ကျုံပျော်မြို့
Would you like to react to this message? Create an account in a few clicks or log in to continue.
ကျုံပျော်မြို့
ကျုံပျော်သူ / ကျုံပျော်သားတို့ဆုံဆည်းရာ
စာပေမြတ်နိုးသည့် ရွက်နုသစ်တို့အတွက် ကျုံပျော်မြို့နယ် စာရေးဆရာအသင်းမှ စာပေ၀ါသနာရှင် "ရွက်နုသစ်"တို့အတွက် မဂ္ဂဇင်း ထုတ်ဝေပါမည်
2 posters
    လှတောသား ၏ စကားပဒေသာများ
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:21 am
    တစ်ခါကအလွန်ကြွားဝါတက်တဲ့လှတောသားအဖေရဲ့ရှေ့မှာ
    သားဖြစ်သူကသူငယ်ချင်းတွေကို အဖေလဲအပြစ်မတင်အောင်
    ငါတို့အဖေသောက်တဲ့အရက်ပုလင်းကြီးပိတ်နေလို့တုတ်နဲ့ထိုးလိုက်တာ
    အောင်မလေး မြေကြွက်ကြီးတွေနည်းတာမဟုတ်ဘူး အကောင်တစ်ထောင်လောက်ရှိမယ်
    ဆိုပြီး ကြွားလိုက်ရော
    အဲဒါကိုအဖေကမကျေမနပ်ဖြစ်ပြီး သားရဲ့သူငယ်ချင်းတွေပြန်သွားတော့ခြေထောက်နဲ့ကန်ပြီး
    မင်းငါ့သိက္ခာကျအောင်လုပ်နေတာ ကြွားမယ့်ကြွားဆင်နဲ့ကြွားပါလား
    ဆင်အကောင်တစ်သိန်းဆိုတော့ဘာဖြစ်မှာမို့လဲ လို့ပြောလိုက်လေသည်။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:24 am
    ဇတ်ကြမ်းကြီး ကြည့်အပြီး
    လှတောသား တစ်စုသည် မန္တလေးမြို့ တွင် အသသစ်တင်သော ရုပ်ရှင်ကားတစ်ကားကို
    အိမ်ရှင် တိုက်တွန်းသဖြင့် ၀င်ရောက် ကြည့်ရှုကြလေ၏ ။
    နိုင်ငံခြားသားကားမို့  လှတောသားများ သဘောကျလိမ့်မည်ဟု မျှော်လင့်၏ ။ သို့ ရာတွင်
    လှတောသား တစ်ယောက်က......
    " အလိုလေးကွယ် ...ရုပ်ရှင်ကားမှာ လက်သီးနဲ့ ထိုးလိုက်လေ..အစအဆုံး အခါတစ်သောင်း
    ထက်မနည်းဘူး ...ထိုးလိုက်တာ....တကယ်ထိုးရင် အဲဒီလက်သီးဟာ ပုပ်လောက်ပြီပေါ့ကွယ် "
    အော်ကျယ် ဟစ်ကျယ်ပြောတဲ့အတွက် အတူတူထွက်လာ သူတွေ ရယ်မောလေ၏ ။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:25 am
    ဇာဂနာ ဘယ်မှာသုံး
    လှတောရွာ ၀န်းကျင်က လယ်များအနေနှင့် ဆည်ရေ သောက်လယ်တွေ ဖြစ်သည့်အတွက်
    ရေမိုး စိတ်ချရသည် ထင်ရပေသည် ။စပါးသီးနှံ မအောင်မြင်သော နှစ်မရှိဟု ထင်ရသည် ။
    သို့ သော်လည်း ဆည်ရေလည်း မလုံလောက်၊ မိုးလည်းမရွာသည့်နစ်များလည်း ရှိတတ်သည်။
    ထိုအခါ မျိုးရရန်ပင် မနည်းကြိုးစားကြရ၏ ။ ဤ လိုနှစ်တစ်နှစ်တွင် စပါးရိတ်သိမ်းချိန်သို့ ရောက်
    ခဲ့ရာ စပါးပင်များ သေးလှီသဖြင့် ထိုင်ပြီး ရိတ်ကြရ၏ ။ တချို့ လည်း တံဇဉ်လွတ်လေသည် ။
    တံဇဉ်လွတ်သော လယ်သမားတစ်ယောက်သည် မရွှင်မပျလျှောက်လာရင်း နှင့် ထိုင်ပြီးရိတ်နေသူ
    တစ်ယောက်အား မြင်ရသဖြင့် ..
    " အလိုလေးကွယ် .....ဒုက္ခကြီးလိုက်လေ လူရယ် ..တံဇဉ် နဲ့ ရိတ်မနေပါနဲ့  ...ဇာဂနာ နဲ့ သာ
    ဆွဲ ..ဆွဲ နှတ်လိုက်ပါတော့ "
    " အေးကွာ ....ကိုယ့်ပစ္စည်းမို့  နှမြောလို့ သာ ရိတ်နေရတာ ....တကယ်က တူရွင်းနဲ့ သာ
    တူးဖို့ ကောင်းတာ "
    တံဇဉ်လွတ်သူ ရယ်မောသဖြင့် ရိတ်နေသူလည်း ရောယောင် ရယ်မောမိလေသည် ။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:27 am
    ဆောင်းအလှ
    မြေမြို့ သို့ ရောက်နေသော လှတောသားကြီးမှာ နှင်းတွေဝေနေသော
    မေမြို့ ၏အလှကို စူးစမ်းနေသည် ။ ထိုအချိန် အိမ်ရှင်ရောက်လာကာ
    " ဆရာကြီး ညတုန်းက အိပ်ရရဲ့လား တော်တော်ချမ်းနေပြီမှတ်တယ် "
    လှတောသားကြီးမှာ ရပ်ရွာကို ချစ်သူဖြစ်ရာ ၊ လှတောကို ဂုဏ်တင်သည့်
    အနေဖြင့် ဤ လို ကောက်ခါငင်ကာ ဖြေလိုက်သည် ။
    " အလိုလေး ကျုပ်တို့ လှတောမှာ အေးပုံများတော့ ..ညဦးက သောက်
    ထားတဲ့ ရေဟာ မနက်စောစောမှာ ဗိုက်ထဲ ရေခဲတုံးဖြစ်နေလို့  အပေါ့သွား
    ဖို့ တောင်ခက်တယ်ဗျ "
    အိမ်ရှင်မှာ မပြုံးပဲ ၀ါးလုံးကွဲ ရယ်ချ မိလေ၏ ။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:27 am
    ဆင်လည်း မလွတ်
    လူကြီးများ၏ လေကို လိုက်ပြီး..ကလေးများလည်း ကွင်းကနဲ ထင်အောင်ပြောတတ်၏ ။
    ယနေ့ လည်း ဆေးခန်းကြီးကို လူကြီးများက ဧည့်သည်များက လိုက်လံပြသလေရာ
    ကလေးတွေလည်းပါလာ၏ ။လူကြီးတွေနှင့် ဧည့်သည်တွေ လျှောက်ကြည့်နေစဉ်..
    ကလေးအချင်းချင်းပြောနေပုံမှာ..
    " အလိုလေးကွယ် ...ဆေးခန်းကြီးနှယ် ကျယ်လိုက်လေ..ဆင်မိသားစုတောင်
    ကျွမ်းထိုးလို့  ရနိုင်တယ်ကွာ.."
    " အေးကွယ့် ..ဆေးဆိုလို့ နနွင်းမုန့် တောင် မရှိတာတစ်ခုပါပဲ "
    " မပူပါနဲ့ ကွာ....ဟိမ၀န္တာကို ဆေးမြစ်သွားတူးနေပါပြီ "
    တတိယ ကလေးက ၀င်ရောက်စွက်ဖက်လိုက်ပြန်ရာ...
    " ဒီမှာ အမှုထမ်းမဲ့  သားဖွားဆရာမတောင် မူလတန်းကို ရောက်နေပြီကွ "
    ထိုအခါတွင် လူကြီးများမှာ ဧည့်သည်များကို အားနာသဖြင့် ကလေးများကို
    လိုက်လံ နှင်ထုတ်ရလေတော့သည် ။ tongue tongue
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:28 am
    ဆီးဖြူသီးပမာ
    ရွှေဘိုမန်း ကားများသည် တစ်ခါတစ်ရံ အမောင်းပြိုင်ကြ၏ ။ တအားမောင်းလာရာ
    ရုတ်တရက် ရပ်လိုက်မိလျှင် ခရီးသည်တွေ ရှေ့ သို့ ရောက်လာ၏ ။ ခေါင်းနှင့်ဆောင့်
    မိသူ ဆောင့်မိ၏ ။
    တအားမောင်းလာပြီး ဆက်ကာ ဆက်ကာ တအားကွေ့ လိုက်လျှင် ၀ဲဖက်ပြေးတိုက်လိုက်
    ယာဖက်ပြေးတိုက်လိုက်ဖြစ်ရာ သည်းမခံနိုင်တော့သော လှတောသားကြီးမှာ...
    " ကွယ်...ကားသမားတွေရဲ့ ...ခရီးသည်တွေကို လူမှတ်သေးရဲ့လား...ဆီးဖြူသီးတွေကို
    ဆန်ကောထဲ ထည့်ပြီး ကစားနေတာ မှတ်ထင်ရဲ့ .."
    အဖော်လှတောသားကမူ... " ကားနှယ် မောင်းရှာလိုက်လေကွယ် ...သေမင်းလိုက်လာသလား
    မှတ်ရ "
    ပြုံးစိစိဖြစ်နေသော ခရီးသည်များ ၀ါးခနဲ ရယ်ကြလေ၏ ။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:29 am
    ဆီမှုတ်လည်း မနေရ
    လူငယ်လေး တစ်ယောက်သည် ကာတွန်းပဲ ဖတ်မိသလား ..ဦးစံရှား ၀တ္တုပဲ ဖတ်မိသလား
    ဗီဒီယိုပဲ ကြည့်ခဲ့သလားမသိ....အလွန်ရိုးဖြောင့်သော ဆေးတ့ကြီးကို ပါးစပ်တွင် ကိုက်ကာ
    လမ်းသလားနေ၏ ။ ၄င်းကို အိမ်ပေါ်မှ လှမ်းမြင်လိုက်သော လှတောသားကြီးက..
    " အလိုလေးကွယ် ..သူငယ်ရဲ့ ..ငါးကျပ်သားဆီမှုတ် ခွေးချီလာသလားမှတ်ရ "
    ဟု သရုပ်ဖေါ်လိုက်ရာ လူငယ်မှာ ဆေးတံကိုချွတ်ပြီး ထွက်ပြေးလေ၏ ။ အသံလည်းကြား
    ရုပ်လည်းမြင်လိုက်ရသော အိမ်နီးချင်းများမှာ ရယ်၍ မဆုံးတော့ပါ ။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:30 am
    စွန်တောင် တ၀ဲဝဲ
    လှတောရွာက ကုန်တင်ကားတစ်စီး ခရီးသွားရန် ပြင်ဆင်နေရာ
    အလွန်လေးလံသော မိုးကာကြီးကို မနိုင်မနင်းမပြီး ရွေ့ ပြောင်းနေကြသည် ။
    ရှေ့ ကမီလျှင် နောက်ကလွတ် ၊ နောက်ကမီလျှင် ရှေ့ ကလွတ် ၊ ဘေးနှစ်ဖက်မှာ
    တလွင့်လွင့် ဖြစ်နေ၏ ။ လယ်တောမှ ပြန်လာသော လှတောသားကြီး တစ်ယောက်
    သည် အတူုပါလာသော သူများအား ၄င်းမိုးကာဖြစ်နေပုံကို ပါးစပ်နဲ့ သရုပ်ဖေါ်လိုက်
    ပုံမှာ.....
    " အလိုလေးကွယ် ....ကားသမားတွေ အမိုးမိုး နေလိုက်ပုံနှယ် ..ဇတ်ခုံပေါ်မှာ
    မင်းသမီး ထမီခတ်ပြီး ကနေသလားမှတ်ရ...စွန်တောင်တ၀ဲဝဲ နဲ့  "
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:30 am
    စိတ်နှင့် ငါနှင့် ညစ်ပုံများ
    လှတောသူ တစ်ယောက်မှာ အပေါင်းအသင်းမှားပြီး
    မော်လမြိုင် ရထားနှင့် ကူးသန်းရောင်းဝယ်ရန် လိုက်ပါသွားမိသည်။
    ရန်ကုန်ရှိ အေးဆေးသော မိတ်ဆွေများထံပြန်ရောက်သောအခါ
    ညည်းတွားပုံမှာ ....
    " အစ်မရေ..မီးရထား တစ်စင်းလုံး ခြေချစရာ မရှိဘူး..အိမ်သာသွား
    ချင်လို့ လည်း မရ ..အိမ်သာကို အိမ်လုပ်ပြီး အပိုင်စားနေရာယူထားတဲ့ 
    လူက တစ်မျိုး ၊ အချင်းချင်း ရန်ဖြစ်ကြတာက တစ်မှောင့် ၊ ခေါင်မိုးပေါ်က
    တစ်မျိုး ၊ ရထားပေါ်က ခုန်ဆင်းပြီး ခြေကျင်လျောက်သွားချင်စိတ်ပေါက်
    လာတယ် ၊ စိတ်ညစ်လိုက်ပုံများ ဒေ၀ဒဒ် ငရဲ ခံနေရတာတောင် ကျွန်မလောက်
    ဆိုးမယ်မထင်ဘူး "
    အိမ်ရှင်များ ကြားဖူးနားဝ ရှိသဖြင့် ပြုံးရယ် နေမိကြသည် ။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:31 am
    စောင်လည်းမနေရ
    နေမြင့်သည် အထိလှတောသားကြီးမှာ အိပ်ယာမှမထသေးချေ ။
    ဧည့်သည်ရောက်လာသောအခါ ဧည့်သည်က နှိုးရသည် ။
    " အိပ်လှချည်လား လူရ "
    " ကောင်းကောင်း အိပ်လို့ မပျော်လို့ ပါ ..စောင်နည်းနေလို့ ဆိုပြီး
    စောင်တစ်ထည် ၀ယ်ခဲ့ပါတယ်ဆိုတာ..၀ါးထရံကြီး ၀ယ်လာတယ် ။
    အဲဒါကြီး ခြုံအိပ်တော့ အိပ်ပျော်တုန်း လှုပ်လိုက်မိတာနဲ့ ဝါးထရံက
    ကလိထိုးလိုက်နဲ့  ဘယ်မှာကောင်းကောင်း အိပ်ရမလဲ "
    ဧည့်သည်မှာ အကြောင်းသိဖြစ်သော်လည်း မရယ်ပဲ မနေနိုင်ပေ ။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:32 am
    စက်မဲ့ယာဉ်၏ မြန်နှန်း
    လှတောမှ ၀က်လက်သို့ လာသော ခရီးသည်တင် ဘတ်စ်ကားမှာ
    ကျင်းတွေ့ လျှင် ဘရိတ်အုပ်ရသည်။ ချိုင့်တွေ့ လျှင်ဘရိတ်အုပ်ရသည်။
    စက်ကမကောင်း လူကအပြည့်မို့ အလွန်နှေးသည်။
    အရေးတကြီးရှိနေသော လှတောသား တစ်ယောက်မှာ နာရီတကြည့်ကြည့်
    ဖြစ်နေရာက စိတ်မရှည်ပြောလိုက်ပုံမှာ
    " နှေးလိုက်လေ ကွယ်ရို့ ....ကတ္တားကို စီးသွားတာမှ မြန်လိမ့်ဦးမယ် "
    ကုန်ပစ္စည်းချိန်တွယ်ရာတွင် အသုံးပြုသော ကတ္တားမှာ ဘီးလေးခုနှင့်
    ခုံပါသောကြောင့် စီးတော်ယာဉ်အဖြစ်ပြောလိုက်ခြင်းဖြစ်ရာ..ခရီးသည်တိုင်း
    သဘောကျသွားသလောက်..ကားသမားမျက်နှာသေးငယ်လှသည်။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:32 am
    စိုးရိမ်စရာ
    တခြားရပ်ရွာမှ လှတောရွာသို့ လာရောက်အလုပ်လုပ်ကိုင်ရင်း
    ရွာမပြန်နိုင်သူများရှိကြသည်။ တချို့ ကလည်း လှတောရွာရဲ့
    ရေမြေသဘာဝကောင်းတာ..အလုပ်အကိုင်ပေါတာကို နှစ်သက်လို့ 
    မပြန်ကြခြင်းဖြစ်သည်။ အချို့ ကတော့ ချစ်သူကြင်သူ တွေ့ နေလို့ 
    ဖြစ်ပေသည်။
    လှတော့သူနှင့် ရနေသော တစ်ရပ်သားတွေထဲက တစ်ယောက်မှာ
    တော်တော်ရိုးသည်။ အေးလည်းအေးသည်။ သည့်အတွက်
    ယောက္ခမ အသိုင်းအ၀ိုင်းက နှိမ်သည် ။ မယားကလည်း အလွန်နိုင်သည်။
    သည့်အတွက် ထိုလူမယားကြောက်ရပုံကို လှတောသားတစ်ယောက်က
    အရက်ဝိုင်းတွင် တင်စားပြောပုံမှာ...
    " အလိုလေးကွယ် ...မယားနဲ့ မယားမျိုးတွေကို ကြောက်ရပုံများတော့
    ခေါင်းညိတ်နေလို့  ပါးစပ်ပါရဲ့လားလို့ ထင်ရ...ပြန်ပြောခွင့်မရလို့ ကြာရင်
    မေးခိုင်ရောဂါစွဲမှာလား လို့ စိုးရိမ်ရတယ်ကွဲ့  "
    အရက်သမားများ အတောမသတ်အောင်ရယ်မောကြလေသည်။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:34 am
    ငါးတင်းဝင်ပုတ်ကြီး
    လှတောသား ဈေးဆိုင်တန်းတွင် မိန်းမတစ်စု အတင်းပြောနေကြသည်။
    ပြောနေသော အကြောင်းမှ ကားပေါ်မှ ဆင်းသွားသော လှပကြော့ရှင်းသည့်
    အသက် နှစ်ဆယ်အရွယ် မိန်းကလေး တစ်ယောက်အကြောင်း ဖြစ်ပေသည်။
    " ရုပ်ကလေးကတော့လှပါရဲ့ ၊ အကျင့်တန်ပုံကတော့ တက်နင်းလည်း စူး..
    နမ်းလည်းစူးတဲ့  ဒူးရင်းသီးအခွံလား မှတ်ရ "
    " အေးလေ ..သူယူပြီး ပစ်ထားတဲ့ ယောက်ျားတွေကို တင်းတောင်းနဲ့ လိုက်ကောက်ပြီး
    စုထားလိုက်ရင် င့ါတင်းဝင် ပုတ်နဲ့ တောင်ဆံ့မယ်မထင်ဘူး "
    " များလိုက်တာနော် " ဟုဆိုကာ အမျိုးသမီးများ ခပ်အုပ်အုပ် ရယ်ကြသည်။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:34 am
    ငရုတ်ပင်၏ အလှ
    မြေလွတ်ကလေး အနည်းငယ်ရှိသဖြင့် ရေသွန်သည့်နေရာမှ ငရုတ်ပင်လေးတွေ
    ရွေ့ ပြီး စိုက်ထားရာ..အပင်လည်းကောင်းသည် အသီးလည်းသီးသည်။
    " ငရုတ်ပင်တွေနော်..ကောင်းလိုက်တာ ပန်ချာပီ မုတ်ဆိတ်မွှေးလား မှတ်ရ.. "
    ဤသို့  သွားလာရင် ချီးမွမ်းသွားသူများ ရှိသလို ..
    " အ--ိုးလေးကွယ့် ...ငရုတ်ပင်နှယ် ..သီးရှာလိုက်လေ..အဂုင်္လိမာလာရဲ့
    လက်ညှိုးပန်းကုံးတွေလား မှတ်ရ..."
    ရပ်ပြီး ပြောသူများလည်း ရှိရာ..အခင်းရှင်က.
    " ငရုပ်ပင်မို့ လို့ ပေါ့ကွယ်...သမီးမိန်းကလေးသာဆိုရင် ပါသွားတာကြာပြီ "
    အိမ်နီးချင်းများမှာ ရယ်မောနေကြရလေသည်။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:35 am
    ဂေါ်ဇီလာ တစ်ထောင်
    ဆံပင် ညှပ်ဆိုင်အတွင်း ၀င်လာသည်ကစပြီး ..ဆံပင်ညှပ်ထိုင်ခုံပေါ်တွင် ထိုင်သည်အထိ
    ငိုနေခဲ့သည့် ကလေးသည်..ဆံပင်ညှပ်ချိန်တွင် တအားငိုလေသည်။ ခေါင်းကို ယမ်းသည်။
    အာခေါင်ကို ခြစ်ပြီးငိုသည်။ လက်နှင့်လည်း ပုတ်သေးသည်။ ဆံသဆရာမှာ မငြင်းသာလို့ သာ
    ညှပ်ပေးရပေမဲ့  စိတ်ညစ်ပါသည်။ သည့်အတွက် ဆံပင်ညှပ်အပြီးမှာ လှတောသား ပီပီ
    ပြောမိတာကတော့..
    " မင်းသားကို ဆံပင်ညှပ်ပေးတာထက် ဂေါ်ဇီလာ တစ်ထောင်ကို ဆံပင်ညှပ်ပေးချင်
    သေးတယ်ကွာ "
    ကလေး၏ ဖခင်သည် စိတ်မဆိုးသည့်အပြင် ရယ်ကာမောကာထွက်သွားသည်..သူ့ ကလေး
    ကလည်း ဆိုးသည်မဟုတ်လား။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:35 am
    ချွေတာရေး စကား
    လှတောသား အများစု သည်ခေတ်မီကြသည်။ ဗဟုသုတလည်း ပြည့်ုစုံကြ၏။
    သည့်အတွက် သူတို့ ၏ စကားများတွင် ပုံဂံ ပျူစောထီးမှ..သီပေါမင်းအထိ
    ပါဝင်သလို လူနာသွင်းသော စလိုင်းမှ အာကာသယဉ် အထိပါဝင်လေသည်။
    သို့ သော်လည်း ထိုဦးကြီးမှာကား အယူသီး၍ ရှေးလည်း ဆန်သည့်အတွက်
    မော်တော်ဆိုင်ကယ်ကို မြင်လျှင်
    " နိမိတ်မရှိလိုက်ကွယ်ရို့  ...မြည်သံကို က ဖွတ်ဖွတ်တဲ့ ...ဓါတ်ဆီဖိုးကလည်း
    တဖွတ် တမတ်လောက်ကျမှာ...အဲဒါကြောင့် ဆိုင်ကယ်ဝယ်စီးတဲ့ သူဟာ
    ဖွတ်တက်သလို မွဲတတ်သကွဲ့ ...နိမိတ်မကောင်းဘူး."
    သူ့ အပြောကို သဘောကျသူများ ရယ်မောကြသည်။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:36 am
    မြောက်ပိုင်းမှ တညလုံးဖွင့်သော အသံချဲ့ စက်မှာ လင်းသည့်အထိမရပ်မနားသေးပါ။
    အသံကလည်း လျော့မသွားသေးပါ။ သောင်ပြင်ရပ်သား တစ်ယောက်ဟာ မုန့် တီဆိုင်
    သို့ ရောက်နေလေသည်။ သူသည် အသံချဲ့ စက်ဒဏ်ကို တညလုံး ခံရသည့်အတွက်.
    ဒေသသံနှင့် ..
    " အသုဘ ကလည်း ငိုတာတောင် အသံချဲ့ စက်နဲ့ ပါလား ..နားညီးလိုက်လေ "
    ထိုအခါ ဆိုင်ရှင်က " အလှူရှင် ကြားသွားအုန်းမယ်နော်..ကင်ပွန်းတပ်တာဟဲ့  "
    " အလိုလေးကွယ်..ငါ့ ပြားစေ့ အပွန်းကို အစိတ်တရာစိပ်ပြီး လူတွေကို မသဒ္ဒါရေစာ
    ကျွေးတဲ့ ကင်ပွန်းတပ်က အသံချဲ့ စက်ကျတော့ မဟာစွန့် စားခန်းကြီးနဲ့ သုံးလေးဆယ်
    ပေးငှါးထားပါကလား "
    သူ့ နည်းတူ အသံချဲ့ စက်ကို ရွ့ံနေသူတိုင်း ရယ်မော မိကြသည်။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:37 am
    ချီးမွမ်း ခြေထောက်
    လှတော ဘောလုံးအသင်းနဲ့ ဝက်လက် ဘောလုံးအသင်း ခြေစမ်းပွဲကစကားရာသို့ 
    လှတောသားတွေ အများအပြား လာရောက် အားပေးကြသည်။ ၀က်လက်ဘောလုံး
    သမား တစ်ယောက်၏ ကြီးမားသော ကိုယ်ခန္ဒာကြီး နှင့် တုတ်ခိုင်သော ပေါင်တံကြီးကို
    သတိပြုမိသော လှတောသား တစ်ယောက်က
    " အလိုလေးကွယ် ..တုတ်လိုက်တဲ့ ပေါင်တံကြီးတွေ ..ဘုန်းကြီးကျောင်းအိုက
    ကျောင်းတိုင်ကြီးတွေလား မှတ်ရ "
    " တုတ်လိုက်တဲ့ ခါးကြီးကလည်း ပီပါပေါ်က အုန်းသီးအတိုင်းပဲ "
    တစ်ယောက်က စလိုက်လျှင် နောက်တစ်ယောက်က ဖြည့်စွက်သဖြင့် တတိယလူက
    " သေတဲ့ အခါ တီကောင်တွေ သဘောကျတာ ဒီ ကိုယ်လုံးမျိုးပေါ့ " ဟု နိဂုံးချုပ်
    လိုက်ရာ အုန်းခနဲ ရယ်သံကြီး ပေါ်ထွက်လာလေ၏ ။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:37 am
    ခိုင်ပုံခံ့ပုံ
    ကိုယ်တိုင်ပျစ်၍ ရောင်းသော လှတောသားထံမှ သက်ကယ်
    ထပ်မံ ၀ယ်ယူရန်ရောက်ရှိလာသည်။
    " ဈေးလျော့ဦးဗျာ..သုံးလေးရက်တုန်းက ..၀ယ်သွားတဲ့ 
    ခင်ဗျား သက်ကယ်တွေက တော်တော်ညံ့တာပဲ..လိပ်ပြာ
    နားတာတောင် ပေါက်ထွက်သွားတယ် "
    လှတောသား အချင်းချင်းကို ဤလိုပြော၍ မရပါ..သက်ကယ်
    ရောင်းသူချက်ချင်းတုံ့ ပြန်ပုံမှာ..
    " မတော်တာတွေ လာမပြောနဲ့ ငါ့လူ..င့ါ သက်ကယ်မိုးထားတဲ့ အိမ်မိုးတွေ
    ခိုင်ပုံများ ..လေယာဉ်ပျံတောင် အရေးပေါ် ဆင်းနားလို့ ရတယ် "
    သက်ကယ် ကုန်ကြမ်းလာပို့ သူတွေကြားတော့ ဟားတိုက်ရယ်ကြသည်။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:40 am
    ခိုဝင်စား၍ ဖျား
    ရပ်ရွာတွင် ကုသ၍ မရသော လုမမာမှာ ဆေးရုံတင်ပြီး နောက်
    ယခုမှ စိတ်အေးသွားဟန်ရှိသော လှတောသား တစ်ယောက်က
    သူ၏ လူနာအကြောင်းကို ပြောပြပုံမှာ ..
    " အလိုလေး..ညည်းလိုက်ပုံများ ခိုအကောင်တရာ တပြိုင်တည်း
    အညည်းပြိုင်နေကြသလားမှတ်ရ...ကြာတော့ ကိုယ်ပါကွေးပြီး
    သူညည်းသလို ညည်းချင်စိတ်ပေါက်လာတော့တယ် "
    ဆေးရုံမှ လူများမှာ အတောမသတ်အောင် ရယ်မောမိကြလေသည်။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:40 am
    ခဲက ပျော့လို့ ထင်ပါ့
    လှတောမှ ၀က်လက်သို့ သွားသော ကားလမ်းသည် အလွန်ဆိုးသည်ဟု
    နာမည်ကြီးသည်။ ကျင်းတွေ .ချိုင့်တွေ ..မြောင်းတွေနဲ့ လူကို ကိုင်လှုပ်သည်။
    ကိုင်ဆောင့်သည်။ ရှေ့ နောက် ယိမ်းထိုးအောင်လှုပ်ခါပေးသည်။
    သည့်အတွက် " လှတောဝက်လက်လမ်းကတော့ ကျောက်ခဲစားသွားတာတောင်
    အစာကြေသတဲ့  "
    တလောကတော့ ရွှေဘိုမန်းကားပေါ်တွင် ရပ်ဝေးမှ ခရီးသွားတစ်ယောက်က
    ကြားဖူး နားဝရှိသော ဤ စကားကို ထပ်မံရွတ်လိုက်ရာ..ကားပေါ်တွင် ပါလာသော
    လှတောသားက ..
    " ခင်ဗျားကျောက်ခဲက ပျော့လို့ ထင်ပါ့ဗျာ..အလိုလေး အခုများ ပေတံကို ချခင်းထား
    သလားမှတ်ရ..ကောင်းလိုက်တဲ့ လမ်း "လို့  ပြန်လည်ချေပလိုက်ရာ..ခရီးသည်များမှာ
    ရယ်နေရလေ၏။
    လူမိုး
    လူမိုး
    Super Member
    Super Member
    Posts : 215
    Join date : 2012-08-17
    Age : 29
    Location : KyonPyaw
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လူမိုး Sat Aug 18, 2012 10:41 am
    ခလောက် နှင့် ဆင်တော်
    အခမ်းအနားတစ်ခုတွင် ကျွေးမွေးသော ထမင်းဝိုင်းမှာ ဖြစ်သည်။ ထမင်းစားသူများထဲတွင်
    ဆန်ကောင်းစားသော လှတောသား လယ်သမားကြီးများ ပါဝင်ရာ..ချက်ထားပုံမကောင်း
    သဖြင့် အမြင်မလှသော ထမင်းများကို မြင်သည့်အတွက် လှတောသားကပြော၏ ။
    " အမယ်လေးကွယ် ထမင်းရဲ့ ..ရေငတ်နေတဲ့ မုန်လာဥလား မှတ်ရ ..ပွယောင်းယောင်းနဲ့ "
    ထို အခါထမင်းချက်တာဝန်ခံက " ခင်ဗျားတို့ အပေါ်စေတနာပိုပြီး အုန်းထမင်းချက်ထားတာပါဗျာ ..
    ဆန်က အဟောင်းမို့ လို့ ညစ်ထပ်ထပ်နဲ့ အမြင်မလှတာပါ "
    သည့်အတွက် လှတောသား မှတ်ချက်ချလိုက်ပုံမှာ " အလိုလေးဗျာ ..ဒီ ဆန်မျိုး နဲ့  အုန်းထမင်း
    ချက်ရတယ်လို့ ...တရားသူကြီး နဲ့  ရာဇ၀တ်သားကို လက်ထိပ်တစ်ခုတည်းမှာ အတူတူတွဲပြီး
    ခတ်ထားသလား မှတ်ရ....ကြည့်လို့ အမြင်မတော်လိုက်လေကွယ်ရို့ "
    လျှပ်စီး
    လျှပ်စီး
    Newbie Member
    Newbie Member
    Posts : 9
    Join date : 2012-08-18
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  လျှပ်စီး Mon Aug 20, 2012 7:12 pm
    မြို့တစ်မြို့မှာ ပန်းပဲလုပ်တဲ့အိမ်နဲ့ ပန်းတဉ်း လုပ်ငန်းလုပ်တဲ့ အိမ် နှစ်အိမ်ကြားမှာ အေးအေးဆေးဆေး နေတက်တဲ့လူရဲ့ အိမ်တစ်အိမ်ရှိပါတယ်ခင်ဗျာ...............
    ကြာလာတော့ အေးအေးဆေးဆေး နေတဲ့လူက နားမခံနိုင်တော့ဘဲနဲ့ သူတို့နှစ်ယောက်ကို အိမ်ပြောင်းဖို့ တိုက်တွန်းခဲ့ကြတယ်။ အဲ့ဒါနဲ့ ပန်းပဲလုပ်တဲ့အိမ်ကလူကလဲ ပြောင်းမယ်တဲ့၊ နောက် ပန်းတဉ်းလုပ်တဲ့အိမ်ကလူကလဲ ပြောင်းမယ်လို့ ကတိပေးခဲ့ပါတယ်။ သူတို့ ပြောင်းတော့ညမှပေါ့
    အေးအေးဆေးဆေးနေတက်လူက ၀မ်းသာလွန်းလို့ သူတို့ကို ညစာဖိတ်ကြွေကြပါတယ်။ ညစာစားပြီးတော့ မင်းတို့ ဘယ်မှာပြောင်းနေမှာလဲလို့ဆိုတော့
    သူအိမ်နဲ့ ကျွန်တော် အိမ်နဲ့ ပြောင်းနေမယ်တဲ့ဗျာ.........................
    Sponsored content
    လှတောသား ၏ စကားပဒေသာများ  Empty Re: လှတောသား ၏ စကားပဒေသာများ
    Post  Sponsored content
      Current date/time is Fri Mar 29, 2024 4:15 am