာပြီဟု သိရှိရသည်။
    [You must be registered and logged in to see this image.]


    အသက် (၂၁)နှစ်ရှိ အင်္ဂလန်
    လက်ရွေးစင်သည် ယခုအခါ အိုးထရက်ဖို့ဒ်တွင် နောက်ထပ် (၄)နှစ် ဆက်ကစားရန်
    စာချုပ်ကို လက်မှတ်ရေးထိုး သွားရန် အသင့် ရှိနေပြီဟု သတင်းများက ဆိုသည်။
    ဝဲဘက်သည် ပြီးခဲ့သည့် ရာသီက မန်ယူ အသင်းတွင် ဦးစားပေး တိုက်စစ်သမား အဖြစ်
    ဝိန်းရွန်နေးနှင့် တွဲဖက် ခြေစွမ်းပြ ခဲ့သူ ဖြစ်သည်။ ယခုနွေ ရာသီတွင်
    အသင်းသို့ ရော်ဘင်ဗန်ပါစီ ရောက်ရှိ လာမှုက ဝဲဘက်၏ ပွဲထွက် ခွင့် အခြေအနေကို
    အထိုက် အလျောက် အကန့်အသတ် ဖြစ်လာစေဖွယ် ရှိသည်။ သို့သော်လည်း ယနေ့
    နံနက်ပိုင်း အဲဗာတန်အား ရှုံးနိမ့်ခဲ့သော် ပွဲစဉ်တွင် ဝဲဘတ်မှာ မန်ယူ ၏ ပထမ
    ပွဲထွက် လူစာရင်း တွင် ပါဝင် ကစားသွား ခဲ့သည်။

    မည်သို့ ပင်ဖြစ်စေ
    မန်ယူ၏ လူငယ် စီမံကိန်းမှ လူလားမြောက် လာသည့် ကစားသမားသည် အသင်းတွင်
    ပျော်ရွှင်စွာ သက်တမ်းတိုး စာချုပ်ရန် ဆန္ဒ ရှိနေကြောင်း သိရသည်။ မန်ယူသည်
    ဝဲဘက်နှင့် စာချုပ် ကိစ္စကို လပိုင်းမျှ ဆွေးနွေး ခဲ့ရပြီး စာချုပ်သစ် အရ
    ကစားသမားသည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၅၀၀၀၀)မျှ ရရှိ မည်ဖြစ်သည်။ ယင်းသည်
    မန်ယူတွင် ၎င်းလက်ရှိ ခံစားနေ ရသည့် လုပ်ခထက် (၃)ဆမျှ မြင့်တက် လာခြင်းလည်း
    ဖြစ်သည်။ မန်ယူသည် ဝဲဘက်၏ စွမ်းဆောင်မှု အလိုက် လုပ်ခ ခံစားခွင့်ကို တစ်ပတ်
    ပေါင်စတာလင် (၇၀၀၀၀)ထိ တိုးမြှင့်ပေး သွားရန်လည်း သဘော တူညီ ထားကြောင်း
    သတင်း များက ဆိုသည်။ ဝဲဘက်သည် မန်ယူတွင် (၃၉)ပွဲ ပါဝင် ကစားကာ (၁၂)ဂိုး
    သွင်းယူပေး ထားသည်။ ၎င်း၏ လက်ရှိ စာချုပ်သည် လာမည့်နွေ ရာသီတွင် သက်တမ်း
    ကုန်ဆုံး မည်ဖြစ်သည်။
    mmstriker
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    အားကစားသတင်းများ (ဘောလုံး) Empty Re: အားကစားသတင်းများ (ဘောလုံး)

    Post  လူမိုး Wed Aug 22, 2012 12:11 pm

    ဖာဒီနန် ၏ စွဲချက် အတွက် လာမည့် ဗုဒ္ဓဟူးနေ့ တွင် နောက်ဆုံး ထား၍ FA မှ ဆုံးဖြတ်ချက် ချသွားမည်

    မန်ယူ အသင်း၏ နောက်ခံလူ ရီယို ဖာဒီနန် မှာ ချယ်ဆီး အသင်း
    နောက်ခံလူ အက်ရှ်လေ ကိုးလ် အား လူမျိုးရေး ခွဲခြားသည်ဟု FA ၏ သံသယ
    ရှိခြင်းကို ခံခဲ့ရာ စွဲချက် အတင် ခံရပြီးနောက် တွင် ပြီးခဲသ့ည့် ရက်ပိုင်း
    အတွင်းက FA နှင့် ဖာဒီနန် တို့မှာ ပုဂ္ဂိုလ်ရေး အရ ကြားနာ စစ်ဆေးမှု
    ပြုလုပ် သွားခဲ့သည်။ အဆိုပါ စစ်ဆေးမှု ပြုလုပ် သွားပြီးနောက် အင်္ဂလန်
    ဘောလုံး အဖွဲ့ချုပ် FA အနေဖြင့် ဖာဒီနန် အား လာမည့် ဗုဒ္ဓဟူး နေ့တွင်
    အစောဆုံး ထား၍ အမှု အတွက် ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း Dail Mail သတင်း
    စာမှ ဖော်ပြ သွား ခဲ့သည်။
    [You must be registered and logged in to see this image.]
    မန်ယူ နောက်ခံလူ ဖာဒီနန်
    သည် ချယ်ဆီး နောက်ခံလူ အက်ရှ်လေကိုးလ် အား ညီ ဖြစ်သူ အန်တန် ဖာဒီနန် ၏
    အမှုတွင် ဂျွန်တယ်ရီ ဘက်မှ ကာကွယ် ထွက်ဆို သွားခဲ့ သဖြင့် မကျေမနပ်
    ဖြစ်ခဲ့ပြီး တွစ်တာ လူမှုရေး ၀က်ဘ်ဆိုက် မှနေ၍ အက်ရှ်လေ ကိုးလ် အား ဝေဖန်
    ခဲ့ပြီး Choc-ice ဟူသော စကားလုံး နှင့် အက်ရှ်လေ ကိုးလ် အား ခိုင်းနှိုင်း
    သုံးစွဲ ခဲ့သဖြင့် FA မှ ဖာဒီနန် အနေဖြင့် အက်ရှ်လေကိုးလ် အား အသား အရောင်
    ခွဲခြားသည့် စကားလုံး အား အသုံးပြု ခဲ့သည်ဟု သံသယ ရှိသဖြင့် ယခုကဲ့သို့
    စွဲချက် တင်ထား ခဲ့ခြင်း ဖြစ်သည်။

    သို့သော် ဖာဒီနန်မှာ
    အဆိုပါ စွဲချက်အား ငြင်းချက် ထုတ်ပြန်ထားပြီး Choc-ice မှာ လူမျိုးရေး
    ခွဲခြား လိုသော အသုံး အနှုန်း မဟုတ်ကြောင်းနှင့် လူမည်း ဖြစ်သည်ကို
    မေ့လျောပြီး လူဖြူ ကဲ့သို့ ပြုမူ နေသည် ကို အက်ရှ်လေ ကိုးလ် အား ထောက်ပြ
    ချင်းသာ ဖြစ်ကြောင်း ဖြေရှင်းချက် ထုတ်ပြန် သွားခဲ့သည်။ ယခု အခါ ဖာဒီနန်၏
    စွဲချက်မှာ ပုဂ္ဂိုလ် ရေး အရ တစ်ဦးချင်း စီ ကြားနာ စစ်ဆေး ခဲ့ပြီး လာမည့်
    ဗုဒ္ဓဟူး နေ့ မတိုင်ခင် FA မှ ဆုံးဖြတ်ချက် ချမှတ် သွားဖွယ် ရှိနေကြောင်း
    သိရသည်။

    Source: dailymail
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    အားကစားသတင်းများ (ဘောလုံး) Empty Re: အားကစားသတင်းများ (ဘောလုံး)

    Post  လူမိုး Wed Aug 22, 2012 12:16 pm

    ဥရောပ အကောင်းဆုံး ဆန်ခါတင် ဆု အတွက် မက်ဆီ ၊ ရော်နယ်ဒို ၊ အင်နီယေစတာ တို့ ပါဝင်လာခဲ့



    ဥရောပ အကောင်းဆုံး ဘောလုံးသမား ဆု ပေးအပ်ရန် အတွက် UEFA ၏
    အကောင်းဆုံး ကစားသမား ရွေးချယ်ရေး အဖွဲ့မှ ကစားသမား စာရင်း ထုတ်ပြန်
    ကြေငြာ ခဲ့ရာ နာမည်ကြီး ကစားသမားများ ဖြစ်သော မက်ဆီ ၊ ရော်နယ်ဒို ၊
    အင်နီယေစတာ တို့ အဆိုပါ စာရင်းတွင် ပါဝင်လာ ခဲ့ကြောင်း သိရသည်။
    [You must be registered and logged in to see this image.]
    သြဂုတ်လ ၃၀ ရက်နေ့
    မိုနာကို တွင် ကျင်းပမည့် အဆိုပါ အကောင်းဆုံး ကစားသမား ရွေးချယ်ပွဲ အတွင်
    ဆန်ခါတင် ရွေးချယ် မှုတွင် နာမည်ကြီး ဘာစီလိုနာ ကစား သမား မက်ဆီ ၊ မက်ဆီ၏
    ကစားဖော် ဖြစ်သော ဘာစီလိုနာ ကစားသမား အင်နီယေစတာ နှင့် ရီးရဲလ် အသင်း
    ကစားသမား ခရစ္စတီယာနို ရော်နယ်ဒို တို့မှာ အဆိုပါ စာရင်း တွင် ပါဝင်လာ
    ခဲ့သည်။

    ယခု စာရင်းတွင်
    ဂျူဗင်တပ် အသင်း ကစားသမား ပီယာလို၊ ဘာစီလိုနာ ကစားသမား ဇာဗီး အစရှိသော ကစား
    သမားများ ပါဝင်လာ ခဲ့ခြင်း မရှိတော့ ပဲ ဘန်ဂါ စီးတီး ကစား သမား
    လက်စ်ဒေးဗီးစ် မှာလည်း ၃၂ ဦးစာရင်း တွင် ပါဝင် ခဲ့သေးသော်လည်း ယခု
    စာရင်းတွင် ပါဝင်လာခဲ့ခြင်း မရှိတော့ပေ။

    Source: espn
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    အားကစားသတင်းများ (ဘောလုံး) Empty Re: အားကစားသတင်းများ (ဘောလုံး)

    Post  လူမိုး Wed Aug 22, 2012 12:18 pm

    အဲဗာတန်နှင့်ပွဲတွင် စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့သည့် နာနီအား မန်ယူ ရောင်းထုတ်ဖွယ်ရှိနေ
    [You must be registered and logged in to see this image.]
    မန်ယူအသင်း အတွင်းလူ
    တစ်ဦးက “အသင်းက နာနီရဲ့ ပြီးခဲ့တဲ့ ရာသီသိမ်း ကာလ ပုံစံမျိုးကို မျှော်လင့်
    ထားတာ မဟုတ် ပါဘူး။ ဒါကြောင့် လည်း သူ့ကို သက်တမ်းတိုး စာချုပ်ဖို့
    အများကြီး မျှော်လင့် ထားတာပါ။ ဒါပေမယ့် တနင်္လာနေ့ ပွဲ ကတော့ ပြန်စဉ်းစား
    ရမယ့် အနေ အထားတွေ ဖြစ်လာစေ တယ်” ဟု ပြောကြား ခဲ့သည်။

    ထိုပွဲတွင် မန်ယူသည်
    ဘယ်ခြမ်း၌ ထူးထူး ခြားခြား စွမ်းဆောင်မှုမျိုး မပြသနိုင် သလို ၎င်း၏ ဖြတ်တင်ဘော
    များသည်လည်း အသင်း၏ တိုက်စစ်ကို လုံးဝ အထောက် အပံ့ မပေးနိုင် ဘဲ ဖြစ်နေ
    ခဲ့သည်။ အသက် (၂၅)နှစ်ရှိ နာနီသည် အသင်းနှင့် (၄)နှစ် သက်တမ်းတိုး စာချုပ်
    ကိစ္စ အဆင်မပြေသေး သည့်အပေါ် စိတ်အနှောင့် အယှက် ဖြစ်နေကြောင်း လည်း သိရသည်။
    နာနီသည် အိုးလ်ထရက် ဖို့ဒ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၉၀၀၀၀) ရရှိနေပြီး
    လက်ကျန် စာချုပ် သက်တမ်း (၂)နှစ် ရှိနေသေး သည်။ ၎င်းသည် စာချုပ်သစ်တွင်
    တစ်ပတ် ပေါင်စတာလင် (၁၃၀၀၀၀) အထက် ရရှိရန် တောင်းဆို ထားသည်။

    ရုရှား ကလပ် ဇင်းနစ်
    စိန့်ပီတာစဘက် သည် နာနီအား စိတ်ဝင် စားနေသော် လည်း မန်ယူက ကစား သမား ၏
    ပြောင်းရွှေ့ကြေး ကို ပေါင်စတာလင် (၂၅)သန်း သတ်မှတ် ထားခြင်းကြောင့် ရှေ့
    တိုးရန် ခက်ခဲနေ ဆဲ ဖြစ်သည်။

    Source:TheSun
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    အားကစားသတင်းများ (ဘောလုံး) Empty Re: အားကစားသတင်းများ (ဘောလုံး)

    Post  လူမိုး Wed Aug 22, 2012 12:20 pm

    ရီးရဲလ်ကွင်းလယ်လူ ဆာဟင်ကို အာဆင်နယ် အငှားခေါ်ယူနိုင် ခဲ့ပြီဟု DailyMail ဖော်ပြ

    အာဆင်နယ် အသင်းသည်
    ရီးရဲလ် ကွင်းလယ် ကစားသမား နြူရီဆာဟင် အား အမြဲတမ်း စာချုပ်နှင့် ခေါ်ယူရန်
    ကြိုးစားမှု မအောင် မြင်ခဲ့သော်လည်း အငှား စာချုပ်ဖြင့် ခေါ်ယူရန် သဘော
    တူညီမှု ရခဲ့ပြီဟု DailyMail တွင် ဖော်ပြ ခဲ့သည်။

    အာဆင်နယ် သည် တူရကီ
    ကွင်းလယ်လူ ဖြစ်သည့် ဆာဟင် ကို အသင်း၏ ကွင်းလယ်တွင် အသုံးပြုရန် အမြဲတမ်း
    စာချုပ်ဖြင့် ခေါ်ယူလိုနေသည်။ အာဆင်နယ် ၏ ကမ်းလှမ်းမှု အရ ဆာဟင် အား တစ်ရာသီ
    အငှား စာချုပ်ဖြင့် ခေါ်ယူမည် ဖြစ်ပြီး စာချုပ် သက်တမ်း ကုန်ဆုံးပါက
    အမြဲတမ်း စာချုပ်ဖြင့် ခေါ်ယူခွင့်ပေးရန် တောင်းဆို ခြင်း ဖြစ်သည်။
    [You must be registered and logged in to see this image.]
    သို့သော်လည်း ရီးရဲလ်
    ကမူ ထိုကဲ့သို့ သဘောတူညီမှု မျိုး ရရှိ လိုပါက ယခု အငှားခေါ်ယူရန်
    ကမ်းလှမ်းမှု တွင်ပင် ဆာဟင် အတွက် လျော်ကြေးငွေ ဖြစ်သည့် စတာလင်ပေါင် ၁၄
    သန်းကို တစ်ပါတည်း ပေးချေရန် အာဆင်နယ်ကို သတိပေး လိုက်သည်။ ယင်း
    တောင်းဆိုမှု သည် အာဆင်နယ် အတွက် ဖြစ်နိုင်ဖွယ် ရာ မရှိတော့ပဲ အငှားဖြင့်သာ
    ခေါ်ယူရန် စီစဉ်ခဲ့သည်။

    သတင်း များက အာဆင်နယ် နှင့် ရီးရဲလ် သည်
    ဆာဟင် အတွက် တစ်ရာသီ အငှား စာချုပ်ကို သဘော တူညီမှု မျိုး ရခဲ့ပြီး ဖြစ်သည်
    ဟု ယူဆဖွယ် ရှိကြောင်း အမြဲတမ်း စာချုပ်ဖြင့် ခေါ်ယူရန် ကြိုးစားနေသော
    အာဆင်နယ်၏ ဆွေးနွေးမှုကြောင့် အပြောင်းအရွှေ့ ကြန့်ကြာနေခြင်း ဖြစ်ကြောင်း
    ဖော်ပြ ခဲ့သည်။ ထို့အပြင် လာမည့် ရက်ပိုင်း အတွင်းပင် ဆာဟင် အာဆင်နယ်သို့
    ရောက်လာမည်ဟု တိတိပပ ခန့်မှန်း ခဲ့ကြသည်။

    ထို့အပြင် အာဆင်နယ် သည်
    ကွင်းလယ်လူ အာရှာဗင် အား ရောင်းချရန် စဦစဉ်နေပြီး ၎င်း ရုရှား ကွင်းလယ်လူ
    အတွက် ပေးချေနေရသည့် တစ်ပတ် ပေါင် ၇သောင်း လုပ်ခ လစာအား ဝန်ထုပ်ဝန်ပိုး
    အဖြစ် ဆက်လက် တာဝန်ယူလိုခြင်း မရှိတော့ဟု ဆိုသည်။

    Source:DailyMail
    လူမိုး
    လူမိုး
    Super Member
    Super Member


    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw

    အားကစားသတင်းများ (ဘောလုံး) Empty Re: အားကစားသတင်းများ (ဘောလုံး)

    Post  လူမိုး Wed Aug 22, 2012 12:24 pm

    မက္ကဆီကိုကွင်းလယ်လူ ဟာရဲရား အား လီဗာပူးလ်နှင့် အပြိုင် ခေါ်ယူဖွယ် ရှိသည့် မန်ယူ

    မန်ချက်စတာ ယူနိုက်တက် အသင်းသည် မက္ကဆီကို ကွင်းလယ်လူ ဟက်တာ ဟာရဲရား အား ခေါ်ယူရန် စီစဉ်လာခဲ့ကြောင်း သတင်းများ ထွက်ပေါ် လာသည်။

    အသက် ၂၂ အရွယ်ရှိ
    ကွင်းလယ်လူ ဟာရဲရား သည် အိုလံပစ်ပြိုင်ပွဲ၌ မက္ကဆီကို အသင်း ချန်ပီယံဆု
    ရခဲ့ရာတွင် အသင်း၏ အဓိက ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး ခြေစွမ်းပြ နိုင်ခဲ့သူ
    ဖြစ်သည်။ ၎င်း အား မန်ယူ အသင်း အပြင် လီဗာပူးလ် အသင်းမှလည်း ချဉ်းကပ်မှု
    ပြုလုပ် ခဲ့ဖူး သည်။ ပက်ချုကာ အသင်း ၏ ကွင်းလယ် ကစားသမား ဖြစ်သူ သည် ၎င်း ၏
    အသင်းမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၀သန်း သတ်မှတ် ခံထားရသူ ဖြစ်သည်။
    [You must be registered and logged in to see this image.]
    ယခု အခါ ပက်ချူကာ၏
    အားကစား ဒါရိုက်တာ ဖြစ်သူ အန်ဒရေ ဖက်စီ က ၎င်း တို့အနေဖြင့် ဟာရဲရား အတွက်
    ယူနိုက်တက်၏ ကမ်းလှမ်းမှု ကို ရရှိ ခဲ့ပြီး ဖြစ်သည်ဟု အတည်ပြု ပြောကြား
    ခဲ့သည်။ “ဟာရဲရား အတွက် တရားဝင် ကမ်းလှမ်းမှု ရရှိ ထားပါတယ်။ ကျွန်တော်တို့
    လက်ထဲကို ကမ်းလှမ်းမှု အနေနဲ့ စာရွက်စာတမ်း တွေကို ရောက်ရှိ ခဲ့ပြီး ပါပြီ။
    ဒါပေမယ့် ဒီ့ထက် တော့ ဘာမှ ပြောနိုင်ခြင်း မရှိသေးပါဘူး။” ဟု ကြေငြာ
    ခဲ့သည်။

    ဇောရိုး ဟု နာမည်ပြောင်
    ရရှိထား သည့် ဟာရဲရား ကို မန်ယူ အသင်း ခေါ်ယူရန် ချဉ်းကပ် ခဲ့ခြင်းမှာ
    ဘရာဇီး တောင်ပံ ကစားသမား လူးကပ်စ်မော်ရာ အား ခေါ်ယူရန် ဆုံးရှုံးခဲ့ခြင်း
    အတွက် ဖြည့်ဆီးမှု ဖြစ်ကြောင်း သတင်းများက သုံးသပ်သည်။

    ဆက်စပ် သတင်းများ အရ
    ယူနိုက်တက် ခေါ်ယူပြီး ဖြစ်သော ချီလီ တိုက်စစ်မှုး အန်ဂျလို ဟင်းနရစ် သည်
    ဗြိတိန် တွင် အလုပ်လုပ်ခွင့် ပါမစ် ရရှိ ခဲ့ပြီး ဖြစ်၍ ယခု နှစ်
    ဘောလုံးရာသီတွင်ပင် ယူနိုက်တက်နှင့် ကစားသွားဖွယ် ရှိသည်ဟု သိရှိရသည်။
    ထို့အပြင် ယူနိုက်တက် အသင်း သည် အေစီမီလန် နောက်ခံလူ မက်ဆက်စ်ကို
    အငှားခေါ်ယူရန် လည်း စီစဉ်ထားသည် ဟု ဗြိတိန် မီဒီယာများ မှ ဆိုသည်။ အသက်
    ၃၀နှစ် အရွယ် ရှိပြီ ဖြစ်သော မက်ဆက်စ် သည် အာဆင်နယ် တိုက်စစ်မှုး ဘန့်နာ၏
    အပြောင်းအရွှေ့တွင် တစိတ်တပိုင်း အဖြစ် ပါဝင် လာဖွယ် ရှိသူဟု သတင်းကြီးနေသူ
    လည်း ဖြစ်သည်။

    Source:DailyMail

    Sponsored content


    အားကစားသတင်းများ (ဘောလုံး) Empty Re: အားကစားသတင်းများ (ဘောလုံး)

    Post  Sponsored content


      Current date/time is Fri Mar 29, 2024 6:18 am